What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 17 February 2020 12:26
ဇက်ကြောတက်ခြင်းမှ လျော့ချနည်း
အကြောတက်တယ်ဆိုတာ လူတိုင်းဖြစ်ကြတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အပြင် အကြောတက်ခြင်းကြောင့် တစ်နေ့တာလုပ်ဆောင်မှုများကို အဟန့်အတားတစ်ခု လိုဖြစ်နေတတ်ပါတယ်။
လူအများစု ဇက်ကြောတက်တာကို နှိပ်နယ်ပေးတာ ၊ အကိုက်ခဲပျောက်ဆေးသောက်ပေးတာ စတဲ့နည်းလမ်း ဖြင့်ကုသနေကြပါတယ်။ ဇက်ကြောတက်ခြင်းက ပခုံးရှိြွကက်သား ၊ နောက်ကျော ၊ လက်ပြင် ၊ ဇက်ပိုး ရှိကြွက်သားများ တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။
ဇက်ကြောတက်စေနိုင်တဲ့ အကြောင်းရင်းများ
ခန္ဓာကိုယ်ကို ကြာရှည်စွာ ကိုင်းထားပြီး စာဖတ်တာ ၊ ဖုန်း ၊ ကွန်ပျူတာကြည့်တာ ၊ ခေါင်းအုံးမြင့်တာ ၊ အရမ်းနိမ့်တာ ၊ ခါးကိုကုန်းပြီး ကြာရှည်အလုပ်လုပ်တာ ၊ ထိုင်နေချိန်တွင် ကိုယ်အနေအထားမမှန်တာ ၊ ဆေးလိပ် ၊ အရက် အလွန်အကျွံသောက်သုံးတာ ၊စိတ်ဖိစီးမှုများတာ ၊ သွေးတက်စေတဲ့ အစားအစာများ စားခြင်းကလည်း ဇက်ကြောတတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
Distributors & Suppliers (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
ဇက်ကြောတက်ခြင်းမှ လျော့ချနည်း
မနက်အိပ်ယာထချိန်မှာ ခေါင်းလေ့ကျင့်ခန်းပြုလုပ်တာ ၊ ခေါင်းအုန်းကို ပခုံးနဲ့ တစ်တန်းတည်းထားပြီး အိပ်စက်တာ ၊ ဂုတ်ကြောကို နှိပ်နယ်ပေးတာ ၊ ဖုန်း ၊ ကွန်ပျူတာကို ကြည့်မယ်ဆိုရင် ခါးကို မတ်မတ်ထားပြီး ခေါင်းကို အနေတော်အခြေအနေမှာထားပြီး ကြည့်တာ၊ အကြောတက်စေနိုင်တဲ့ အစားအစာများစားတာ ရှောင်ကျဉ်တာ ၊အရက် ၊ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ဇက်ကြောတက်ခြင်းကို လျော့ချနိုင်ပါတယ်။
ဇက်ကြောတက်ခြင်းကို သာသက်အောင်ကုသနည်း
ဇက်ကြောမနေနိုင်အောင်တက်နေပြီဆိုရင် ဒီအချက်လေးတွေ လုပ်ဆောင်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။ လည်ပင်းကို နှိပ်ပေးတာ ၊ ဇက်ကြောဆွဲပေးတာ ၊ ကျောရိုးကြွက်သားများကို လျော့ချပေးတာ၊ ခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ ၊ အိပ်ယာပေါ်တွင် ခေါင်းအုံးမပါဘဲ လည်ပင်းအောက်တွင် နူညံ့တဲ့ပုဝါကို အလိပ်ပုံစံ လိပ်ပြီးခုက ပေါ့ပါးသောကိုယ်ဟန်ဖြင့် ပလက်အိပ်တာများ ပြုလုပ်ပေးခြင်းဖြင့် ဇက်ကြောတက်ခြင်းကို သာသက်အောင်ကုသနိုင်ပါတယ်။
လိုအပ်လျှင် ဆရာဝန် နဲ့ ပြသကာ အကြောလိမ်းဆေးများဝယ်လိမ်းတာ ၊ အကိုက်ခဲပျောက်ဆေးများကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း သောက်သုံးနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
တကယ်တော့ ဇက်ကြောတက်ခြင်းက ပျောက်ကင်းသွားတာမျိုးမဟုတ်ဘဲ ခဏတာသက်သာ သွားတာဘဲဖြစ်ပါတယ်။ ဇက်ကြောတက်ခြင်းဝေဒနာကို အေနအထိုင် အပြုအမှု အစားအသောက်များ ဂရုစိုက်ခြင်းဖြင့် ဇက်ကြောတက်ခြင်းမှ လျော့ချနိုင်ပါတယ်။
Image result for (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Read times Last modified on Monday, 17 February 2020 17:52
Rate this item
(1 Vote)