What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 July 2017 10:33

ကိုယ်ဝန်ဆောင်ချိန် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်း

ကိုယ်ဝန်ဆောင်ချိန် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်း google.com

အမျိုးသမီးတွေအဖို့ ကိုယ်ဝန် ဆောင်ချိန်မှာ ခန္ဓာကိုယ်ရေဓာတ် ပြည့်ဝနေဖို့ဆိုတာ အရေးကြီးတဲ့  အတွက် ရေပုံမှန်သောက်ဖို့လိုသလို ကျန်းမာရေးကောင်းကျိုးတွေ အများကြီးပေးတဲ့ အရသာချိုအေး အုန်းရည်လည်း သောက်ဖို့လိုတဲ့ အကြောင်းလေး မျှဝေချင်ပါ တယ်။

ရယ်ဒီမိတ်အုန်းရည်တွေကို လုံးဝရှောင်ကြဉ်ဖို့ လိုအပ်ပြီး လတ်လတ်ဆတ်ဆတ် အုန်းစိမ်း ရည်က မိခင်ရောကလေးအတွက်ပါ အကျိုးများစေမယ့် အုန်းစိမ်း ရည်နဲ့ပတ်သက်ပြီး လေ့လာကြည့် ရအောင်ပါ။

- ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်လေ့ရှိတဲ့ ၀မ်းချုပ်တာတွေကို အုန်းရည်သောက်ပေးခြင်းဖြင့် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

READ - ကိုယ်ဝန်သည် ခွဲမွေးခြင်းနှင့် ပတ်သက်သော လွဲမှားသည့် အယူအဆများ

- ဟော်မုန်းအပြောင်းအလဲကြောင့် နဲ့ သန္ဓေသားက ကြီးထွားလာလေ အစာအိမ်အပေါ် ဖိထားသလိုဖြစ် လို့ ရင်ပူရင်ဆာဖြစ်တာတွေကို လည်း သက်သာစေပါတယ်။

- လတ်ဆတ်တဲ့  သဘာဝအား ဖြည့်အချိုရည်ဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြင့်စေပြီး မောပန်းမှုတွေ၊ ပင်ပန်းနွမ်းလျမှုတွေကို ပြေပျောက်စေပါတယ်။

- ကိုယ်ဝန်ဆောင်ချိန် မအီမသာ ဖြစ်တဲ့ အမျိုးသမီးတွေဟာ ရေဓာတ်ကုန်ခန်းမှုကို ခံစားရလေ့ရှိ ပါတယ်။ အုန်းရည်ကတော့ အဲဒီ ပြဿနာကို အကောင်းဆုံးဖြေ ရှင်းပေးနိုင်မှာပါ။

- အုန်းရည်ဟာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝတဲ့အတွက် သန္ဓေ သားကြီးထွားမှုအတွက် ထောက် ကူသလို ကိုယ်ဝန်ဆောင်တွေဖြစ် တတ်တဲ့ ခြေသလုံးကြွက်တက် တာတွေကိုလည်း ကာကွယ်ပေး ပါတယ်။

- မဂ္ဂနီဆီယမ်နဲ့  ကယ်လ်ဆီယမ် ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ် ကြွယ်သားတွေကို သန်စွမ်းစေ သလို ကိုယ်ဝန်ဆောင်နေချိန်မှာ အမြဲကျန်းမာနေစေပါတယ်။

-သွေးဖိအားကိုလည်း ပုံမှန်ဖြစ် နေပါစေပါတယ်။

- ဆီးလမ်းကြောင်း ပိုးဝင်တာ တွေကိုလည်း ကာကွယ်ပေးသလို ကျောက်ကပ် ကျောက်တည်တာ တွေ၊ ရောဂါပိုးဝင်တာတွေနဲ့ လမစေ့ဘဲ ကလေးမွေးဖွားမှုတွေကို လည်း ကာကွယ်ပေးပါတယ်။

READ - ကိုယ်ဝန်ဆောင်များ မွေးဖွားရလွယ်ကူစေရန် လိုက်နာသင့်သော အချက်များ

www.healthproducts.com.mm

Source: 7 day daily

Read times
Rate this item
(1 Vote)