လေးဘက်နာများအတွက် ရှောင်ရှားသင့်သော အစားအစာများ နှင့် စားသင့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
အနီရောင်အသားများ
အနီရောင်အသားများတွင် အဆစ်ရောင်ခြင်းကို ပိုဆိုးစေသော၊ ဝစေသော ပြည့်ဝဆီပါဝင်သောကြောင့် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်သည်။
သကြားနှင့် ဂျုံ
သကြားနှင့် ဂျုံပါဝင်သော အစားအစာများ ဥပမာ- သရေစာမုန့်များ၊ ပေါင်မုန့်၊ ပါစတာ စသည့် အစားအသောက်များသည် ကိုယ်အလေးများကို တိုးစေပြီး အရိုးအပေါ် ဖိအားပိုများစေပြီး အရိုးရောင်ခြင်းကို တိုးစေသောကြောင့် မစားသင့်ပါ။
ဆီးကြော်အစားအသောက်များ
ဆီကြော်အစားအသောက်များသည် အဆီများတိုးစေသောကြောင့် အရိုးအပေါ်ဖိအားတိုးစေပြီး လေးဘက်နာကို ပိုဆိုးစေသည်။
ဂလူတန်ပါဝင်သော အစားအစာများ
ဂလူတန်ပါဝင်သော အစားအစာများ ဥပမာ- အာလူး၊ ပြောင်း၊ ဂျုံ၊ ဘာလီ စသည့် ကောက်ပဲသီးနှံများသည် လေးဘက်နာကို ပိုဆိုးစေသည်။
အရက်
အရက်သည် အလွန်အကျူးသောက်သုံးခြင်းသည် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်သည်။
အဆင်သင့်ပြုလုပ်ထားသော အစားအစာများ
ဥပမာ - ခေါက်ဆွဲခြောက်များ
လမ်းဘေးအစားအစာများ
ဥပမာ - သရက်သီးသုပ်၊ ရှောက်သီး၊ ဝက်သားဒုထိုး၊ ယင်နားစားများ
လေးဘက်နာရောဂါသည်များ စားသင့်သော အစားအစာများ
Omega 3 ပါဝင်သော အစားအစာများ ဥပမာ - ငါးကထွက်တဲ့အဆီ၊ ငါးမြင်းဗိုက်အသားအဆီ၊ ငါးကြီးဆီ။
ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ ဥပမာ - အဝါရောင်အသီးအနှံ မုန်လာဥဝါ၊ ရွှေဖရုံသီး၊ သရက်သီး၊ သင်္ဘောသီး။
နံနံပင်၊ နနွင်း၊ ဂျင်း၊ နာနတ်သီး၊ လက်ဖက်စိမ်း၊ ချဉ်သော ချယ်ရီသီးနှင့်သလဲသီး၊ မုန်လာဖြူ၊ ငရုတ်ကောင်းတို့ ဖြစ်ပါသည်။