What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 February 2020 15:13

လေထိုးလေအောင့် ဖြစ်ပွားခြင်းမှ ရှောင်ကျဉ်နည်း

လေထိုးလေအောင့်ခြင်းဝေဒနာက အသက်အရွယ် ကျား ၊မ မရွေးဖြစ်ပေါ်နိုင်တဲ့ ဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။

တရုတ်တရက်လေထိုးအောင့်ခြင်းက ဝမ်းဗိုက်ထဲတွင် ပုံမှန်ထက်လေပိုများနေခြင်းကြောင့်ဖြစ် ပေါ်ရခြင်းဖြစ်ပါတယ်။ အစာစားချိန်မမှန်တာ ၊ အစာကိုမြန်မြန်စားတာ၊ မျိုရိုဗိဇကြောင့်လည်း လေထိုးလေအောင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လေထိုးလေအောင့်ဝေဒနာကို လူကြီးများက အများဆုံးဖြစ် ပွားလေ့ရှိပါတယ်။

 

လေထိုးလေအောင့်ရခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ

ကော်ဖိသောက်တာ ၊ အစာစားချိန်မမှန်တာ ၊ ခြေ လက်အေးလွန်းတာ၊ အစာကိုလျှင်မြန်စွာစားတာ ၊ လေ အစာများဖြစ်တဲ့ ပဲအမျိုးမျိုးစားတာ ၊ အာလူးစားတာ၊ ပြောင်းဖူးစားတာ ၊ ခေါက်ဆွဲစားတာ ၊ အသုတ်စုံစားတာ၊ အစပ်များများစားတာ ၊ သိုးနေတဲ့ ပေါင်မုန့် ၊ ထမင်း ၊ဟင်း များစားတာ ၊ အအေးစာ များစားတာ ၊ နို့ထွက်ပစ္စည်းများစားခြင်းကြောင့် လေထိုးလေအောင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

လေထိုးလေအောင့်ခြင်း လက္ခဏာများ

လေလည်တာ၊ လေတတ်တာ ၊ ဝမ်းဗိုက်ပူပြီးအောင့်တာ ၊ တရုတရက် ဝမ်းဗိုက်ထိုးအောင့်လိုက် ပြန်သက်သာလိုက်ဖြစ်တာ ၊ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်နားမှ စတင်နာတာ ၊ ခါးကိုက်လာတာ ၊ဝမ်းချုပ်တာ ၊ ရင်ဘတ်အောင့်တာ ၊ ဗိုက်အကြာကြီးထိုးအောင့်တာ ၊ ဝမ်းသွားတာ စတဲ့လက္ခဏာများဖြစ်ပေါ် စေနိုင်ပါတယ်။

 

Distributors & Suppliers (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ေဆး၀ါးျဖန္႔

 

လေထိုးလေအောင့်ခြင်း မဖြစ်အောင် ရှောင်ကျဉ်သင့်တဲ့ အစားအစာများ

ကော်ဖီသောက်တာ၊ လက်ဖက်စားတာ ၊ အအေးသောက်တာ ၊ အပူအစပ်စားတာ ၊ ခေါက်ဆွဲများစားတာ ၊ လေအစာဖြစ်တဲ့ အသုတ် ၊ အကင် ၊ ပဲအမျိုးမျိုး၊ မလတ်ဆတ်သော ပေါင်မုန့် ၊ ဆေးလိပ် ၊ အရက် ၊ ကွမ်းစားတာ ၊  အချဉ်တည်ထားသော အစားအစာများ ၊ ထမင်းကြော်များကို စားသောက်ခြင်းမှ ရှောင်ကျဉ်ပေးခြင်းဖြင့် လေထိုးလေအောင့်ဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။

 

ဘယ်လိုအချိန်မှာဆရာဝန်နဲ့ ပြသသင့်လဲ

ဝမ်းဗိုက်အလွန်အောင့်လာတာ ၊ ပျို့အန်လာတာ ၊ ဝမ်းချုပ်တာ၊ အဖျားတတ်လာတာ ၊ လေထိုးလေအောင့်ခဏခဏဖြစ်တာ စတဲ့အချိန်များမှာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။ လေလည်စေတဲ့ ဆေးများစားပေးတာ ၊ အစာအိမ်ဆေးများသောက်သုံးပေးတာများကို ဆရာဝန် ရဲ့ညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။


Written By Health Products Directory


(Zawgyi)

=====

ေလထိုးေလေအာင့္ ျဖစ္ပြားျခင္းမွ ေရွာင္က်ဥ္နည္္း

 

ေလထိုးေလေအာင့္ျခင္းေ၀ဒနာက အသက္အရြယ္ က်ား ၊မ မေရြးျဖစ္ေပၚႏိုင္တဲ့ ေ၀ဒနာတစ္ခုလည္းျဖစ္ပါတယ္။ တရုတ္တရက္ေလထိုးေအာင့္ျခင္းက ၀မ္းဗိုက္ထဲတြင္ ပံုမွန္ထက္ေလပိုမ်ားေနျခင္းေၾကာင့္ျဖစ္ ေပၚရျခင္းျဖစ္ပါတယ္။ အစာစားခ်ိန္မမွန္တာ ၊ အစာကိုျမန္ျမန္စားတာ၊ မ်ိဳရိုဗိဇေၾကာင့္လည္း ေလထိုးေလေအာင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ေလထိုးေလေအာင့္ေ၀ဒနာကို လူႀကီးမ်ားက အမ်ားဆံုးျဖစ္ ပြားေလ့ရွိပါတယ္။

 

ေလထိုးေလေအာင့္ရျခင္းကို ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းမ်ား

ေကာ္ဖိေသာက္တာ ၊ အစာစားခ်ိန္မမွန္တာ ၊ ေျခ လက္ေအးလြန္းတာ၊ အစာကိုလွ်င္ျမန္စြာစားတာ ၊ ေလ အစာမ်ားျဖစ္တဲ့ ပဲအမ်ိဳးမ်ိဳးစားတာ ၊ အာလူးစားတာ၊ ေျပာင္းဖူးစားတာ ၊ ေခါက္ဆြဲစားတာ ၊ အသုတ္စံုစားတာ၊ အစပ္မ်ားမ်ားစားတာ ၊ သုိးေနတဲ့ ေပါင္မုန္႕ ၊ ထမင္း ၊ဟင္း မ်ားစားတာ ၊ အေအးစာ မ်ားစားတာ ၊ ႏို႔ထြက္ပစၥည္းမ်ားစားျခင္းေၾကာင့္ ေလထိုးေလေအာင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

ေလထိုးေလေအာင့္ျခင္း လကၡဏာမ်ား

ေလလည္တာ၊ ေလတတ္တာ ၊ ၀မ္းဗိုက္ပူၿပီးေအာင့္တာ ၊ တရုတရက္ ၀မ္းဗိုက္ထိုးေအာင့္လုိက္ ျပန္သက္သာလိုက္ျဖစ္တာ ၊ ၀မ္းဗိုက္ရဲ႔ ဘယ္ဘက္နားမွ စတင္နာတာ ၊ ခါးကိုက္လာတာ ၊၀မ္းခ်ဳပ္တာ ၊ ရင္ဘတ္ေအာင့္တာ ၊ ဗိုက္အၾကာႀကီးထိုးေအာင့္တာ ၊ ၀မ္းသြားတာ စတဲ့လကၡဏာမ်ားျဖစ္ေပၚ ေစႏိုင္ပါတယ္။

Distributors & Suppliers (ေဆးဝါးျဖန္႔ခ်ိေရးလုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for ေဆး၀ါးျဖန္႔

 

ေလထိုးေလေအာင့္ျခင္း မျဖစ္ေအာင္ ေရွာင္က်ဥ္သင့္တဲ့ အစားအစာမ်ား

ေကာ္ဖီေသာက္တာ၊ လက္ဖက္စားတာ ၊ အေအးေသာက္တာ ၊ အပူအစပ္စားတာ ၊ ေခါက္ဆဲြမ်ားစားတာ ၊ ေလအစာျဖစ္တဲ့ အသုတ္ ၊ အကင္ ၊ ပဲအမ်ိဳးမ်ိဳး၊ မလတ္ဆတ္ေသာ ေပါင္မုန္႔ ၊ ေဆးလိပ္ ၊ အရက္ ၊ ကြမ္းစားတာ ၊  အခ်ဥ္တည္ထားေသာ အစားအစာမ်ား ၊ ထမင္းေၾကာ္မ်ားကို စားေသာက္ျခင္းမွ ေရွာင္က်ဥ္ေပးျခင္းျဖင့္ ေလထိုးေလေအာင့္ျဖစ္ပြားမႈကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ဘယ္လိုအခ်ိန္မွာဆရာ၀န္နဲ႔ ျပသသင့္လဲ

၀မ္းဗုိက္အလြန္ေအာင့္လာတာ ၊ ပ်ိဳ႔အန္လာတာ ၊ ၀မ္းခ်ဳပ္တာ၊ အဖ်ားတတ္လာတာ ၊ ေလထိုးေလေအာင့္ခဏခဏျဖစ္တာ စတဲ့အခ်ိန္မ်ားမွာ ဆရာ၀န္နဲ႔ ျပသၿပီး ကုသမႈခံယူပါ။ ေလလည္ေစတဲ့ ေဆးမ်ားစားေပးတာ ၊ အစာအိမ္ေဆးမ်ားေသာက္သံုးေပးတာမ်ားကို ဆရာ၀န္ ရဲ႕ညႊန္ခ်က္ မ်ားအတိုင္း လိုက္နာေဆာင္ရြက္သင့္ပါတယ္။

Written By Health Products Directory

Read times Last modified on Saturday, 22 February 2020 15:28
Rate this item
(0 votes)