လူတစ်ယောက်၏ လက်မောင်းရှိ မှဲ့အရေအတွက်ကို ကြည့်ခြင်းဖြင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ကြောင်း သိရပါတယ်။
လက်မောင်းတစ်ဖက်တည်းတွင် မှဲ့အရေအတွက် ၁၁ လုံးကျော်ပါက အရေပြားကင်ဆာ သို့မဟုတ် Melanoma ကင်ဆာဖြစ်နိုင်ခြေမှာ သာမန်ထက်ပို ဖြစ်နိုင်ခြေပိုများကြောင်းသိရပါတယ်။
ညာဖက်လက်မောင်းရှိ မှဲ့အရေအတွက်ကိုသိရှိလျှင် တစ်ကိုယ်လုံး၌ရှိသော စုစုပေါင်းမှဲ့အရေအတွက် မည်မျှရှိကြောင်းကိုလည်း သိနိုင်ပါတယ်။ညာဖက်လက်မောင်းပေါ်တွင် မှဲ့ ခုနစ်လုံးကျော်ရှိသည့် အမျိုးသမီးသည် ခန္ခာကိုယ်တစ်ခုလုံးတွင် မှဲ့အလုံး ၅၀ ကျော်ရှိနိုင်ပြီး၊ ညာဖက်လက်မောင်းတွင်မှဲ့ ၁၁ လုံးကျော်ရှိသူများသည် ခန္ခာကိုယ်တစ်ခုလုံးတွင် မှဲ့အလုံးပေါင်း ၁၀၀ ကျော်ရှိနိုင်သည် ဟုသိရသည်။
တကိုယ်လုံးတွင် မှဲ့ ၁၀၀ ကျော်ပါက အရေပြားကင်ဆာရောဂါဖြစ်နိုင် သာမန်ထက် ငါးဆပိုသည်ဟု သိရသည်။ ဗြိတိန်နိုင်ငံရှိ အမြွှာပေါင်း ၃၀၀၀၏ အချက်အလက်များကို လေ့လာ၍ GP များအနေဖြင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေများအား သိရှိနိုင်သည်ဟု ဗြိတိန်နိုင်ငံထုတ် Dermatology ဂျာနယ်တွင်ဖော်ပြထားသည်။
Melanoma ဟုခေါ်သည့် အရေပြားကင်ဆာရောဂါအမျိုးအစားသည် ပုံမှန်မဟုတ်သော မှဲ့များမှနေ၍ ဖြစ်ပေါ်တတ်သဖြင့် မှဲ့ အရေအတွက်သည် ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်လျှက်ရှိနေသည်။ ဗြိတိန်နိုင်ငံတွင် တစ်နှစ်လျှင်လူပေါင်း ၁၃,၀၀၀ကျော် အရေပြားကင်ဆာ ဖြစ်ပွားလျှက်သည်။
လန်ဒန်မြို့ ကင်းကောလိပ်မှ သုသေတနပြုသူများသည် ရှစ်နှစ်ကာလအတွင်းရှိ မိန်းကလေး အမြွှာများ၊ အရေပြားအမျိုးအစားနှင့် ခန္ခာကိုယ်ရှိ မှဲ့များ၊ တင်းတိပ်များနှင့် ပက်သတ်သည့် အချက်အလက်များနှင့်၊ Melanoma ဖြစ်ပွားနေသည့် အမျိုသားနှင့် အမျိုသမီး ၄၀၀ တို့ကို ယှဉ်ကာ လေ့လာမှုလုပ် ခဲ့ပြီးနောက် ကင်ဆာဖြစ်ပွားနိုင်ခြေကို အလျှင်မြန်ဆုံးနှင့် အလွယ်တကူဖော်ထုတ်နိုင်သည့်နည်းလမ်းတွေ့ခဲ့ခြင်းဖြစ်သည်။
ကင်းကောလိပ်မှ အမြွှာလေ့လာရေးနှင့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပွားမှုဗေဒမှ လေ့လာသိရှိခြင်းဖြစ်ကာ မှဲ့အလုံးရေ ၁၀၀ ကျော်ရှိသူများသည် Melanoma ဖြစ်နိုင် ပိုမြင့်မားကြောင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
Source:myanmarnews24