ဂေါက်ရောက လူလတ်ပိုင်း နဲ့ အသက် ၄၀ ကျော်အမျိုးသားများ အများဆုံးဖြစ်ပွားသော ရောဂါတစ်ခုဖြစ်သော်လည်း သွေးဆုံးကိုင်ပြီးသား အမျိုးသမီးများလည်း ဖြစ်ပွားနိုင်ပါတယ်။
ဂေါက်ရောဂါက ခန္ဓာကိုယ်အတွင်းရှိ ယူရစ်အက်ဆစ် မြင့်တတ်လာပြီး လက်၊ ခြေ ၊ တံတောင် အဆစ်များအတွင်း ယူရစ်အက်ဆစ်များ စုမိလာခြင်းဖြင့် အဆစ်များကိုက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဂေါက်ရောဂါက တခါတရံ ကျောရိုးအဆစ်များကိုပါ ကိုက်ခဲ မှုများဖြစ်ပေါ် စေနိုင်ပါတယ်။
ဂေါက်ရောဂါ လက္ခဏာများ
ရုတ်တရက်ပြင်းထန်တဲ့ အဆစ်နာတာ ၊ အဆစ်ရောင်တာ ၊ ကိုက်ခဲတာ ၊ အဆစ်နီတာ ၊ အဆစ်ပတ်ပတ်လည် နွေးနေတာ နဲ့ အထိမခံအောင်နာကျင်တာ စတဲ့လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ် ။ ဂေါက်ရောဂါက ခြေမ များတွင် အများဆုံးဖြစ်ပွားပြီး ၊ ခြေဖနှောင့် ၊ ဒူးဆစ် ၊ လက်ကောက်ဝတ် ၊ ခြေကျင်းဝတ် ၊ခါး ၊ လက်ချောင်းများ အဆစ်ရောင်တာ ၊ နှစ်ရှိုက်စွာ အိပ်ပျော်စဉ်တွင် အဆစ်များအလွန်နာကျင်ကိုက်ခဲတာ ၊ ဖျားတာ မျာကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အရိုးအဆစ်ကိုက်ခဲ နာကျင်ရုံဖြင့် ဂေါက်ရောဂါ အဖြစ်အတည်မပြုနိုင်ပါ။
ဂေါက်ရောဂါဖြစ်ပွားခြင်းမှ လျော့ချနည်း
အရက် ၊ဘီယာ အလွန်အကျွံသောက်တာ ၊ ပင်လယ်စာအလွန်အကျွံစားသုံးမှ ရှောင်ကျဉ်တာ ၊ အသည်း ကျောက်ကပ် စတဲ့ ကလီစာများစားတာ နဲ့ အချိုဓာတ် များများပါရှိသော အစားအစာများစားခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ဂေါက်ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။ ဒါအပြင် အနီရောင် အသားများစားတာ ၊ ကြက် ၊ဝက် ၊ ဆိတ် ၊ တွင်းအောင်းသားများစားတာ ၊ ပဲပင်ပေါက် ၊ အာလူး ၊ ပဲမြစ် ၊ ပိန်းဥ စတဲ့ အမြစ်တွယ် အပင်များကို အလွန်စားသုံးခြင်းကလည်း ယူရစ်အက်ဆစ်ကို မြင့်တတ်နိုင်သဖြင့် ထိန်းညိုစားခြင်းက ဂေါက်ရောဂါဖြစ်ပွားခြင်းကို လျော့ချနိုင်ပါတယ်။ ပေါင်မုန့်ညို ၊ အသီးအနှံများ ၊ အခွံချွတ်မထားသောကောက်ပဲသီးနှံများကို များများစားသုံးပေးတာ အဆီမပါတဲ့ နို့ နဲ့ ဒိန်ချဉ် ၊ ရေများများသောက်ပေးခြင်းဖြင့်လည်း ဂေါက်ရောဂါဖြစ်ပွာခြင်းကို လျော့ချနိုင်ပါတယ်။
Drinking Water (သောက်ရေသန့်လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
ဂေါက်ရောဂါကို ဘယ်အချိန်မှာ ကုသမှုခံယူသင့်လဲ
လက် ၊ ခြေ ၊ တံတောင် ၊ဒူး အဆစ်မြစ်များ အလွန်ကိုက်ခဲလာတာ ၊ အထိမခံနိုင်လောက်အောင် နာကျင်တာ ၊ နှစ်ရှိုက်စွာ အိပ်ပျော်ချိန်တွင် နာကျင်ကိုက်ခဲတာ အဆစ်နားတစ်ဝိုက် ရောင်ရမ်းနီနေတာ တို့ဖြစ်ပေါ်လာရင် ဆရာဝန် နဲ့ ပြသပြီး ဂေါက်ရောဂါ ရှိမရှိစမ်းမှုခံယူပြီး ဆေးကုသပါ ။ ဂေါက်ရောဂါကို မကုသဘဲ ရေရှည်ထားခြင်းဖြင့် အရိုးအဆစ်ပုံပျက်တာ ၊ ကျောက်ကပ်မှာကျောက်တည်တာ နဲ့ ကျောက်ကပ်ပျက်စီးတာ စတဲ့နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဂေါက်ရောဂါဝေသနာရှင်များအတွက် ဆေးဝါးများ
Non- steriod anti- infammatory drugs (NSAID) တဲ့ အရောင်ကျ ဆေး၊ Colchicine နောက်ပြန်မဖြစ်အောင်ကာကွယ်ဆေး ၊ allopurinol , probenecid နဲ့ feuxostat စတဲ့ဆေးဝါးများကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာသောက်သုံးပါ ။ ဒါအပြင် ဂေါက်ရောဂါ ရုတ်တရက်ဖြစ်ပေါ်လာရင် ခြေထောက်ကို မြှင့်ထားခြင်းဖြင့် အရောင်ကျ စေခြင်း ၊ ရောင်နေသောနေရာကို ရေခဲဖြင့် ၂၀ မိနစ်ခန့် အုပ်ထားခြင်း ၊ လိုအပ်သလို ခဏခဏ ပြန်ကပ်ပေးပြီး အရောင်ကျမှသာ ရေခဲကပ်ခြင်းကို ရပ်တန့်ပါ ။ ဒီနည်းဖြင့်လည်း ဂေါက်ရောဂါဖြစ်ပွားခြင်းကို သက်သာစေနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
Gout - ဂေါက်ရောဂါ ( ခြေ ၊လက် ၊ တံတောင် အဆစ်များနာကျင်ကိုက်ခဲခြင်း ) ဖြစ်ရခြင်း အကြောင်း