What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 January 2021 17:40

မျက်စိအတွင်းတိမ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများ

အတွင်းတိမ်ဆိုသည်မှာ မျက်စိအတွင်းရှိ မှန်ဘီလူး(Lens)ကို တိမ်ဖုံးစေသော မျက်စိရောဂါ တစ်မျိုးဖြစ်ပါတယ်။ အတွင်းတိမ်ဖြစ်နေသော သူသည် မြူနှင်းကျနေသော ပြတင်းပေါက်မှာ တစ်ဆင့် ကြည့်နေရသကဲ့သို့ ခံစားရတယ်။

အတွင်းတိမ် အများစုက တဖြည်းဖြည်း စဖြစ်လာပြီး အစပိုင်းအခြေ အနေတွင် ဒုက္ခမပေးပါ။ သို့သော် အချိန်ကြာလာတာနဲ့အမျှ အတွင်းတိမ်သည် မြင်ကွင်းကို နှောင့်ယှက်လာနိုင်ပါတယ်။ ကားမောင်း၊ စာဖတ်နဲ့ နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာ စေတယ်။

အတွင်းတိမ်သည် မျက်လုံးတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံး တစ်ဖက်ကနေ အခြားတစ်ဖက်ကိုတော့ မကူးနိုင်ပါ။ လက္ခဏာအချို့ကို အောက်မှာဖော်ပြထားပါတယ်။

အမြင်မှုန်ဝါးခြင်း

အရောင်များ မှိန်သွားသလိုထင်ရခြင်း

ကားရှေ့မီး၊ နေရာင် သို့မဟုတ် မီးလုံးများကိုကြည့်လျှင် စူးရှတောက်ပသော အလင်းကို ခံစားရခြင်း။ ထိုအလင်းရောင်များ၏ ပတ်လည်တွင် အကွင်းတစ်ခုကို မြင်နေရသလို ခံစားရခြင်း။

ပုံရိပ်နှစ်ထပ်မြင်နေရခြင်း

ညဖက်ကောင်းစွာ မမြင်ရခြင်း

မျက်မှန် ပါဝါ မကြာခဏပြောင်းနေခြင်း

အတွင်းတိမ် အများစု၏ ဖြစ်ပွားမှုအကြောင်းရင်းမှာ အသက်ကြီးလာခြင်း သို့မဟုတ် မျက်လုံးတစ်ရှူးများ ပြောင်းလဲမှုကိုဖြစ်သော ထိခိုက်ဒဏ်ရာရခြင်း တို့ကြောင့်ဖြစ်ပါတယ်။ အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ်(၂)မျိုး ရှိပါတယ်။

ပထမတစ်မျိုးက ပရိုတင်း အစုအဝေးများ မျက်လုံးတွင်းရှိ မှန်ဘီလူးတွင် စုပုံလာကာ ပုံရိပ်ကြည်လင် ပြတ်သားမှုကို အားနည်းလာစေတယ်။

ဒုတိယတစ်မျိုးက ကြည်လင်နေတဲ့ မှန်ဘီလူးသည် တဖြည်းဖြည်းအရောင်ပြောင်းပြီး ဝါညိုရောင်သန်းလာတယ်။ ဒါကြောင့် ပုံရိပ်များသည် ဝါညိုရောင်သန်းလာခြင်း ဖြစ်တယ်။

မျက်လုံးမှန်ဘီလူးသည် ရေ၊ ပရိုတင်းနဲ့ အများဆုံး ပြုလုပ်ထားတယ်။ အသက်အရွယ်နဲ့ လိုက်ပြီး မှန်ဘီလူးက ပိုမိုထူလာကာ ပျော့ပျောင်းမှု အားနည်းလာတယ်။ ထိုကနေ ပရိုတင်းအစုအဝေးဖြစ် လာပြီး မျက်လုံးအတွင်း နောက်ဖက်မှာရှိတဲ့ အလင်းအာရုံခံအလွှာ Retina ဆီကို အလင်းရောက်တာ ကိုကြားဝင်တားဆီးတယ်။ ဒါကြောင့် အမြင်အာရုံဝေဝါးပြီး မှုန်လာတယ်။

မှန်ဘီလူးအရောင်ပြောင်းခြင်းဟာ ဝါညိုရောင်ဖျော့ ကနေစပြီး တဖြည်းဖြည်းနဲ့ ပိုဆိုးလာမယ်။ နောက်ပိုင်း အပြာရောင် သို့မဟုတ် ခရမ်းရောင်ကို ခွဲခြားနိုင်စွမ်းမရှိတော့တဲ့အထိ ဖြစ်လာနိုင်ဖွယ် ရှိတယ်။

အတွင်းတိမ် ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်အသက်အရွယ် – အသက်ကြီးလာတာနဲ့အမျှ အတွင်းတိမ် ပိုဖြစ်လာနိုင်ပါတယ်။ မိသားစုရာဇဝင် – မိသားစုထဲမှာ အတွင်းတိမ်ဖြစ်တဲ့လူရှိရင် ဖြစ်နိုင်ချေများပါတယ်။

မျက်စိထိခိုက်ဖူးခြင်း သို့မဟုတ် မျက်စိခွဲစိတ်ဖူးခြင်း

အရက်သောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်း

သွေးတိုး၊ ဆီးချို အဝလွန်ခြင်း ကဲ့သို့သော ရောဂါများရှိခြင်း

နေရောင်နဲ့ ကြာရှည် ထိတွေ့ခြင်း

စတီးရွိုက်ဆေးများ (Corticosteroid) ကြာရှည်သောက်သုံးခြင်း

စသည်တို့ကလည်း အတွင်းတိမ်ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေပါပဲ။ မိမိကိုယ်ကို ရောဂါရှိတယ်လိုသတိထားမိပါက နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသဆွေးနွေးသင့်ပါတယ်။

Read times
Rate this item
(1 Vote)