What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 February 2020 17:18

လည်ချောင်းကင်ဆာရောဂါ ဖြစ်ပွားခြင်းမှလျော့ချခြင်း

လည်ချောင်းကင်ဆာရောဂါက ကျား၊ မ အသက်အရွယ် မရွေးဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးဖြစ်တဲ့အပြင် လည်ချောင်းကင်ဆာကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရပါတယ်။

လည်းပင်ကင်ဆာကိုအမျိုးအစားအားဖြင့် နှာခေါင်း ၊ ခံတွင်း အနောက်မှာဖြစ်ပွားတဲ့ ကင်ဆာ နှင့် လည်မျို ၊ အသံအိုး ၊ အသံကြိုးများပါဝင်သော အသက်ရူလမ်းကြောင့် အထက်ပိုင်းတွင်ဖြစ်ပွားသော ကင်ဆာဆိုပြီး အမျိုးအစား (၂) မျိုးဖြင့်ခွဲခြားနိုင်ပါတယ်။ လည်းချောင်းကင်ဆာက အမျိုးသမီးများထက် အမျိုးသားများက အများဆုံးဖြစ်ပွားနိုင်တဲ့ရောဂါ တစ်ခုလဲဖြစ်ပါတယ်။

လည်ချောင်းကင်ဆာရောဂါ လက္ခဏာများ

လည်ပင်းတစ်ဝိုက် အကြိတ်တည်တာ ၊ အစာရေ မြိုရခက်တာ ၊ အာခံတွင်းဆိုင်ရာပြဿနာဖြစ်ပေါ်တာ ၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျတာ ၊ အဖျားတာရှည်စွာဖြစ်တာ ၊ကာလကြာရှည်စွာ ချောင်းဆိုးတာ ၊ လည်ပင်းတစ်ဝိုက်ရှိ အကြိတ်ရောင်ရမ်းတာ ၊ အသံဝင် ၊အသံကွဲအက်တာ ၊နားအူနားကိုက်တာ ၊ တခါတရံမျိုးရိုးဗီဇရှိခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။

ဒါအပြင်ဆေးလိပ်သောက်တာ ၊ အရက်အလွန်အကျွံသောက်တာ ၊ အကင် ၊ဖုန်မှုတ်များ ခကြာခဏရူချမိတာ၊ သောက်ရေမသန့်ရှင်းတာ နှင့် မှိုတတ်နေသောအစားအစာ များစားသုံးခြင်းကြောင့်လည်း လည်ချောင်းကင်ဆာ (သို့) ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ အက်ထက်ပါ လက္ခဏာများ နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါက ဆရာဝန် နှင့်ပြသပြီး ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်း စမ်းသပ်စစ်ဆေးပြီးကုသမှုခံယူပါ။

Baby Clinics  (ကလေး အထူးကုဆေးခန်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Baby Clinics

လည်ချောင်းကင်ဆာရောဂါဖြစ်ခြင်းမှ လျော့ချနည်း

ဆေးလိပ် ၊ အရက်သောက်ခြင်းကို ရှောင်ကျဉ်တာ ၊ ၁၀၀ ဒီကရီအပူချိန် နဲ့ ကြော်ပြီးဆီများကို တဖန်ပြန်လည်ကြော်ချက်ခြင်းမှ ရှောင်ကျဉ်တာ ၊ အကင်စာများစားမှရှောင်ကျဉ်တာ ၊သန့်ဇင်သောရေများသောက်သုံးခြင်း နှင့် အသီးအရွက် များများစားသုံးခြင်းဖြင့်လည်း လည်ချောင်းကင်ဆာရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါတယ်။

ဒါအပြင် သင်္ဘောရွက် (ပဒကာပင်) ကိုလက်ခြောက်သဖွယ် သောက်သုံးပေးခြင်းဖြင့် လည်ချောင်းကင်ဆာဝေဒနာရှင်များ အတွက်အကောင်းဆုံး သာဘဝဆေးတစ်ခွက်ဖြစ်တဲ့အပြင် အစာမကြေတာ ၊ ရင်ပြည့် ရင်ကယ်ခြင်းများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောရွက်တွင် Kar pain -ကာပိန်းဓာတ်  ပါရှိသောကြောင့် ဗက်တီးရီးယားပိုးများ ရန်မှကာကွယ်နိုင်ပါတယ်။

 

လည်းချောင်းကင်ဆာရောဂါ ကုသနည်း

လည်းချောင်းကင်ဆာဝေဒနာရှင်ရဲ့ ကျန်းမာရေးအခြေအနေ အပေါ်မူတည်ပြီး ခွဲစိတ်တာ ၊ ဓာတ်ရောင်ခြည်နဲ့ ကုကတာ၊ ဟော်မုန်းဆေးပေးတာ နှင့် ကင်ဆာဆေးသွင်းတာ စတဲ့ကုသနည်းလမ်းများဖြင့် ကုသမှုခံယူနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====












 




Read times
Rate this item
(0 votes)