What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 August 2017 10:37

ဖြည့်စွက်ဆေးကဲ့သို့ အာဟာရဖြစ်စေသော အစားအစာများ

ဖြည့်စွက်ဆေးကဲ့သို့ အာဟာရဖြစ်စေသော အစားအစာများ google.com

ဖြည့်စွက်ဆေးဝါးအချို့၏ ကျန်းမာရေး အကျိုးကျေးဇူးများကို ထောက်ခံသော လေ့လာမှုများစွာရှိသော်လည်း ယင်းဖြည့်စွက် ဆေးများတွင် ပါဝင်သော အာဟာရဓာတ်များစွာသည် အစားအစာများတွင် ပါဝင်နေသည်။

အဆီမပါသော အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဆင်သားနှင့် ကြက်ဥများတွင် အမိုင်နိုအက်စစ် ကြွယ်ဝစွာပါဝင်ပြီး ကြွက်သားများ ကျန်းမာရေး အထူးကောင်းမွန်သည့် အာဟာရဓာတ်ဖြစ်သည်။

ဒေါက်ခွရွက်၊ တရုတ်ဂေါ်ဖီထုပ်နှင့် ဘီတွတ်ဥတို့တွင် ခန္ဓာ ကိုယ်၏ သွေးလည်ပတ်မှုကို အားကောင်းစေပြီး နှလုံး ကျန်းမာရေး အတွက် အထောက်အကူပြုနိုင်သည့် နိုက်ထရစ်အက်စစ်များ ပါဝင်သည်။

READ - သခွားသီး နေ့တိုင်းစားသင့်တဲ့အကြောင်းရင်းများ

ကိုက်လန်၊ ဒေါက်ခွရွက်၊ ကြက်ဥ စသော အစားအစာများတွင် အမြင်အာရုံကို အားကောင်းစေနိုင်ပြီး မျက်စိကျန်းမာရေး ကောင်းမွန်သည့် အာဟာရဓာတ်များ ပါဝင်သည်။

ပဲများ၊ အစေ့အဆန်များ၊ ပဲနီလေးနှင့် ဖွဲနုတို့တွင် အစာချေ ဖျက်မှုစနစ်ကို အားကောင်းစေသော အာဟာရဓာတ်များ ပါဝင် သည်။

ကညွတ်၊ မက်မွန်သီးနှင့် နနွင်းတို့တွင် ခန္ဓာကိုယ်ရောင်ရမ်းမှု များကို သက်သာပျောက်ကင်းစေသော အာဟာရဓာတ်များ ပါဝင် သည်။

ဂရင်းတီးလက်ဖက်ခြောက်တွင် စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်တည်ငြိမ်မှုကို အားကောင်းစေနိုင်သည့် အမိုင်နို အက်စစ် ပါဝင် သည်။

ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ သင်္ဘောသီး၊ အာလူး၊ စွန်ပ လွံသီးတို့တွင် သွေးထဲရှိ ဆိုဒီယမ်ပမာဏကို ထိန်းညှိ ပေးနိုင်သော ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးတိုးမဖြစ်အောင် ကာကွယ် နိုင်သည့် အစားအစာများ ဖြစ်သည်။

အဆစ်အမြစ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းကို ကာကွယ်ရန် မဂ္ဂနီဆီယမ် ပါဝင်သော အစားအစာများ စားပေးသင့်သည်။

ဆီးသွားများခြင်းနှင့် သုက်လွှတ်ဂလင်းကျန်းမာရေးအတွက် အပင်မှရသော ဆီများ၊ နှမ်းစေ့နှင့် ထောပတ်သီးတို့ကို စားသုံးသင့်သည်။ 

READ - ကြက်ဥစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၅) မျိုး

Source: 7 day daily         

Read times
Rate this item
(1 Vote)