What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 June 2017 10:33

မင်းကွတ်သီးရဲ့ စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးအာနိသင် (၅) မျိုး

မင်းကွတ်သီးရဲ့ စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးအာနိသင် (၅) မျိုး Google.com

မင်းကွတ်သီးဟာ ဒူးရင်းသီးနဲ့အတူ တွဲဖက်စားသင့်တဲ့ သစ်သီးဖြစ်ပြီး ဒူးရင်းသီးဟာ အတက်စာဖြစ်တယ်၊ မင်းကွတ်သီးကတော့ အကျစာဖြစ်တယ်။

ထို့ကြောင့် ဒူရင်းသီးစားပြီး မင်းကွတ်သီးစားလိုက်တာနဲ့ ခေါင်းမူးတာ၊ သွေးတိုးတာ၊ နောက်ကျောတက်တာ ပျောက်သွားစေနိုင်တယ်။

၁. မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။

အသက်အရွယ်အရ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမား ရောဂါကို မင်းကွတ်သီးစားခြင်းနဲ့
ကာကွယ်နိုင်ပါတယ်။ ထို့ကြောင့် မှတ်ဥာဏ်မထိခိုက်အောင် ပုံမှန်အစားအစာထဲမှာ မင်းကွတ်သီးကို
မဖြစ်မနေ စားသုံးသင့်ပါတယ်။

၂. ကင်ဆာရောဂါကို ကာကွယ်တိုက်ဖြတ်ပေးနိုင်တယ်။

မင်းကွတ်သီးဟာ ဗီတာမင် C အပါအ၀င် အမျှင်ဓာတ်နဲ့ အခြား အကျိုးပြုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

READ - သရက်သီး စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုး (၇)မျိုး

၃. ကယ်လိုရီပါမှု နည်းပါးလို့ ကျန်မားရေးအတွက် သင့်တော်ပါတယ်။

လူခန္ဓာကိုယ်မှာ ကယ်လိုရီပမာဏများရင် များသလောက် ကျန်မားရေးအတွက် လုံးဝမကောင်းပါဘူး။ ကယ်လိုရီ ပမာဏများလာတာနဲ့အမျှ လောင်ကျွမ်းမှုလည်း နည်းသွားပြီး လူကို ဘေးထွက်ဆိုးကျိုးတွေ ရရှိလာစေမှာပါ။ မင်းကွတ်သီးမှာတော့ ကိုလက်စထရောဓာတ် လုံးဝမပါဘဲ မင်းကွတ်သီး 100 ဂရမ်မှာ ကယ်လိုရီ 63% သာ ပါဝင်ပါတယ်။

၎. ဗီတာမင်မင် C ကြွယ်ဝတဲ့ အစားအစာတွေ များများ စားပေးပါ။

ဗီတာမင် C ဟာ ဖျားနာခြင်းမှသည် ကင်ဆာရောဂါအထိ ကာကွယ်ကုသပေးနိုင်တဲ့ ဓာတ်ဖြစ်ပါတယ်။ မင်းကွတ်သီး 100 ဂရမ်မှာ ဗီတာမင် C 12% ပါဝင်ပါတယ်။

၅. သွေးလည်ပတ်မှု စနစ်ကို ကောင်းစေပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်တယ်။

သွေးလည်ပတ်မှု ကောင်းမွန်ဖို့အတွက် သွေးကြောထဲမှာ ပိတ်နေတဲ့ အဆီခဲတွေ၊ သွေးတွင်းအဆီ ပါဝင်မှု ပမာဏ၊ သွေးတွင်း ကိုလက်စထရောပါဝင်မှု အတိုင်းအဆတွေကို ကောင်းကောင်း လျှော့ချနိုင်မှ သွေးလည်ပတ်မှု ကောင်းမွန်စေတာ ဖြစ်ပါတယ်။

မင်းကွတ်သီးကို ပုံမှန်စားပေးရင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အခြေအနေမှာ ထိန်းပေးနိုင်ပါတယ်။

READ - သလဲသီးရဲ့ ကျန်းမာရေး အကျိုးအာနိသင် (၉) မျိုး

Source: shwemom

Read times Last modified on Wednesday, 21 June 2017 15:08
Rate this item
(3 votes)