အလှအပမြတ်နိုးသူတွေအတွက် အကြောပြတ်ဒဏ်ရာတွေဟာ အိမ်မက်ဆိုးတစ်ခုပါပဲ။အကြောပြတ်ဒဏ်ရာတွေဟာ အနီရောင်၊ခရမ်းရောင်၊အဖြူရောင် စတဲ့အရောင်တွေနဲ့ ခန္ဓာကိုယ်မှာ ဖြစ်တတ်ပြီးတော့ ခန္ဓာကိုယ်အလှကို ပျက်စီးစေတာပါ။
အကြောပြတ်ခြင်း ဘာကြောင့်ဖြစ်လဲ
– ရှိရင်းစွဲ ခန္ဓာကိုယ်ထက် အမြန်ပြောင်းလဲလာတဲ့အခါ အရေပြားရဲ့ ကျုံ့နိုင်စွမ်းအားကို ကျော်လွန်လာလို့ အကြောပြတ်ခြင်းတွေ ဖြစ်ရတာပါ။
ဘယ်လိုအချိန်တွေမှာ အကြောပြတ်ခြင်းတွေဖြစ်တတ်လဲ။
– ကိုယ်ဝန်ဆောင်ချိန် ရှိရင်းစွဲခန္ဓာကိုယ်ထက် အရမ်းဝလာတာ။ ပျိုဖော်ဝင်စ အရမ်းထွားလာတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။
– ကိုယ့်ရဲ့ မိဘဆွေမျိုးတွေမှာ အကြောပြတ်ခြင်းတွေ ဖြစ်တတ်ရင် မိမိမှာလည်း အကြောပြတ်ဒဏ်ရာတွေ ခံစားနိုင်ခြေ ပိုများတတ်ပါတယ်။
ဘယ်လိုနေရာတွေမှာ အကြောပြတ်ဒဏ်ရာတွေ ဖြစ်တတ်သလဲ။
– ဗိုက်၊ ပေါင်၊ တင်ပါး၊ ရင်ဘတ်၊ နောက်ကျောနဲ့ ခြေသလုံးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။
အကြောပြတ်ခြင်းတွေ ဘယ်လိုကာကွယ်ကြမလဲ
– ကိုယ်ခန္ဓာအလေးချိန် ထိန်းပါ။ အလွန်ဝလာခြင်းဟာ အရေပြားရဲ့ ဆွဲအားကိုကျော်လွန်ပြီး အကြောပြတ်ဒဏ်ရာတွေ ဖြစ်စေတတ်လို့ ကိုယ်ခန္ဓာအလေးချိန် ထိန်းသင့်ပါတယ်။
– ရေများများသောက်ပါ။ ကျန်းမာပြီး ရေဓာတ်ပြည့်ဝတဲ့ အသားအရေဟာ အကြောပြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။တစ်နေ့ ရေ၂လီတာ အနည်းဆုံးသောက်ပါ။
– တစ်နေ့တာ အစားအသောက်မှာ သင့်တင့်မျှတတဲ့ အာဟာရဓာတ် ပါပါစေ။ အသားအရေ ကျန်းမာပြီး အကြောပြတ်ခြင်းတွေမဖြစ်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ် ရှိသင့်ပါတယ်။ ဗီတာမင် C,D,E၊ ဇင့်၊ ပရိုတင်း စတဲ့အာဟာရဓာတ်တွေ တစ်နေ့တာ အစားအသောက်မှာ ပါဝင်သင့်ပါတယ်။
– အသားအရေ အစိုဓာတ်ထိန်းပါ။ ခြောက်သွေ့တဲ့ အသားအရေဟာ အကြောပြတ်ဒဏ်ရာတွေ ပိုဖြစ်စေတတ်လို့ အသားအရေ စိုပြည်အောင် ထားသင့်ပါတယ်။ Lotion,Coconut oil,Olive oil စတဲ့ အစိုဓာတ်ထိန်းတဲ့ ခရင်မ်တွေ လိမ်းနိုင်ပါတယ်။
Ref: Mydoctor