Maersk ကွန်တိန်နာသင်္ဘောလိုင်းက UB-612 ဆိုတဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ပြီး ကမ္ဘာတစ်လွှား ဖြန့်ချိမည့်
အမေရိကန်ဆေးဝါးကုမ္ပဏီ COVAXX နှင့် သဘောတူညီချက် ရရှိထားပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ ကာကွယ်ဆေးအတွက် အတည်ပြု ခွင့်ပြုချက် ရရှိတဲ့အခါမှာ ဖြန့်ချိရေး စတင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ COVAXX အနေဖြင့် ထိုးဆေး သန်း ၁၀၀ ကို ကမ္ဘာတစ်လွှား ဖြန့်ချိဖို့ ကတိကဝတ်ရရှိထားပြီး ဖြစ်ပါတယ်။
လောလောဆယ်မှာ COVAXX က ကာကွယ်ဆေး စမ်းသပ်မှု အဆင့်(၁)ကို ထိုင်ဝမ်မှာ လုပ်ကိုင်လျက် ရှိပြီး အဆင့်(၂)ကိုတော့ အမေရိကန်နိုင်ငံ နီဘရာစကာ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှာ စမ်းသပ်ဖို့ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။
အဆင့်(၃)မှာ ကာကွယ်ဆေးကို လူထောင်ချီပြီး စမ်းသပ်ဖို့် လိုအပ်တာအတွက်ကိုတော့ ဘရာဇီးနိုင်ငံရှိ အကြီးမားဆုံး ရောဂါဆန်းစစ်ရှာဖွေရေးကုမ္ပဏီ Dasa နဲ့ သဘောတူညီချက် ရယူထားပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံများထံ UB-612 ကိုဗစ်ကာကွယ်ဆေး ဖြန့်ချိဖို့အတွက် ထုပ်ပိုးတင်ပို့၊ လေကြောင်းနဲ့ ရေကြောင်း ပို့ဆောင်ခြင်း၊ မြေပြင်မှာ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ရုံများတွင် ထားရှိခြင်း၊ ဖြန့်ချိခြင်း စတဲ့ logistics ကိစ္စအဝဝကို Maersk က တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စက်ရုံမှ ထုတ်ပေးလိုက်တဲ့နေရာမှ ကာကွယ်ဆေး သုံးစွဲမယ့် အဖွဲ့အစည်းအထိ အစမှ အဆုံးတိုင် COVAXX မှ ချမှတ်ထားတဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ ဆေးဝါး မပျက်စီးအောင် သတ်မှတ်အပူချိန်အတွင်း အစမှ အဆုံးတိုင် ရှိနေအောင်လည်း အအေးပေးသိုလှောင်သယ်ပို့ခြင်းကို cold-chain storage ဂရုတစိုက် လုပ်ကိုင်ပေးရမှာ ဖြစ်ပါတယ်။
maersk.com