What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 17 May 2020 14:27

ပဲခူးမြို့တွင် အပူချိန်မြင့်တက်မှုကြောင့် Heat Stroke ဖြစ်ပွားမှု ၁၈ ဦးထိရှိလာ

ပဲခူးမြို့တွင် အပူချိန်မြင့်တက်မှုကြောင့် Heat Stroke ဖြစ်ပွားမှု ၁၈ ဦးထိရှိလာ Eleven Media Group

ပဲခူးမြို့ခုတင်၅ဝဝပြည်သူ့ဆေးရုံကြီးတွင် မေ ၈ ရက်မှ ၁၆ ရက်အထိ Heat Stroke ဖြစ်၍ လူနာ ၁၈ ဦး တက်ရောက်ကုသခဲ့ပြီး လေးဦးသေဆုံးသွားကာ သုံးဦးမှာ စိုးရိမ်နေရကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံအတွင်း နေရာဒေသအများအပြားတွင် တစ်နှစ်ထက်တစ်နှစ် စံချိန်တင် အပူချိန်များမြင့်တက်လာပြီး ပဲခူးမြို့တွင် လည်း ယခုနှစ်နွေရာသီကာလ မေ ၁၅ ရက် တွင် ယမန်နှစ်က ဧပြီလစံချိန်တင်အပူချိန် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ ရောက် ရှိခဲ့ပြီး အပူရှပ်ဖျားနာသူများလည်း များ ပြားခဲ့ကြောင်း သိရသည်။

 

အပူချိန် မြင့်မားပြီး အပူရှပ် (Heat Stroke)လူနာများ ပဲခူးမြို့နှင့်ပတ်ဝန်းကျင်ဒေသများတွင် များပြားလာ၍ ပဲခူးဆေးရုံ ကြီးသို့ရောက်ရှိချိန်တွင် ရောဂါများလည်းအလွန်ပြင်းထန်သောကြောင့် အချိန်ယူ ကုသချိန်မရဘဲယခုကဲ့သို့ ရှစ်ရက်အတွင်းမှာ ပင်လေးဦးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ်ကတော့ မနှစ်ကထက် အခြေ အနေဆိုးတယ်။မနှစ်ကနွေရာသီမှာ သေဆုံးသူကဒီလောက်မရှိခဲ့ဘူး။ အခုမေလ၈ရက် နေ့ကစပြီး ၁၆ရက်အထိ Heat Stroke ဖြစ်လို့ ဆေးရုံလာတဲ့သူ ရှစ်ရက်အတွင်းမှာ လူနာ ၁၈ယောက် ပဲခူးဆေးရုံကြီးကို ရောက်လာ ပြီး ရောဂါက ပြင်းထန်တဲ့အတွက်ကြောင့် လေးဦး သေဆုံးသွားခဲ့ပါတယ်။ သုံးဦးက လည်း အခြေအနေဆိုးလို့ လူနာရှင်တွေက လက်မှတ်ထိုးပြီးပြန်ခေါ်သွားကြပါတယ်။ နေကောင်းလို့ပြန်ဆင်းသွားတဲ့သူတွေလည်း ရှိပါတယ်။

 

လက်ရှိကျနော်တို့ဆေးရုံမှာလူနာ ခြောက်ယောက်ရှိနေပါတယ်။ ကျွန်တော်တော့ ပြည်သူတွေကို ကျန်းမာရေးအသိပေးချင်တာကတော့ နေအရမ်းပူတဲ့အချိန်အ ပြင်ကို လုံးဝမထွက်ပါနဲ့။ ကျန်းမာရေးနဲ့အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်းလိုက်နာပါ။ နေပူထဲမှာအမြဲနေတာမျိုး မဖြစ်စေချင်ဘူး။ အရိပ်ရတဲ့နေရာ လေဝင် လေထွက်ကောင်းတဲ့နေရာအရိပ်ရတဲ့နေရာ တွေမှာ နေသင့်ပါတယ်” ဟု ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောကြားသည်။

 

“ကျွန်တော်ကကျိုက်ထိုက လာတက်တဲ့ လူနာပါ။ လက်သမားလုပ်ပါတယ်။ စားဝတ်နေရေးကမပြေလည် တော့တစ်နေ့လုပ်မှ တစ်နေ့စားရတယ်။ နားလို့လည်းမရဘူး။နေပူထဲမှာ သုံးရက်လောက်လုပ်ပြီး အပူ ရှပ် ပြီး မေ့လဲသွားလို့ အခု ပဲခူးဆေးရုံကြီးကို ရောက်လာတာပါ။ ကျွန်တော်မရှိတော့ ကျန်ခဲ့တဲ့ အလုပ်သမားတွေလည်းအလုပ်ပျက်ကြပါတယ်။ ကျွန်တော် အခုတော့ ပြန်လန်းလာပါပြီ” ဟု Heat Stroke လူနာတစ်ဦးက ပြောကြားသည်။

 

Heat Stroke ရောဂါမှာ အပူဒဏ် ကြောင့် ဖြစ်သောရောဂါဖြစ်၍ ရောဂါဖြစ်လျှင် အပူချိန်များပြီး အပူချိန် ၁၀၅၊ ၁၀၆အထိ ရှိလာကာ လူနာမှာ ကယောင်ချောက်ချား ပြောခြင်း၊ တက်ခြင်း၊သတိလစ်ခြင်းများဖြစ် ခြင်း စသည့် ရောဂါလက္ခဏာများခံစားရပြီး အရက်အလွန်အကျွံသောက်သူများ အဖြစ်များ၍ သေဆုံးနိုင်ခြေများကြောင်းလည်း သိရသည်။

 

Eleven Media Group

Read times Last modified on Sunday, 17 May 2020 14:41
Rate this item
(0 votes)