What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 September 2022 16:22

ကျန်းမာရေးအတွက် လုံးဝလျစ်လျူရှူ မသင့်တဲ့ ရောဂါလက္ခဏာ (၅) ချက်

ကျန်းမာရေးအတွက် လုံးဝလျစ်လျူရှူ မသင့်တဲ့ ရောဂါလက္ခဏာ (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. ရင်ဘတ်နာခြင်း

ရင်ဘတ်နာခြင်း၊ ချွေးများထွက်ခြင်း၊ အသက်ရှူခက်ခဲလာခြင်း၊ မအီမသာ ပျို့အန်ခြင်းစတဲ့ ရောဂါလက္ခဏာစု တွေ ဖြစ်ပေါ်လာတာနဲ့ဆေးရုံဆေးခန်းကို ချက်ခြင်းသွားသင့်ပါတယ်။ ရုတ်တရက်နှလုံးအောင့်ခြင်းဟာ သွေးခဲများ သင်အဆုတ်အတွင်းသို့ရောက်နေလို့ ရုတ်တရတ် နာကျင်ခြင်း လည်း ဖြစ်နိုင်ပါတယ်။ ရင်ဘတ်က ပြင်းပြင်းထန်ထန်နာကျင်ပြီး ပျောက်သွားတယ်၊ ပြီးရင် ပြန်လည်နာကျင်လာမယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသို့ ချက်ခြင်းသွားသင့်ပါတယ်။

 

၂. လက်များနှင့် ခြေထောက်များအားနည်းခြင်း။

သင့်ရဲ့လက်တွေ၊ ခြေထောက်နဲ့ မျက်နှာတွေ ထုံကျင်နေတယ်ဆိုရင် ဒီလက္ခဏာတွေဟာ လေသင်တုန်းဖြတ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သင့်ခန္ဓာကိုယ် တစ်ဖက်ခြမ်းပဲ သီးသန့် ဖြစ်နေတယ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးသွားခြင်း၊ လမ်းလျှောက်လို့မရခြင်း၊ ခေါင်းကိုက်ခြင်း၊ စကားပြောရာမှာ မပီမသဖြစ်ခြင်း၊ သူများပြောလိုက်တာကို နားမလည်ခြင်း စတဲ့ရောဂါလက္ခဏာစု များကိုတွေ့ရတာနဲ့ ချက်ခြင်း ဆေးခန်းဆေးရုံသွားသင့်ပါတယ်။

 

၃. ခြေသလုံးပိုင်းက နာကျင်ခြင်း။

သင့်ခြေထောက်အတွင်းမှာ သွေးပြန်ကြောပိတ်ဆို့ခြင်းဖြစ်နိုင်ပြီးတော့ သင်အကြာကြီးထိုင်နေမယ် အိပ်ယာထဲမှာ အကြာကြီးလဲနေရင်လည်း ဖြစ်တတ်ပါတယ်။ တကယ်လို့သွေးခဲပိတ်ဆို့ခြင်းဖြစ်နေရင်တော့ သင်မတ်တပ်ရပ်နေစဉ်၊ လမ်းလျှောက်နေစဉ် နာကျင်လာတာကို တွေ့ရမှာ ဖြစ်ပြီး သင့်ခြေထောက်ဟာ နီရဲယောင်ယမ်းခြင်း ဖြစ်တတ်ပါတယ်။

 

၄. ဆီးသွားစဉ်သွေးပါလာခြင်း။

ဆီးသွားစဉ် သွေးပါလာခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမဲ့ ဆီးသွားစဉ် သွေးပါပြီး သင်ရဲ့နောက်ကျောကလည်း နာကျင်နေမယ်ဆိုရင် သင့်ကျောက်ကပ်မှာ ကျောက်တည်နေတာဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာကျောက်တည်တယ်ဆိုတာ သတ္တုများနဲ့ဆားများဟာ ကျောက်အဖြစ်တည်လာပြီး သင့်ဆီးသွားလမ်းကို ပိတ်ဆို့ထားလို့ နာကျင်ရတာ ဖြစ်ပါတယ်။

 

၅. ချွဲသလိပ်များနှင့် အသက်ရှူကြပ်လာခြင်း။

အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေက အရေးကြီးပါတယ်။ တကယ်လို့ ချွဲသလိပ်များနဲ့ အသက်ရှူကြပ်လာမယ်ဆိုရင် ပန်းနာရင်ကြပ်၊ အဆုတ်ရောဂါများ၊ ဓာတ်မတဲ့မှု စတာတွေ ဖြစ်နိုင်ပါတယ်။

Read times
Rate this item
(0 votes)