What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 May 2018 11:04

ဈေးကွက်အတွင်း FDA မှတွေ့ရှိသောအန္တရာယ်ရှိ အစားအသောက် (၇) မျိုး

ဈေးကွက်အတွင်း FDA မှတွေ့ရှိသောအန္တရာယ်ရှိ အစားအသောက် (၇) မျိုး google.com

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန( FDA ) မှ ဈေးကွက်အတွင်း ရှောင်တခင်ကွင်းဆင်း၍ အစားအသောက်နမူနာများကို စစ်ဆေးခဲ့ရာ

ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်း ( Sodium Benzoate) ကို ခွင့်ပြုအမြင့်ဆုံး ပမာဏထက်ကျော်လွန် နေသော အစားအသောက် ၆ မျိုး၊ အစားသောက် ၁မျိုးတွင် ခွင့်မပြု ဓာတုဆိုးဆေး (Rodamine – B) နှင့်ခွင့်မပြုဓာတုဆိုးဆေး Orange ll ပါဝင်သော အစားအသောက် ၁ မျိုး တို့ကို တွေ့ရှိရပါတယ်။

ဒါကြောင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော စားသုံးရန်မသင့်သည့် အစားအသောက် ခုနစ်မျိုးကို ပြန်လည်သိမ်းဆည်းရန် လက်လီရောင်းချသူများနှင့် လုပ်ငန်းရှင်များကို (FDA) မှ အကြောင်းကြားထားခဲ့ပါတယ်။

ဈေးကွက်အတွင်းမှ သိမ်းဆည်းရန် အကြောင်းကြားထားသည့် အမှတ်တံဆိပ်များမှာ Net Weight မပါရှိဘဲ ၂၀၁၈ ဒီဇင်ဘာ ၂၇ တွင် သက်တမ်းကုန်မည့် ရွှေပုံချစ်အမှတ်တံဆိပ် အစေ့လွတ် ဆီးရှယ်-ခြောက်စပ်၊ net weight မပါရှိဘဲ ဧပြီလ၊ ၂၀၁၈ တွင် သက်တမ်းကုန်သည့် စံချိန်မီအမှတ်တံဆိပ် ငရုတ်ဆီ၊ net weight 60g ပါ ၂၀၁၈တွင် မေလ ၂၁ တွင် သက်တမ်းကုန်မည့် Gu Gu အမှတ်တံဆိပ် အောင်ပန်းဆိတ်သားခြောက်ကြော် ၊ net weight 100g ပါ ၂၀၁၈တွင် ဇွန်လ ၁၆ ရက်တွင် သက်တမ်းကုန်မည့် Wao အမှတ်တံဆိပ် Preserved Fruit Cherry Red၊ net weight 150 gပါ Lot no.12၊ ၂၀၁၉ မတ်လတွင် သက်တမ်းကုန်သည့် မေမေ့သမီး အမှတ်တံဆိပ်မရမ်းခြောက်စပ်၊ net weight မပါရှိဘဲ ၂၀၁၈ ဧပြီလတွင် သက်တမ်းကုန်သည့် ကျားရုပ်ပုံနှင့် နေလုံးပုံပါ အမှတ်တံဆိပ် မကျည်းငရုတ်ဆီနှင့် net weight 500g ပါ သက်တမ်းကုန်မည့် ရက်မပါသော KKK အမှတ်တံဆိပ် ငရုတ်ဆီ စသည်တို့ဖြစ်ကြောင်း FDA စာရင်းအရဖော်ပြထားသည်။

အဆိုပါအစားအသောက်များကို ဈေးကွက်အတွင်း ဆက်လက်ရောင်းချခြင်းမပြုရန်နှင့် ဈေးကွက်အတွင်းမှ အမြန်ဆုံးပြန်လည်းသိမ်းဆည်းရန်၊ ဖန့်ဖြူးရောင်းချထားမှုစာရင်း၊ ပြန်လည် သိမ်းဆည်းမှုမှတ်တမ်းများကို FDA သို့ ခုနစ်ရက်အတွင်း တင်ပြပေးရန်နှင့် ဈေးကွက်အတွင်း ထပ်မံစစ်ဆေးစဉ် ခွင့်မပြု ဓာတုပစ္စည်းတွေ့ရှိပါက အမျိုးသားအစားအသောက် ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Source: The voice

 

Read: မျက်စိ အနီးမှုန်ခြင်း

Related image

Read times
Rate this item
(0 votes)