What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 February 2020 15:27

လည်ချောင်းယားရခြင်း အကြောင်းရင်း

လည်ချောင်းယားခြင်းက တစ်နေ့တာပြန်သန်းနေ့တဲ့ နေထိုင်မှုပုံစံ နဲ့ လုပ်ကိုင်နေရတဲ့ တာဝန်အလုပ်များကို ကောင်းမွန်စွာ လုပ်ကိုင်ရာတွင် အဟန့်အတား တစ်ခုလိုဖြစ်နေတတ်ပါတယ်။

လည်ချောင်းယားးခြင်းကို ကလေးမှ လူကြီးအထိ ဖြစ်ပေါ်စေနိုင်တဲ့အပြင် လည်းချောင်းထဲက ယားတာဆိုတော့ ကုတ်မရ ခြစ်မရ နေထိုင်ရ အရမ်းခက်ခဲစေပြီး ချောင်းကို ခဏခဏဆိုးတာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆောင်း ၊နွေရာသီများတွင် အများဆုံးဖြစ်ပေါ်လေ့ရှိပြီး ဖုန်မှုန်များပါးစပ်ထဲ ကနေလည်ချောင်းထဲသို့ ဝင်ရောက်ခြင်းမှလည်း လည်ချောင်းယားယံခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

လည်ချောင်းယားစေတဲ့ အကြောင်း

ဗိုင်းရက်စ်ပိုးများ ၊ ဘတ်တီရီးယားပိုးများ လည်ချောင်းထဲဝင်ရောက်တာ ၊ လေထုညစ်ညမ်းတာ ၊ ဖုန်မှုများပါစပ်ထဲ ၊ နှာခေါင်းထဲဝင်တာ၊ GHRD - လည်ချောင်းနာခြင်း ရောဂါဖြစ်တာ ၊ ဆေးလိပ်သောက်တာ ၊ အစားအစာမတည့်တာ ၊ ဆေးဝါးမတည့်တာ ၊ ရေဓာတ်ခန်းပြီး လည်ချောင်းခြောက်သွေ့တာ ၊ ကွမ်းစားတာ ၊ အချိုဓာတ်များများပါဝင်တဲ့ အစားအသောက်များစားတာ နဲ့ အအေးမိခြင်းကြောင့် လည်ချောင်းယားခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Overseas Hospital Branch Office (ဆေးရုံပြည်ပ ကိုယ်စားလှယ်ရုံး ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospital

 

လည်ချောင်းယားယံ ဖြစ်ပွားခြင်းမှ ရှောင်ကျဉ်နည်း

လေထုညစ်ညမ်းသောနေရာများတွင် mask ကိုအသုံးပြုတာ ၊ ဖုန်မှုန့်များရှူချခြင်းမှ ရှောင်ကျဉ်တာ ၊ ဓာတ်တုပစ္စည်းများကို ရှူချခြင်းမှာရှောင်ကျဉ်တာ၊ ပါးစပ်ဟ အိပ်ခြင်းမှ ရှောင်ကျဉ်တာ ၊ကွမ်းစားတာ ၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ ၊ မှိုတတ်သောအစားအစာများ စားခြင်းမှရှောင်ကျဉ်တာ ၊ အကင်မျိုးစုံစားခြင်းမှ ရှောင်ကျဉ်တာ နဲ့ သောက်သုံးရေမသန့်ရှင်းခြင်းဖြင့် လည်ချောင်းယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသ သင့်လဲ

လည်ချောင်းယားယံပြီး ချောင်းအလွန်ဆိုးတာ ၊ အသက်ရှူရန်ခက်ခဲတာ ၊ အသက်ရှူအသံမြည်တာ ၊ဖျားတာ ၊ ချောင်းခဏခဏဆိုးတာ ၊ လည်ချောင်းယားယံပြီး ချောင်းဆိုးရင် ရင်ဘတ်နာတာ ၊ ရင်ကျပ်လာတာ၊ ချောင်းဆိုးပြီး မောပန်းတာ ၊ လည်ချောင်းနာကျင်လာတာ ၊ အစာ စားရန်ခက်ခဲတာ ၊ ရေသောက်ချိန် လည်းချောင်းနာတာ နဲ့ လည်ချောင်းယားယံလာပြီး ချောင်းဆိုကြာတာ ၊မျက်နှာနီလာတာ ဒီလိုဖြစ်ပေါ်လာရင်တော့ ဆရာဝန် နဲ့ ပြသပြီး ကုသမှုခံယူပါ။

 

လည်ချောင်းယားယံခြင်းမှာ ကုသနည်း

လည်ချောင်းယားယံခြင်းဖြစ်ပေါ်လာရင် ဆားရေငုံပြီး ပလုတ်ကျင်းတာ ၊ ဂျင်းနဲ့ ပျားရည်ကိုရောကာ လက်ဖက်ဇွန်းတစ်ဇွန်းခန့် သောက်ပေးတာ ၊ ကြက်သွန်ဖြူ အနည်းငယ်ကို ၃မိနစ်လောက် ကိုက်ငုံထားတာ ၊ သံပုရာ နဲ့ ပျားရည် အနည်းငယ်ရောသောက်တာ၊ ရေသန့်များများ သောက်ပေးတာ ၊ ရပ်ကျပ်ပျောက်ဆေး ၊အကိုက်ပျောက်ဆေ း နဲ့ ချောင်းဆိုးပျောက်ဆေးများ သောက်သုံးပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

Written By Health Products Directory


(Zawgyi)

====


 


 



 



 



 



 




Read times
Rate this item
(1 Vote)