What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 August 2017 11:18

သခွားသီး နေ့တိုင်းစားသင့်တဲ့အကြောင်းရင်းများ

သခွားသီး နေ့တိုင်းစားသင့်တဲ့အကြောင်းရင်းများ google.com

ဗီတာမင်တွေရော သတ္တု ဓာတ်တွေရော အများကြီးပါသ လို ရေဓာတ်ကြွယ်ဝတဲ့ သခွားသီး ကို နေ့စဉ်ပုံမှန်စားရင် ထူးခြားမှု တွေကို လက်တွေ့ခံစားရမယ်လို့ ဆိုပါတယ်။ ဘာတွေကောင်းသ လဲဆိုရင် ဖော်ပြပေးလိုက်ပါတယ်။

ရေဓာတ်ပြည့်ဝစေခြင်း

သခွားသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ပါတယ်။

ဗီတာမင်လိုအပ်ချက်ဖြည့်ဆည်း ပေးခြင်း

သခွားသီးမှာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေနဲ့ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ ဓာတ်တွေပါ တယ်ဆိုတာ သိထားပါ။

ကိုယ်တွင်းအဆိပ်များထုတ်ပေး ခြင်း

ရေဓာတ်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဆီး ကနေတစ်ဆင့် စွန့်ထုတ်စေပါ တယ်

READ - ထောပတ်သီး တစ်နေ့တစ်လုံးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ခံတွင်းအနံ့ဆိုးကာကွယ်ပေးခြင်း

သခွားသီးပုံမှန်စားပေးရင် အစာအိမ်က အပူဓာတ်ကိုလည်း လျှော့ချပေးနိုင်ပြီး ခံတွင်းကိုရှင်း စေတဲ့အတွက် အနံ့အသက်ဆိုး တွေ မထွက်အောင် ကာကွယ်ပေး နိုင်ပါတယ်။

ကောင်းစွာအစာကြေစေခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာချေဖျက်မှုစနစ်ကို ကောင်း မွန်စွာ အလုပ်လုပ်စေပါတယ်။

အလေးချိန်လျော့ကျစေခြင်း

ကိုယ်အလေးချိန် လျှော့ချင်သူ တွေဆိုရင် သခွားသီးကို အဆာ ပြေအစားအစာအဖြစ် မကြာခဏ စားပေးနိုင်ပါတယ်။ ရေဓာတ် ကြောင့် ဗိုက်ပြည့်ပြီး အစာတွေ အများကြီးမစားမိတော့ပါဘူး။

သွေးဖိအားပုံမှန်ဖြစ်စေခြင်း

ပိုတက်ဆီယမ်လည်း ကြွယ်ဝတဲ့ အတွက် ခန္ဓာကိုယ်အတွက် သင့် တင့်တဲ့ သွေးဖိအားရှိနေအောင် ထောက်ကူပေးနိုင်ပါတယ်။

ကိုလက်စထရောပမာဏ လျှော့ ချပေးခြင်း

ကိုယ်တွင်းကမလို အပ်တဲ့၊ မကောင်းတဲ့ ကိုလက် စထရောတွေကိုလည်း လျှော့ချ ပေးပါတယ်။

အမြင်အာရုံကြည်လင်စေခြင်း

သခွားသီးကို အကွင်းလေးတွေ လှီးပြီး မျက်လုံးပေါ်တင်ပေးထား ရင် အမြင်ကြည်လင်စေသလို မျက်စိမို့အစ်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

ကင်ဆာရောဂါကာကွယ်ပေး ခြင်း

ရင်သားကင်ဆာ၊ ပရော့ စတိတ်ကင်ဆာ၊ သားအိမ်ကင် ဆာ စတဲ့ အမျိုးမျိုးသော ကင် ဆာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဆံပင်နှင့်အသားအရေ ကောင်း စေခြင်း

သခွားသီးမှာ ဆာလ ဖာနဲ့ဆီလီကွန်ကြွယ်ဝတဲ့အတွက် ဆံပင်သန်စွမ်းဖို့ ထောက်ကူ သလို ဗီတာမင်စီပါတဲ့ အတွက် အသားအရေထိန်းသိမ်းရာမှာ လည်း အကောင်းဆုံးပါပဲ။

READ - သင့်ကျန်းမာရေးအတွက် သောက်သုံးသင့်သော ဖျော်ရည် (၈) မျိုး

Source: 7 day daily

Read times
Rate this item
(1 Vote)