What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 December 2019 16:33

ခ်င္း(ဂ်င္း) စားသံုးျခင္း မျပဳလုပ္သင့္သူမ်ား

ဂ်င္းက က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြမ်ားစြာရွိၿပီး ေဆးဖက္ဝင္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ တမ်ိဳးျဖစ္ေပမယ့္ အခုေဖာ္ျပေပးမယ့္ က်န္းမာေရး ျပႆနာမ်ိဳးေတြ ရွိေနရင္ စားသုံးဖို႔ မသင့္ေတာ္ပါဘူး။

(၁) ကိုယ္အေလးခ်ိန္ နည္းလြန္းသူေတြ

Related image

ခ်င္းဟာ အစားအစာေတြထဲမွာ ပါဝင္တဲ့ အဆီဓာတ္ေတြကို ေခ်ဖ်က္ေပးႏိုင္စြမ္းရွိတာေၾကာင့္ ကိုယ္အေလးခ်ိန္နည္းလြန္းသူေတြ၊ ပိန္ေနတာေၾကာင့္ ဝဖို႔ႀကိဳးစားေနသူေတြအတြက္ေတာ့ စားဖို႔ မသင့္ေတာ္ပါဘူး။


(၂) ဆီးခ်ိဳေဆး ေသာက္သုံးေနရသူေတြ

Image result for ဆီးခ်ိဳေဆး

ခ်င္းဟာ ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစႏိုင္တယ္ဆိုေပမယ့္ ဆီးခ်ိဳေဝဒနာရွိလို႔ (မက္ေဖာ္မင္၊ အင္ဆူလင္) လို ဆီးခ်ိဳေဆးေတြ ေသာက္သုံးေနရသူေတြ အေနနဲ႔ဆိုရင္ ေဆးအာနိသင္ကို ေလ်ာ့က်သြားတာမ်ိဳး ျဖစ္ေစႏိုင္တာေၾကာင့္ သတိျပဳ စားသုံးသင့္ပါတယ္။

 

(၃) သည္းေျခမွာ ေက်ာက္တည္ေနသူေတြ

Image result for သည္းေျခမွာ ေက်ာက္တည္ေနသူေတြ

သည္းေျခေက်ာက္တည္တဲ့ က်န္းမာေရးျပႆနာကို ခံစားရသူေတြအေနနဲ႔ေတာ့ ခ်င္းကို စားသုံးမယ္ဆိုရင္ သည္းေျခရည္ ထုတ္လြတ္မႈကို တိုးေစႏိုင္တာေၾကာင့္ ေရာဂါအေျခအေနကို ပိုမိုဆိုး႐ြားသြားေစႏိုင္ပါတယ္။ သည္းေျခရည္မ်ားလြန္းတာဟာ သည္းေျခေက်ာက္တည္မႈကို ပိုမိုဆိုး႐ြားေစႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ စားသုံးသင့္ပါတယ္။


(၄) ကိုယ္ဝန္ေဆာင္ေတြ

Related image

ကိုယ္ဝန္ေဆာင္ေတြ ခ်င္း စားသုံးသင့္၊ မသင့္နဲ႔ ပတ္သက္ၿပီး ေလ့လာမႈေတြ အတိအက်မရွိေပမယ့္ ေမြးဖြားမယ့္ရက္ နီးလာရင္ စားသုံးဖို႔ကို ေရွာင္ၾကဥ္သင့္တယ္လို႔ အႀကံျပဳထားပါတယ္။ ဒါေၾကာင့္မို႔လို႔ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ခ်င္းစားသုံးမယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွသာ စားသုံးသင့္ပါတယ္။

 

ref irrawady

 

{Unicode}

======

ဂျင်း စားသုံးခြင်း မပြုလုပ်သူများ

ဂျင်းက ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိပြီး ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် တမျိုးဖြစ်ပေမယ့် အခုဖော်ပြပေးမယ့် ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေရင် စားသုံးဖို့ မသင့်တော်ပါဘူး။

 

(၁) ကိုယ်အလေးချိန် နည်းလွန်းသူတွေ

Related image

ချင်းဟာ အစားအစာတွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာကြောင့် ကိုယ်အလေးချိန်နည်းလွန်းသူတွေ၊ ပိန်နေတာကြောင့် ဝဖို့ကြိုးစားနေသူတွေအတွက်တော့ စားဖို့ မသင့်တော်ပါဘူး။


(၂) ဆီးချိုဆေး သောက်သုံးနေရသူတွေ

Image result for ဆီးခ်ိဳေဆး

ချင်းဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တယ်ဆိုပေမယ့် ဆီးချိုဝေဒနာရှိလို့ (မက်ဖော်မင်၊ အင်ဆူလင်) လို ဆီးချိုဆေးတွေ သောက်သုံးနေရသူတွေ အနေနဲ့ဆိုရင် ဆေးအာနိသင်ကို လျော့ကျသွားတာမျိုး ဖြစ်စေနိုင်တာကြောင့် သတိပြု စားသုံးသင့်ပါတယ်။

 

(၃) သည်းခြေမှာ ကျောက်တည်နေသူတွေ

Image result for သည္းေျခမွာ ေက်ာက္တည္ေနသူေတြ

သည်းခြေကျောက်တည်တဲ့ ကျန်းမာရေးပြဿနာကို ခံစားရသူတွေအနေနဲ့တော့ ချင်းကို စားသုံးမယ်ဆိုရင် သည်းခြေရည် ထုတ်လွတ်မှုကို တိုးစေနိုင်တာကြောင့် ရောဂါအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ သည်းခြေရည်များလွန်းတာဟာ သည်းခြေကျောက်တည်မှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

 

(၄) ကိုယ်ဝန်ဆောင်တွေ

Related image

ကိုယ်ဝန်ဆောင်တွေ ချင်း စားသုံးသင့်၊ မသင့်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အတိအကျမရှိပေမယ့် မွေးဖွားမယ့်ရက် နီးလာရင် စားသုံးဖို့ကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

Read times Last modified on Tuesday, 03 December 2019 09:16
Rate this item
(0 votes)