ဆံပင်မှာ ဗောက်ထတာကလည်း အလှပျက်စေတဲ့ အရာတွေထဲက တစ်ခုပါ။
အေးမြခြောက်သွေ့တဲ့ ရာသီမှာဆို ဦးရေပြားမှာ ဗောက်ပိုဖြစ်လွယ်ပါတယ်။
ဗောက်တွေပျောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
ဘာကြောင့် ဗောက်ဖြစ်တာလဲ။ ဗောက်ဖြစ်ရတဲ့ အကြောင်းရင်းခံတွေက တော်တော်လေး များပါတယ်။
- ဓာတုပစ္စည်း အပြင်းစားတွေ ပါဝင်နေတဲ့ ဆံသားသုံးပစ္စည်းတွေကြောင့် ဦးရေပြားမှာ ကျိန်းစပ်စပ်ဖြစ်ခြင်း
- လူနေမှုပုံစံက မကျန်းမာခြင်း
- ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေရှိနေခြင်း
- စိတ်ဖိစီးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်း
- ဝမ်းချုပ်ခြင်း၊ အအေးဒဏ်ကို အလွန်အမင်းထိတွေ့တာတွေကြောင့် ဗောက်ဖြစ်တာပါ။
ဗောက်သက်သာအောင် ပြုလုပ်ရမည့် နည်းလမ်းများ
ဗောက်သက်သာဖို့ အဓိက အကျဆုံးက ကိုယ့်မှာ ဗောက်ဖြစ်ရတဲ့ အကြောင်းရင်းခံကို ရှာဖွေဖို့ပါ။
ဗောက်ပျောက်စေပြီး ဗောက်ထပ်မဖြစ်စေမယ့် နည်းအချို့မျှဝေပေးလိုက်တယ်။
- ဆံသားကိုသန့်ရှင်းအောင်ထားပြီး ညစ်ညမ်းမှုတွေနဲ့ မထိတွေ့အောင်ကာကွယ်ပါ။
- နေ့တိုင်းဆံပင်ကို ရှင်းလင်းပြီး ဖြီးသင်ပါ။ ခေါင်းဖြီးတာက ဦးရေပြားပေါ်က သွေး လှည့်ပတ်မှု ကို ကောင်းစေပြီး ဦးရေပြားပေါ်က ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေး ပါတယ်။
- လက်ချောင်းထိပ်လေးတွေကို သုံးပြီး တစ်နေ့နှစ်ကြိမ် ဦးရေပြားကိုနှိပ်နယ်ပေးပါ။ ဆံပင်သန်လာပါလိမ့်မယ်။
- ဒိန်ချဉ်နဲ့ သံပရာရည်သုံးပြီး ဆံပင်ကိုပေါင်းတင်ပါ။ ဗောက်ထတာနဲ့ ဆံပင်ကျွတ်တာကို သက်သာစေပါလိမ့်မယ်။
- ခေါင်းလျှော်ပြီးတဲ့အခါ ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်ပြီး ခေါင်းကို ဆေးချပေးပါ။ ဗောက်သက်သာပါတယ်။
- နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဟင်းသီးဟင်းရွက်တွေ ပါအောင်စားသုံး ပေးပါ။
- မနက်ခင်း နေရောင်ခြည်နဲ့ ဆံသားကိုထိတွေ့ခွင့်ပေးပါ။
Source: kumudranews