What's New




Thursday, 29 December 2022 18:54

အသက် ၅၀ နှစ် မြန်မာအမျိုးသားလူနာ အိန္ဒိယတွင် ရိုဘော့ခွဲစိတ်ကုသမှု အောင်မြင်

အသက် ၅၀ နှစ် မြန်မာအမျိုးသားလူနာ အိန္ဒိယတွင် ရိုဘော့ခွဲစိတ်ကုသမှု အောင်မြင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

လူနာသည် ရင်ခေါင်းအတွင်းမှာ အစာမြိုပြွန် အိတ်တည်ခြင်း  ကြီးကြီးမားမား ရှိနေသည်။ ဖြစ်တောင့်ဖြစ်ခဲ အစာမြိုပြွန်အိတ်တည်ခြင်းကို ဖယ်ရှားရန်အတွက် ထိုးဖောက်ခွဲစိတ်မှုအနည်းဆုံး ဖြစ်စေရန် ရိုဘော့ အကူအညီဖြင့် ခွဲစိတ်ကုသပေးခဲ့သည်။

၎င်းအမျိုးသား လူနာသည် အသက် ၅၉ နှစ် ရှိသူဖြစ်ပြီး ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံရှိ Indraprastha Apollo Hospitals သို့ ရောက်ရှိလာသူ ဖြစ်သည်။

 

လူနာသည် လွန်ခဲ့သည့် ၄ နှစ်ကတည်းက အစာစားပြီးတိုင်းနီးပါး စားထားသည့်အစာများ ပျို့တက်ခြင်း၊ အန်ခြင်းများ ဖြစ်ပွားနေခဲ့သည်။

 

ဆရာဝန်များနှင့် ပြသခဲ့သော်လည်း တိကျသောရောဂါလက္ခဏာကို မသိခဲ့ရပါ။ သို့ဖြစ်ရာ  ဆေးဝါးတွေအပေါ်  မှီခိုနေခဲ့ရပါသည်။ ရောဂါက မပျောက်ချေ။ 

၂၀၂၁ ခုနှစ်တွင် ရောဂါအမှန်ကို သိခဲ့သည်။ အိန္ဒိယတွင် ခွဲစိတ်ကုသမှု ခံယူရန် စီစဉ်ရာ၌ ကိုဗစ်ကပ်ဘေးကြောင့် အိန္ဒိယသို့ သွားရောက်ဖို့ မဖြစ်နိုင်ခဲ့ချေ။ ကိုဗစ်လွန်ကာလ ၂၀၂၂ ဩဂုတ်လတွင် အိန္ဒိယသို့ ဆိုက်ရောက်ခဲ့သည်။

နယူးဒေလီမြို့ရှိ Indraprastha Apollo Hospital တွင် ကုသမှု ခံယူခဲ့သည်။

အစာအိမ် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း  endoscopy နှင့် CT scan ရိုက်ပြီးနောက် အစာမျိုပြွန်အတွင်းပိုင်း အိတ်ရှိနေကြောင်း အတည်ပြုခဲ့သည်။လူနာအား အိတ် diverticulum ကိုဖယ်ရှားရန်အတွက် ခွဲစိတ်မှုပြုလုပ်ရန် အကြံပြုခဲ့ပါသည်။

"အခုကိစ္စမှာ အိတ်က အစာအိမ်နှင့် အစာပြွန် ဆုံတဲ့နေရာ အထက်ဘက် ၆ စင်တီမီတာ  အကွာမှာ တည်ရှိပါတယ်။  ခွဲစိတ်ကုသရန် ခက်ခဲသော နေရာမှာ တည်ရှိနေပါတယ်။ သမားရိုးကျ ခွဲစိတ်မှုဆိုရင် လက်လှမ်းမီဖို့ အတော်ကြီးကြီး အပေါက်ဖွင့်ပေးရလိမ့်မယ်။ ဝမ်းဗိုက်မှ ရင်ဘတ်အထိ ကျယ်တဲ့ အပေါက် ရအောင် ခွဲစိတ်ရလိမ့်မယ်။ ဒီတော့ အပေါက်ကြီးကြီး မဖောက်ရအောင် ရိုဘော့ အကူအညီ သုံးမှာကို သဘောတူ လက်ခံဖို့ လူနာကို အကြံပြုခဲ့ပါတယ်' ဟု အဆိုပါဆေးရုံမှ Dr Vivek Tandon က ပြောကြားသည်။

 

"ခွဲစိတ်တဲ့ လုပ်ငန်းစဉ်အတွက်  စက်ရုပ်ကိရိယာများနှင့် ကင်မရာပါတဲ့ တယ်လီစကုပ်များကို လူနာ၏ဝမ်းဗိုက်အတွင်း၌ ထားရှိကာ လူနာအား ခွဲစိတ်ကုသပေးခဲ့ပါတယ်။ 

"စက်ရုပ်ကိရိယာများက ပြင်ညီအနေအထား အမျိုးမျိုးမှာ  လူရဲ့ လက်ကောက်ဝတ်နှင့် လက်ချောင်းများ နည်းတူ လုပ်ကိုင်ပေးနိုင်ပြီး လူရဲ့ လက်ကောက်ဝတ် လှည့်လို့မရတဲ့ အနေအထားမျိုးတွေကို လှည့်နိုင်တယ်။ ထောင့်  ချိုး‌နိုင်ပါတယ်။ ခွဲစိတ်တာမှာလည်း အင်မတန် တိကျပါတယ်" ဟု Dr Vivek Tandon က ပြောကြားသည်။

 

အဆိုပါ အသက် ၅၀ နှစ် မြန်မာအမျိုးသားလူနာကို ရိုဘော့ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါသည်။

Source thepharmatimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 29 December 2022 18:55
Rate this item
(0 votes)