ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။
ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။
ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ ပြောင်းလဲတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရတာပါ။
ရာသီဥတု ပြောင်းလဲတဲ့အခါ လေထုက ခြောက်သွေ့တာ အပါအဝင် အပူချိန် မြင့်လွန်းတာ၊ အေးလွန်းတာ၊ နေရောင် စူးလွန်းတာ၊ လေထုထဲမှာ စိုထိုင်းဆ မြင့်လွန်းတာတွေက ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ကြိုတင်လက္ခဏာအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို မခံစားရခင် ၄၈ နာရီ အလိုလောက်မှာ အစောပိုင်း လက္ခဏာတွေအနေနဲ့ ခေါင်းကိုက်တာကို ပြင်းပြင်းထန်ထန် မခံစားရခင်မှာ
တစ်ချိန်လုံးလိုလို သမ်းနေတာ
နေထိုင်လို့ မကောင်းသလို အားကုန်နေသလို ခံစားနေရတာ
စိတ်ဓာတ်ကျနေတာ
အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်နေတာမျိုး ခံစားရနိုင်ပါတယ်။
ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဆိုရင်
လာဗင်ဒါဆီ ရှူပေးပါ
ယောဂ လေ့ကျင့်ပါ
ချင်း (ဂျင်း) စားပါ
ရေသောက်ပါ
အိပ်ရေးဝဝအိပ်ပါ
အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
Hellosayarwon
#Myanmar Health Products Guide