What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 August 2017 14:40

နှလုံးကျန်းမာဖို့ ဘယ်လိုအိပ်စက်အနားယူရမလဲ

နှလုံးကျန်းမာဖို့ ဘယ်လိုအိပ်စက်အနားယူရမလဲ google.com

မှောက်အိပ်ရင် ဒါမှမဟုတ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ရင် သင့်ခန္ဓာကိုယ်ရဲ့ အပိုကိုယ်အလေးချိန်က သင့်နှလုံးပေါ် ဖိအားသက်ရောက်သွားတယ်။

အဲဒီအခါ နှလုံးက ပုံမှန်အတိုင်း သွေးတွေကို လှည့်ပတ်နိုင်ဖို့ပိုအားထုတ်ရပါတယ်။ နှလုံးဝန်ပိသွားပါတယ်။ ဒီလိုနှလုံးပေါ်မှာ ဒဏ်ဖြစ်နှုန်း လျော့ကျစေဖို့ ပက်လက်လှန်အိပ်ပါ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ညာဘက်စောင်းပြီး အိပ်စက်ခြင်းက သင့်နှလုံးကျန်းမာပြီး ဘဝသက်တမ်းရှည်စေပါတယ်။

နှလုံးသားကျန်မာဖို့ ဘာတွေလိုက်နာရမလဲ

၁. နှလုံးကျန်းမာရေးနှင့် အညီ စားပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခု လုံးအစားနဲ့ ငါးစတာတွေကို များများစားပါ။ ဆိုဒီယမ်၊ ပြည့်ဝဆီနဲ့ သကြားများများစားတာကို ရှောင်ပါ။

၂. လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။ တစ်ပတ်မှာ ၁၅၀ မိနစ်ခန့် ခပ်သွက်သွက်လေ့ကျင့်ခန်း (ဥပမာ- ခပ်သွက်သွက်လမ်းလျှောက်တာ) ကို လုပ်ဆောင်သင့်ပါတယ်။

READ - ဘယ်ဘက်ကို စောင်းအိပ်ခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

၃. ဆေးလိပ်ရှောင်ပါ

ဆေးလိပ်၊ စီးကရက်မသောက်ပါနဲပ။ ဆေးလိပ်သောက်တတ်ရင်ဖြတ်ပါ။ အရက်အလွန်အကျွံမသောက်ဘဲ မနေနိုင်ရင် ထိန်းချုပ်သောက်ပါ။ အထူးသဖြင့် အမျိုးသားဖြစ်ရင် တစ်နေ့မှာ အရက်နှစ်ပတ်၊ အမျိုးသမီးဖြစ်ရင် တစ်နေ့မှာ အရက်တစ်ပတ်တက် ပိုမသောက်သင့်ပါဘူး။

၎. သွေးတွင်း ကိုလက်စထရောအဆင့်ကို ဆန်းစစ်ပါ။

သွေးတွင်း ကိုလက်စထရောအဆင့်ကို စစ်ဆေးပါ။ 200mg/dl ထက် မကျော်ပါစေနဲ့။ သွေးဖိအားကို ထိန်းချုပ်ပါ။ သွေးတိုးရှိနေရင် အထူးဂရုစိုက်နေထိုင်ပါ။

၅. သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပါ။

ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းနေထိုင်ပါ။ သွေးတွင်းသကြားဓာတ်က ညဘက် ၁၂ နာရီနောက်ပိုင်း ဘာမှမစားဘဲ မနက်စောစောစစ်တဲ့ အခါ 100mg / dlထက် မကျော်ပါစေနဲ့။

၆. နှလုံးကျန်းမာစေမည့် ဆေးမှီဝဲပါ။

နှလုံးကျန်းမာရေးကောင်းဖို့ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ လိုအပ်ပါက ကုသမှုခံယူပါ။ နှလုံး ကျန်းမာစေမယ့် ဆေးဝါးမှီဝဲပါ။

၇. ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့် အညီထိန်းပါ။

ကိုယ်အလေးချိန်က BMI ၂၅အောက်မှာပဲ ထားရှိသင့်ပါတယ်။ အဝလွန်နေရင် ကိုယ်အလေးချိန်ကို လျှော့ချပါ။

READ - အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုးဆက်များ

Source: aronamin gold myanma

 

Read times
Rate this item
(1 Vote)