What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 July 2017 14:31

ညဘက်အလုပ်လုပ်ကိုင်သူများ ပြင်းထန်သော ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မား

ညဘက်အလုပ်လုပ်ကိုင်သူများ ပြင်းထန်သော ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မား google.com

ညဆိုင်းအလုပ်လုပ်ချိန်များတွင် လူတို့၏ ခန္ဓာကိုယ်သည် ဆဲလ်များ ၏ မျိုးဗီဇပျက်စီးမှုတိုင်း ပြန်လည်ပြုပြင် နိုင်စွမ်း ပိုနည်းနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ညဆိုင်းအလုပ်လုပ်ချိန်တွင် လူတို့၏ခန္ဓာကိုယ်သည် 8-OH-dG ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုးကို စွန့်ထုတ်မှုပိုနည်းပါး ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ ယင်းမှ မျိုးဗီဇပျက် စီးမှု ပြန်လည်ပြုပြင်နိုင်သည့် ခန္ဓာကိုယ်၏ စွမ်းရည်နည်းပါးသွား သော လက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။

READ - လုပ်ငန်းခွင်မှာ ခေါင်းကိုက် တဲ့အခါ ဘာလုပ်သင့်လဲ???

ညဆိုင်းအလုပ်လုပ်သူများသည် အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးနှင့် အချို့သောကင်ဆာရောဂါများ ဖြစ်နိုင်ကြောင်း အခြားလေ့လာမှုများစွာကလည်း ဖော်ပြသည်။

ယခုလေ့လာတွေ့ရှိမှုသည် ယင်းရောဂါများ ဖြစ်ပွားရသည့်အကြောင်းရင်းများထဲမှ တစ်ခုဖြစ်နိုင်ကြောင်း သုတေသီများကပြောသည်။

8-OH-dG သည် သာမန်ခန္ဓာကိုယ်ဖြစ်စဉ်များအတွင်း ဖြစ် ပေါ်သော မျိုးဗီဇထိခိုက်ပျက်စီးမှုကို ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်ပြုပြင်စဉ်တွင် ဆီးနှင့်အတူ စွန့်ထုတ်လိုက်သော ဓာတု ပစ္စည်းဖြစ်သည်။

ယင်းကြောင့် 8-OH-dG ကို ခန္ဓာကိုယ်က ရှင်းထုတ်မှု နည်းပါးခြင်းကြောင့် မျိုးဗီဇပြန်လည်ပြုပြင်နိုင်စွမ်း လျော့ပါးကြောင်း ဖော်ပြနေသည်။

ယင်းကဲ့သို့ မျိုးဗီဇပျက်စီးမှု ကြာရှည်စွာဖြစ်ပေါ်ပါက ကင်ဆာ ရောဂါ (သို့မဟုတ်) အခြားသောရောဂါများ ဖြစ်ပွားနိုင်သည်ဟု သု တေသီများကပြောသည်။

ခန္ဓာကိုယ်၏ အတွင်းပိုင်းလုပ်ငန်းစဉ်ကို ထိန်းညှိရေးကူညီပေးသော ဟော်မုန်းဓာတ်တစ်မျိုးဖြစ်သည့် မီလာတိုနင်ပမာဏမလုံလောက်ခြင်းကြောင့် ယင်းကဲ့သို့ဖြစ်ပေါ်နိုင်ကြောင်း သုတေသီများကပြောသည်။

အမှောင်ထုကိုတုံ့ပြန်ရာတွင် ဦးနှောက်က မီလာတိုနင်ဟော် မုန်းပမာဏ အမြောက်အမြား ထုတ်လုပ်ပြီး ညဆိုင်းအလုပ်သမား များသည် သာမန်အချိန်အလုပ်လုပ်သူများနှင့် နှိုင်းယှဉ်ပါက ယင်း ဟော်မုန်းပမာဏပိုနည်းပါးသည်။

ညဆိုင်းအလုပ်လုပ်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီသော နေထိုင်မှုပုံစံများကို ထိန်းသိမ်းရန်နှင့် ကျန်းမာရေးနှင့်အညီ စား သောက်ရန်၊ ဆေးလိပ်ရှောင်ရန်နှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ရန် အ ရေးကြီးကြောင်း သုတေသီများက လမ်းညွှန်ထားသည်။

READ - အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုးဆက်များ

source: 7 day daily

Read times
Rate this item
(0 votes)