What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 January 2020 12:58

သံဝရ အမှတ်တံဆိပ် လေနိုင်ချက်ဆေး(ချက်ဆေး)အား ဒုတိယအကြိမ် ဓါတ်ခွဲရန် အကြောင်းကြားခြင်း

၁။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားသောဆေးများအား သက်ဆိုင်ရာဆေး သက်တမ်းများအလိုက် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ သုတေသန ဓာတ်ခွဲခန်း၌ Shelf Life စစ်ဆေးရာတွင် သံဝရ အမှတ်တံဆိပ် လေနိုင်ချက်ဆေး (ချက်ဆေး)၏ ထုတ်လုပ်ရက်စွဲမှာ (၂-၂-၂၀၁၉) ဖြစ်ပြီးသက်တမ်းကုန်ရက်စွဲမှာ (၂-၂-၂၀၂၀) ဖြစ်၍ ဆေးသက်တမ်း (၁)နှစ် ဖြစ်သော်လည်း (၃-၁-၂၀၂၀)ရက်နေ့တွင် (၁၁)လပြည့်ဆေးသက်တမ်း စစ်ဆေးရာ၌ မှိုများပေါက် နေကြောင်းတွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ အဆိုပါဆေး၏ ဆေးသက်တမ်းအား ထပ်မံစစ်ဆေးနိုင်ရန်အတွက် ဆေးနမူနာ(၂၄)ဘူး နှင့်တကွ ပိုင်ရှင်(သို့)ကြီးကြပ်သူမှ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဒုတိယအကြိမ် ဓါတ်ခွဲစစ်ဆေးနိုင်ရန် အကြောင်းကြားပါသည်။

 

၃။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက် အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Image may contain: text

Department of Traditional Medicine

 

(Zawgyi)

သံဝရ အမွတ္တံဆိပ္ ေလႏိုင္ခ်က္ေဆး(ခ်က္ေဆး)အား ဒုတိယအႀကိမ္ ဓါတ္ခြဲရန္ အေၾကာင္းၾကားျခင္း

 

၁။ တိုင္းရင္းေဆးဝါးမွတ္ပုံတင္(အသစ္) ေလွ်ာက္ထားေသာေဆးမ်ားအား သက္ဆိုင္ရာေဆး သက္တမ္းမ်ားအလိုက္ သုေတသနႏွင့္ဖြံ႕ၿဖိဳးေရးဌာနခြဲ၊ တိုင္းရင္းေဆးပညာဦးစီးဌာန၏ သုေတသန ဓာတ္ခြဲခန္း၌ Shelf Life စစ္ေဆးရာတြင္ သံဝရ အမွတ္တံဆိပ္ ေလႏိုင္ခ်က္ေဆး (ခ်က္ေဆး)၏ ထုတ္လုပ္ရက္စြဲမွာ (၂-၂-၂၀၁၉) ျဖစ္ၿပီးသက္တမ္းကုန္ရက္စြဲမွာ (၂-၂-၂၀၂၀) ျဖစ္၍ ေဆးသက္တမ္း (၁)ႏွစ္ ျဖစ္ေသာ္လည္း (၃-၁-၂၀၂၀)ရက္ေန႔တြင္ (၁၁)လျပည့္ေဆးသက္တမ္း စစ္ေဆးရာ၌ မႈိမ်ားေပါက္ ေနေၾကာင္းေတြ႕ရွိရပါသည္။

 

၂။ သို႔ျဖစ္ပါ၍ အဆိုပါေဆး၏ ေဆးသက္တမ္းအား ထပ္မံစစ္ေဆးႏိုင္ရန္အတြက္ ေဆးနမူနာ(၂၄)ဘူး ႏွင့္တကြ ပိုင္ရွင္(သို႔)ႀကီးၾကပ္သူမွ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ ဒုတိယအႀကိမ္ ဓါတ္ခြဲစစ္ေဆးႏိုင္ရန္ အေၾကာင္းၾကားပါသည္။

 

၃။ ဤစာထုတ္ျပန္သည့္ ေန႔ရက္မွစတင္၍ (၃)လအတြင္း သက္ဆိုင္ရာ လိုအပ္ခ်က္မ်ားကို ေပးပို႔ ေဆာင္႐ြက္ရန္ ႏွင့္ ဗဟိုတိုင္းရင္းေဆးဝါးႀကီးၾကပ္ေရးေကာ္မတီအစည္းအေဝး (၃/၂၀၁၉) ဆုံးျဖတ္ခ်က္ အရ (၆)လအတြင္း ေပးပို႔ေဆာင္႐ြက္ျခင္းမျပဳပါက ပယ္ဖ်က္မည္ျဖစ္ၿပီး ပယ္ဖ်က္ၿပီးပါက မွတ္ပုံတင္/ လိုင္စင္မ်ားပ်က္ျပယ္ေၾကာင္း ေၾကညာမည္ျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္။

Image may contain: text

Department of Traditional Medicine

Read times
Rate this item
(0 votes)