What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 08 June 2020 16:27

ပြင်းထန်သော သွေးတိုးရောဂါ၏ ရောဂါလက္ခဏာများ

သင်ရဲ့ သွေးပေါင်ချိန်က ကျန်းမာရေးနှင့် မညီညွတ်တဲ့အတိုင်းတာထိ မြင့်တက်လာသောအခါ သွေးပေါငချိန်မြင့်တတ်ခြင်း ဒါမှမဟုတ် သွေးတိုးရောဂါ ဖြစ်ပွားခြင်းကို ဖြစ်ပေါ်စေပါတယ်။

သွေးပေါင်ချိန်တိုင်းတာတယ်ဆိုတာက သွေးကြောများမှတစ်ဆင့် သွေးစီးဆင်းသည်နဲ့ နှလုံးဖိအားပေးနေစဉ် သွေးနှင့်ခုခံနိုင်မှုပမာဏကို တွက်ချက်တာပဲ ဖြစ်ပါတယ်။

 

ကျဉ်းမြောင်းတဲ့ သွေးလွှတ်ကြော ခုခံတိုးမြှင့်ခြင်း ၊ သွေးလွှတ်ကြောများ ကျဉ်းမြောင်းလာ လေလေက သွေးပေါင်ချိန်မြင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရေရှည်တွင် သွေးဖိအားများခြင်းက နှလုံးရောဂါ အပါအဝင်တခြားသော ကျန်းမာရေးပြဿများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ နှင့် ပတ်သတ်ပြီး သိထားသင့်တဲ့ သွေးတိုးရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။

 

သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

သွေးတိုးရောဂါယေဘုယျအားဖြင့် အသံတိတ် အခြေအနေဖြစ်ပွားလေ့ရှိပါတယ်။ လူအများ သွေးတိုးရောဂါနဲ့ ပတ်သတ်ပြီး ရောဂါလက္ခဏာ ခံစားရလေ့မရှိပါဘူး။ ရောဂါလက္ခဏာကို ထင်ထင်ရှာရှား သိသာဖို့က သွေးတိုးခြင်း ပြင်းထန်းလာတဲ့အချိန်မှ သွေးတိုးနေတာကို သတိထားမိတတ်ကြတတ်ပါတယ်။ အောက်ဖော်ပြပါ လက္ခဏာများက ပြင်းထန်သော သွေးတိုးရောဂါ၏ ရောဂါလက္ခဏာများတွင် ပါဝင်နိုင်ပါတယ်။

 

ခေါင်းကိုက်ခြင်း ၊ အသက်ရှုမဝခြင်း ၊ နှာခေါင်းသွေးယိုခြင်း ၊ မူးဝေခြင်း ၊ ရင်ဘတ်နာခြင်း ၊ အမြင်အာရုံအပြောင်းအလဲဖြစ်ခြင်း ၊ ဆီးထဲမှာသွေးပါခြင်း တို့ဖြစ်ပါတယ်။ ဤရောဂါလက္ခဏာများဖြစ်ပေါ်ပါက ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။

 

သွေးတိုးရောဂါ ရှိမရှိသိနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာခြင်းဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်ပြနေကျ ဆရာဝန် ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတွေမှာလည်း သွေးပေါင်ချိန်တိုင်းတာနိုင်ပါတယ်။

 

တကယ်လို့ သင်က လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တဲ့သူတစ်ယောက်ဆိုရင် သွေးပေါင်ချိန် တိုင်းတာခြင်း နဲ့ သွေးတိုးရောဂါ လက္ခဏာတွေကို ဘယ်လိုအချိန်တွေမှာ ဘာလုပ်ရမလဲဆိုတာက သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးထားဖို့လိုပါမယ်။ ဒါကလည် အန္တရာယ်မဖြစ်ခင် ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

 

ဥပမာအားဖြင့် သင့် ဒါမှမဟုတ် သင့်မိသားစုဝင်ထဲမှာ နှလုံးရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါ အခြေနေတစ်ခုခုနဲ့ ရင်ဆိုင်နေရသူ တစ်ဦးတစ်ယောက်ရှိနေမယ်ဆိုရင် သင့်ကို ဆရာဝန်က တစ်နေ့နှစ်ကြိမ်လောက် သွေးပေါင်ချိန် တိုင်းတာဖို့ အကြံပြုပါလိမ့်မယ်။

 

ဒါဟာ ဆရာဝန်တစ်ယောက်အနေဖြင့် သင့်ရဲ့ ပြဿနာတစ်စုံတစ်ခု မဖြစ်ခင်မှ အခက်ခဲမရောက်စေဖို့အတွက် ကြိုတင်ဖြေရှင်းနိုင်ဖို့အတွက် ကူညီပေးတာလည်းဖြစ်ပါတယ်။

 

Written By Aung Win (HPD)

Ref: Health Line

Read times
Rate this item
(1 Vote)