What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 February 2020 14:19

ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းက အသက်အန္တရာယ်ကို ထိခိုက်နိုင်စွမ်းမရှိပေမဲ့ တနေ့တာလုပ်ဆောင်မှုများကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လူတော်တော်များများ ခံစားဖူးပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြင့် ပျို့တာ ၊ အော့အန်တာ ၊ အမြင်ေ၀ဝါးလာတာ၊ ခြေလက်များတုန်တာ များဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုက်တစ်ခြမ်းကိုက်ခြင်းက ကျား၊ မ မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် ၁၂ မှ ၅၀ ဝန်းကျင် များတွင် အများဆုံးခံစားရသော ဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ကိုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာအများက ဝမ်းချုပ်တာ ၊ ခန္ဓာကိုယ်အပူချိန် မညီမျှတာ ၊ စိတ်ဖိစီးမှုများတာ ၊ ဆူညံ့တာ ၊အိပ်ရေးပျက်တာ၊ အအီအစိမ့်များ အလွန်စားတာ ၊ ဓာတ်မတည့်သော အနံ့များရှူချမိတာ ၊ ပင်းပန်းနွမ်းနယ်တာများက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အများဆုံးဖြစ်ပေါ်စေနိုင်ပါတယ်။

 

Manufacturers & Distributors (တိုင်းရင်းဆေးဝါး ထ/လ လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for တိုင်းရင်းဆေးသါးထုတ်လုပ်

 

ဒါအပြင် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားနေရှင်များ အနေဖြင့် အရက် ၊ ဆေးလိပ်သောက်တာ ၊ အငံဓာတ်ပါတဲ့အစားအစာများစားတာ ၊ နို့ထွက်ပစ္စည်းများ စားသောက်တာ၊ အပူချိန်မြင့် သောနေရာများတွင်နေတာက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုပြီး ဖြစ်ပေါ်စေပါတယ်။

 

ကွမ်း ၊ ဆေလိပ် ၊ အနံပြင်သော ရေမွှေး ၊ အရက် ၊ အပူချိန်မြင့်သော နေရာတွင် နေခြင်းမှရှောင်ကျဉ်တာ ၊ ရေခဲရေသောက်တာ ၊ အဆီပါသော အစားအစာများ စားခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကိုသက်သာစေနိုင်ပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အိပ်ရေး၀၀အိပ်တာ ၊ စိတ်ဖိစီးမှုများကိုလျော့ချတာ ၊ အကိုက်ခဲပျောက်ဆေး များကိုဆရာဝန် လမ်းညွှန်ချက်များအတိုင်း သောက်သုံးခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 


 


 


Image result for တိုင်းရင်းဆေးသါးထုတ်လုပ်

 


 


 



Read times Last modified on Monday, 24 February 2020 14:37
Rate this item
(0 votes)