What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 February 2020 11:55

Dialysis - ကျောက်ကပ်ဆေးခြင်း ဆိုင်ရာ သိမှတ်ဖွယ်ရာများ အပိုင်း (၁)

Dialysis ကျောက်ကပ်ဆေးတာကို အလွယ်ပြောရမယ်ဆိုရင် ပျက်ဆီးသွားတဲ့ ကျောက်ကပ်တွေ အလုပ်လုပ်ဆောင်နိုင်ဖို့ သွေးထဲမှာ စုပုံလာတဲ့ အညစ်အကြေး တွေကို သန့်စင်အောင် ပြုလုပ်ပြီး ၊ ပိုလျှံလာတဲ့ ဆား နဲ့ ရေဓာတ်တွေကို ဖယ်ရှားပေးတာကို ကိုယ်စား လုပ်ဆောင်ပေးရတာဘဲ ဖြစ်ပါတယ်။

ကျောက်ကပ်ဆေးတာမှာ နည်းလမ်း ၂ မျိုးရှိပြီး တစ်မျိုးကတော့ Hemodialysis (HD) လို့ ခေါ်တဲ့ သွေးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း နဲ့ Peritoneal dialysis (PD) လို့ခေါ်တဲ့ ဝမ်းဗိုက် အမြှေးပါးကိုအသုံးပြု၍ ကျောက်ကပ်ဆေးခြင်း စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

 

သွေးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း (Haemodialysis/HD)

ဒီကျောက်ကပ်ဆေးနည်းဟာ မြန်မာပြည်မှာအလုပ်အများဆုံးပါ။ တစ်ပတ်ကို ၃ကြိမ်၊ တစ်ခါဆေးရင် ၃-၄ နာရီအချိန်ပေးရပါတယ်။ မြန်မာပြည်မြို့ကြီးတွေတော်တော်များများမှာ ဆေးလို့ရနေပါပြီ။ အကုန်အကျများတဲ့အတွက် တစ်ပတ်ကို ၂ကြိမ်တောင် အနိုင်နိုင်ဆေးနေရတယ်လို့လဲ ကြားရပါတယ်။ ဒီနည်းနဲ့ ကျောက်ကပ်ဆေးတော့မယ်ဆိုရင် ကျောက်ကပ်ဆေးဖို့မလိုမှီ အနည်းဆုံး ၃-၄လလောက်ကတည်းက ကြိုပြီး fistula လို့ခေါ်တဲ့ သွေးကြောမွေးရပါတယ်။

 

သွေးကြောမွေးတယ်ဆိုတာ ကိုယ့်ရဲ့ လက်ကောက်ဝတ်အပေါ်၊လက်မောင်းအောက် သင့်တော်တဲ့နေရာမှာ သွေးလွှတ်ကြော Artery နဲ့ သွေးပြန်ကြော Vein ကိုဆက်ပေးလိုက်တာပါပဲ။ ထုံဆေး၊မေ့ဆေး သင့်တော်ရာနဲ့ လုပ်ရပါတယ်။ ပြီးရင်တော့ ဒီဆက်လိုက်တဲ့ သွေးပြန်ကြောတွေ သန်မာ၊ ကြံ့ခိုင်လာပြီး အသုံးပြုလို့ရတဲ့ အနေအထားရောက်အောင် စောင့်ရပါတယ်။

 

၆-၈ပတ်အနည်းဆုံး ကြာတတ်ပါတယ်။ ကျောက်ကပ်ဆေးတဲ့ အခါမှာတော့ ဒီမွေးထားတဲ့ သွေးကြောပေါ်မှာ အပ်၂ ချောင်းကိုခွာပြီးစိုက်ရပါတယ်။ ပထမအပ်ကတော့ သွေးလွှတ်ကြောအပ်ဖြစ်ပြီး သန့်စင်ရမဲ့ သွေးတွေကို ကျောက်ကပ်ဆေးတဲ့ စက်ဆီကို ပို့ဆောင်ပေးပါတယ်။ ပြန်ထွက်လာတဲ့သန့်စင်ပြီး သွေးသန့်တွေကိုတော့ ဒုတိယသွေးပြန်ကြောအပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ပြန်လည်ပို့ဆောင်ပေးပါတယ်။

 

ဆေးခါစမှာတော့ ဒီသွေးကြောအပ်တွေကို အသားမကျတာ နာကျဉ်တာဖြစ်တတ်ပါတယ်။ အပ်မစိုက်ခင် ထုံဆေးလိမ်းခြင်း၊ဖြန်းခြင်းများနဲ့ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ အရေးကြီးတဲ့အချက် တစ်ခုရှိပါတယ် - သွေးကြောမွေးဖို့လိုလာမဲ့သူတွေဆို ဘယ်ဖက်လက်၊ မွေးထားတဲ့သူတွေဆို သွေးကြောမွေးထားတဲ့ဖက် မှာ လုံးဝ သွေးပေါင်တိုင်းခြင်း၊ သွေးဖောက်ခြင်း၊ နာရီ၊လက်ပတ်/လက်ကောက် ဝတ်ခြင်းလုံးဝမလုပ်ရပါဘူး။

 

မိမိရဲ့ ကျောက်ကပ်ဆေးတဲ့ သွေးကြောဟာ မိမိရဲ့ အသက်လို့မှတ်ထားပြီး လုံးဝအထိအခိုက်ခံလို့မရပါဘူး။ အလုပ်လုပ်နေတဲ့သွေးကြောဟာ ရေပိုက်သေးသေးထဲကို အရှိန်နဲ့ပုံမှန်ဆောင့်ဝင်နေတဲ့ ရေလို လက်နဲ့အပေါ်ကစမ်းလိုက်ရင် ခံစားရပါတယ်။ မိမိရဲ့အသက်သွေးကြောကို ပုံမှန်စမ်းသပ်နေသင့်ပြီး အလုပ်မလုပ်တော့မှန်း သတိထားမိတာနဲ့ ချက်ချင်း ကျောက်ကပ်ဆရာဝန်၊ ကျောက်ကပ်ဆေးတဲ့ ဌာနကိုအကြောင်းကြားရပါမယ်။

 

မွေးထားတဲ့သွေးကြောဟာ သွေးခဲပိတ်ဆို့တာ၊ သွေးကြောတွေကျဉ်းမြောင်းသွားတာတွေကြောင့်ဖြစ်တတ်ပါတယ်။ ချက်ချင်း ကုသမှုယူရပါမယ်။ ကျောက်ကပ်သမားတော်နဲ့လဲ ပုံမှန်ပြသဖို့လိုပြီး လစဉ်ကိုယ့်ရဲ့ သွေးထဲကအညစ်အကြေးတွေသန့်စင်မှုလုံလောက်မှုရှိ/မရှိ စစ်ဆေးဖို့လိုပါတယ်။ 

 

မှားယွင်းနေတဲ့ အယူအဆတစ်ခုရှိပါတယ်။ တော်တော်များများက ကျောက်ကပ်ဆေးနေပြီဆို စိတ်ကြိုက်စားလို့၊သောက်လို့ရပြီလို့ ထင်တတ်ကြပါတယ်။ မှတ်ထားပေးရမှာက တစ်ပတ်ကို ၃ ကြီမ်ပုံမှန်ဆေးတာ တောင်မှ ကျောက်ကပ်တွေအလုပ်လုပ်တဲ့ ၁၀% ကိုသာ ပြန်လည်ဖြည့်ပေးနိုင်တာပါ။

 

ဒီတော့ ကျောက်ကပ်ဆေးနေပေမဲ့လည်း နာတာရှည်ရောဂါရင့်လာတဲ့အချိန် လိုက်နာနေကြအတိုင်း အသားဓာတ်၊ အငံဓာတ်၊ ပိုတတ်စီယမ်၊ ဖော့စဖိတ် နဲ့ ရေသောက်သုံးမှု ပမာဏလျှော့ချဖို့ လိုပါတယ်။ သွေးကြောမွေးဖို့မလွယ်တဲ့သူတွေ (ဥပမာ သွေးကြောတွေအရမ်းပါးလို့) ဆိုရင်တော့ လည်ပင်းမှာရှိတဲ့ သွေးပြန်ကြောထဲကို ပိုက်ထဲ့ပြီး ဆေးနိုင်ပါတယ်။

 

ကြာရှည်ခံတဲ့ permanent catheter (permcath) လိုပိုက်မျိုးဆိုရင်တော့ လနဲ့ချီပြီးအသုံးပြုလို့ရပါတယ်။ ဒီနည်းဟာ ပိုးဝင်နိုင်ချေပိုများပြီး သွေးကြောမွေးပြီးဆေးတဲ့နည်းလောက် စိတ်မချရပါဘူး။ ကျောက်ကပ်ဆေးတဲ့ အရေအသွေးလဲ မကောင်းပါဘူး။

 

နောက်ဆုံးပြောလိုတာကတော့ ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်အစားမထိုးခင်အထိ၊ အစားထိုးဖို့မသင့်တော်တဲ့သူတွေဆိုရင်တော့ အသက်ရှင်နေတဲ့ တလျောက်လုံး လုပ်ဆောင်သွားရမဲ့ အရာပဲဖြစ်ပါတယ်။ ငွေကြေးအကုန်အကျအပြင် မိမိရဲ့အလုပ်အကိုင်၊ မိသားစုဘဝကိုလဲ အဆင်ပြေအောင်ညှိယူဖို့လည်း လိုအပ်ပါတယ်။

 

Peritoneal dialysis (PD) လို့ခေါ်တဲ့ ဝမ်းဗိုက် အမြှေးပါးကိုအသုံးပြု၍ ကျောက်ကပ်ဆေးခြင်း ကို အပိုင်း (၂) မှာ ဆက်လတ်ဖော်ပြပေးပါသွားမှာ ဖြစ်လို့ စောင့်မျှော်ကြပါအုံးနော်.....

ဒေါက်တာဇေထက်

 

(Zawgyi)

----------

Dialysis - ေက်ာက္ကပ္ေဆးျခင္း ဆိုင္ရာ သိမွတ္ဖြယ္ရာမ်ား အပိုင္း (၁)

 

Dialysis ေက်ာက္ကပ္ေဆးတာကို အလြယ္ေျပာရမယ္ဆိုရင္ ပ်က္ဆီးသြားတဲ့ ေက်ာက္ကပ္ေတြ အလုပ္လုပ္ေဆာင္ႏိုင္ဖို႔ ေသြးထဲမွာ စုပုံလာတဲ့ အညစ္အေၾကး ေတြကို သန႔္စင္ေအာင္ ျပဳလုပ္ၿပီး ၊ ပိုလွ်ံလာတဲ့ ဆား နဲ႔ ေရဓာတ္ေတြကို ဖယ္ရွားေပးတာကို ကိုယ္စား လုပ္ေဆာင္ေပးရတာဘဲ ျဖစ္ပါတယ္။ ေက်ာက္ကပ္ေဆးတာမွာ နည္းလမ္း ၂ မ်ိဳးရွိၿပီး တစ္မ်ိဳးကေတာ့ Hemodialysis (HD) လို႔ ေခၚတဲ့ ေသြးမွတစ္ဆင့္ ေက်ာက္ကပ္ေဆးျခင္း နဲ႔ Peritoneal dialysis (PD) လို႔ေခၚတဲ့ ဝမ္းဗိုက္ အေျမႇးပါးကိုအသုံးျပဳ၍ ေက်ာက္ကပ္ေဆးျခင္း စတဲ့ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။

 

ေသြးမွတစ္ဆင့္ ေက်ာက္ကပ္ေဆးျခင္း (Haemodialysis/HD)

 

ဒီေက်ာက္ကပ္ေဆးနည္းဟာ ျမန္မာျပည္မွာအလုပ္အမ်ားဆုံးပါ။ တစ္ပတ္ကို ၃ႀကိမ္၊ တစ္ခါေဆးရင္ ၃-၄ နာရီအခ်ိန္ေပးရပါတယ္။ ျမန္မာျပည္ၿမိဳ႕ႀကီးေတြေတာ္ေတာ္မ်ားမ်ားမွာ ေဆးလို႔ရေနပါၿပီ။ အကုန္အက်မ်ားတဲ့အတြက္ တစ္ပတ္ကို ၂ႀကိမ္ေတာင္ အႏိုင္ႏိုင္ေဆးေနရတယ္လို႔လဲ ၾကားရပါတယ္။ ဒီနည္းနဲ႔ ေက်ာက္ကပ္ေဆးေတာ့မယ္ဆိုရင္ ေက်ာက္ကပ္ေဆးဖို႔မလိုမွီ အနည္းဆုံး ၃-၄လေလာက္ကတည္းက ႀကိဳၿပီး fistula လို႔ေခၚတဲ့ ေသြးေၾကာေမြးရပါတယ္။

 

ေသြးေၾကာေမြးတယ္ဆိုတာ ကိုယ့္ရဲ႕ လက္ေကာက္ဝတ္အေပၚ၊လက္ေမာင္းေအာက္ သင့္ေတာ္တဲ့ေနရာမွာ ေသြးလႊတ္ေၾကာ Artery နဲ႔ ေသြးျပန္ေၾကာ Vein ကိုဆက္ေပးလိုက္တာပါပဲ။ ထုံေဆး၊ေမ့ေဆး သင့္ေတာ္ရာနဲ႔ လုပ္ရပါတယ္။ ၿပီးရင္ေတာ့ ဒီဆက္လိုက္တဲ့ ေသြးျပန္ေၾကာေတြ သန္မာ၊ ႀကံ့ခိုင္လာၿပီး အသုံးျပဳလို႔ရတဲ့ အေနအထားေရာက္ေအာင္ ေစာင့္ရပါတယ္။

 

၆-၈ပတ္အနည္းဆုံး ၾကာတတ္ပါတယ္။ ေက်ာက္ကပ္ေဆးတဲ့ အခါမွာေတာ့ ဒီေမြးထားတဲ့ ေသြးေၾကာေပၚမွာ အပ္၂ ေခ်ာင္းကိုခြာၿပီးစိုက္ရပါတယ္။ ပထမအပ္ကေတာ့ ေသြးလႊတ္ေၾကာအပ္ျဖစ္ၿပီး သန႔္စင္ရမဲ့ ေသြးေတြကို ေက်ာက္ကပ္ေဆးတဲ့ စက္ဆီကို ပို႔ေဆာင္ေပးပါတယ္။ ျပန္ထြက္လာတဲ့သန႔္စင္ၿပီး ေသြးသန႔္ေတြကိုေတာ့ ဒုတိယေသြးျပန္ေၾကာအပ္ကေနတစ္ဆင့္ ခႏၶာကိုယ္ထဲကို ျပန္လည္ပို႔ေဆာင္ေပးပါတယ္။

 

ေဆးခါစမွာေတာ့ ဒီေသြးေၾကာအပ္ေတြကို အသားမက်တာ နာက်ဥ္တာျဖစ္တတ္ပါတယ္။ အပ္မစိုက္ခင္ ထုံေဆးလိမ္းျခင္း၊ျဖန္းျခင္းမ်ားနဲ႔ သက္သာေအာင္ လုပ္ေပးႏိုင္ပါတယ္။ အေရးႀကီးတဲ့အခ်က္ တစ္ခုရွိပါတယ္ - ေသြးေၾကာေမြးဖို႔လိုလာမဲ့သူေတြဆို ဘယ္ဖက္လက္၊ ေမြးထားတဲ့သူေတြဆို ေသြးေၾကာေမြးထားတဲ့ဖက္ မွာ လုံးဝ ေသြးေပါင္တိုင္းျခင္း၊ ေသြးေဖာက္ျခင္း၊ နာရီ၊လက္ပတ္/လက္ေကာက္ ဝတ္ျခင္းလုံးဝမလုပ္ရပါဘူး။

 

မိမိရဲ႕ ေက်ာက္ကပ္ေဆးတဲ့ ေသြးေၾကာဟာ မိမိရဲ႕ အသက္လို႔မွတ္ထားၿပီး လုံးဝအထိအခိုက္ခံလို႔မရပါဘူး။ အလုပ္လုပ္ေနတဲ့ေသြးေၾကာဟာ ေရပိုက္ေသးေသးထဲကို အရွိန္နဲ႔ပုံမွန္ေဆာင့္ဝင္ေနတဲ့ ေရလို လက္နဲ႔အေပၚကစမ္းလိုက္ရင္ ခံစားရပါတယ္။ မိမိရဲ႕အသက္ေသြးေၾကာကို ပုံမွန္စမ္းသပ္ေနသင့္ၿပီး အလုပ္မလုပ္ေတာ့မွန္း သတိထားမိတာနဲ႔ ခ်က္ခ်င္း ေက်ာက္ကပ္ဆရာဝန္၊ ေက်ာက္ကပ္ေဆးတဲ့ ဌာနကိုအေၾကာင္းၾကားရပါမယ္။

 

ေမြးထားတဲ့ေသြးေၾကာဟာ ေသြးခဲပိတ္ဆို႔တာ၊ ေသြးေၾကာေတြက်ဥ္းေျမာင္းသြားတာေတြေၾကာင့္ျဖစ္တတ္ပါတယ္။ ခ်က္ခ်င္း ကုသမႈယူရပါမယ္။ ေက်ာက္ကပ္သမားေတာ္နဲ႔လဲ ပုံမွန္ျပသဖို႔လိုၿပီး လစဥ္ကိုယ့္ရဲ႕ ေသြးထဲကအညစ္အေၾကးေတြသန႔္စင္မႈလုံေလာက္မႈရွိ/မရွိ စစ္ေဆးဖို႔လိုပါတယ္။

 

မွားယြင္းေနတဲ့ အယူအဆတစ္ခုရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ေက်ာက္ကပ္ေဆးေနၿပီဆို စိတ္ႀကိဳက္စားလို႔၊ေသာက္လို႔ရၿပီလို႔ ထင္တတ္ၾကပါတယ္။ မွတ္ထားေပးရမွာက တစ္ပတ္ကို ၃ ႀကီမ္ပုံမွန္ေဆးတာ ေတာင္မွ ေက်ာက္ကပ္ေတြအလုပ္လုပ္တဲ့ ၁၀% ကိုသာ ျပန္လည္ျဖည့္ေပးႏိုင္တာပါ။

 

ဒီေတာ့ ေက်ာက္ကပ္ေဆးေနေပမဲ့လည္း နာတာရွည္ေရာဂါရင့္လာတဲ့အခ်ိန္ လိုက္နာေနၾကအတိုင္း အသားဓာတ္၊ အငံဓာတ္၊ ပိုတတ္စီယမ္၊ ေဖာ့စဖိတ္ နဲ႔ ေရေသာက္သုံးမႈ ပမာဏေလွ်ာ့ခ်ဖို႔ လိုပါတယ္။ ေသြးေၾကာေမြးဖို႔မလြယ္တဲ့သူေတြ (ဥပမာ ေသြးေၾကာေတြအရမ္းပါးလို႔) ဆိုရင္ေတာ့ လည္ပင္းမွာရွိတဲ့ ေသြးျပန္ေၾကာထဲကို ပိုက္ထဲ့ၿပီး ေဆးႏိုင္ပါတယ္။

 

ၾကာရွည္ခံတဲ့ permanent catheter (permcath) လိုပိုက္မ်ိဳးဆိုရင္ေတာ့ လနဲ႔ခ်ီၿပီးအသုံးျပဳလို႔ရပါတယ္။ ဒီနည္းဟာ ပိုးဝင္ႏိုင္ေခ်ပိုမ်ားၿပီး ေသြးေၾကာေမြးၿပီးေဆးတဲ့နည္းေလာက္ စိတ္မခ်ရပါဘူး။ ေက်ာက္ကပ္ေဆးတဲ့ အေရအေသြးလဲ မေကာင္းပါဘူး။

 

ေနာက္ဆုံးေျပာလိုတာကေတာ့ ေက်ာက္ကပ္ေဆးတယ္ဆိုတာ ေက်ာက္ကပ္အစားမထိုးခင္အထိ၊ အစားထိုးဖို႔မသင့္ေတာ္တဲ့သူေတြဆိုရင္ေတာ့ အသက္ရွင္ေနတဲ့ တေလ်ာက္လုံး လုပ္ေဆာင္သြားရမဲ့ အရာပဲျဖစ္ပါတယ္။ ေငြေၾကးအကုန္အက်အျပင္ မိမိရဲ႕အလုပ္အကိုင္၊ မိသားစုဘဝကိုလဲ အဆင္ေျပေအာင္ညႇိယူဖို႔လည္း လိုအပ္ပါတယ္။

 

Peritoneal dialysis (PD) လို႔ေခၚတဲ့ ဝမ္းဗိုက္ အေျမႇးပါးကိုအသုံးျပဳ၍ ေက်ာက္ကပ္ေဆးျခင္း ကို အပိုင္း (၂) မွာ ဆက္လတ္ေဖာ္ျပေပးပါသြားမွာ ျဖစ္လို႔ ေစာင့္ေမွ်ာ္ၾကပါအုံးေနာ္.....

ေဒါက္တာေဇထက္

Read times
Rate this item
(1 Vote)