What's New




Tuesday, 13 June 2023 14:58

ကမ္ဘောဒီးယားတွင် လူငယ် အမျိုးသားအုပ်စု HIV/AIDS ကူးစက်မှု မြင့်တက်

ကမ္ဘောဒီးယားတွင် လူငယ် အမျိုးသားအုပ်စု HIV/AIDS ကူးစက်မှု မြင့်တက် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား အေအိုင်ဒီအက်စ် အာဏာပိုင်အဖွဲ့ National AIDS Authority (NAA) ၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တီယာဖလာက ကမ္ဘောဒီးယားတွင် HIV/AIDS  ကူးစက်ခံရသူများ တိုးပွားလာခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် HIV/AIDS ကူးစက်မှု အဆုံးသတ်ရန် ရည်မှန်းချက်ကို ရရှိရန် မဖြစ်နိုင်‌တော့ကြောင်း ပြောကြားသည်။

 

လက်ရှိ HIV/AIDS ကူးစက်မှု တိုးမြင့်လာခြင်းကြောင့် အထူးသဖြင့် လိင်တူ ဆက်ဆံသော အမျိုးသားများနှင့် လူငယ်များ၏ လိင်ဆက်ဆံမှု အပြုအမူ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့် ကမ္ဘောဒီးယားသည် မူလက စီစဉ်ထားသည့်အတိုင်း  မဟာဗျူဟာရည်မှန်းချက် ပန်းတိုင်သို့ ၂၀၂၅ ခုနှစ်တွင် ရောက်ရှိတော့မည် မဟုတ်ကြောင်း Dr Phalla က ပြောကြားသည်။

ကမ္ဘောဒီးယား၏ မဟာဗျူဟာရည်မှန်းချက်မှာ HIV/AIDS ကူးစက်မှုကို ၂၀၂၅ ခုနှစ်တွင် အဆုံးသတ်ရန်ဖြစ်သည်။ ကုလသမဂ္ဂက ရည်မှန်းထားသည်ထက် ၅ နှစ်စောသည်။

လိင်တူချစ်သူများကြားတွင် လက်ရှိ ကူးစက်မှု တိုးလာခြင်းနှင့် HIV/AIDS ရှိသည်ဟု မယုံကြည်သော လူငယ်များ၏ ပေါ့ဆသည့် အပြုအမူများကြောင့် ၂၀၂၅ ခုနှစ် ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

.

NAA ၏ လက်ရှိ သုတေသနပြုချက်အရ အမျိုးသားများနှင့် လိင်ဆက်ဆံသော အမျိုးသားများသည် အမျိုးသမီးများနှင့် လိင်ဆက်ဆံသော အမျိုးသားများနှင့် နှိုင်းယှဉ်ပါက ကူးစက်မှုနှုန်း ၂၈ ဆ ပိုမိုမြင့်မားကြောင်း  Dr Phalla က ပြောသည်။

.

ကူးစက်မှုအသစ် ၁,၄၀၀ တွင် ၅၀ ရာခိုင်နှုန်းသည် အမျိုးသားများ လိင်တူဆက်ဆံခြင်းမှ ကူးစက်ခြင်း ဖြစ်သည်။

လူငယ်များ ကူးစက်နှုန်းသည်  ၄၂% ရှိသည်။

.

HIV/AIDs ဖြစ်ရပ်များကို ၁၉၉၁ ခုနှစ်တွင် ကမ္ဘောဒီးယားတွင် ပထမဆုံး မှတ်တမ်းတင်ခဲ့ပြီး ဗိုင်းရပ်စ်သည် ရောဂါလက္ခဏ မပြသဖြင့် ကူးစက်ခံရမှန်း သတိမပြုမိသဖြင့် အလွန်လျင်မြန်စွာ ပျံ့နှံ့ခဲ့ကြောင်း ၎င်းက ဆိုသည်။

,

၁၉၉၇ ခုနှစ်တွင် HIV/AIDS ကူးစက်မှုနှုန်းသည် အမြင့်ဆုံး ဖြစ်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားတွင် ရောဂါကူးစက်မှုနှုန်း စတင်ကျဆင်းလာကြောင်း ၎င်းက ဆိုသည်။

သို့သော် ၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း HIV/AIDS ရောဂါကူးစက်မှုနှုန်းမှာ မလျော့မတိုး ဖြစ်‌နေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

“HIV/AIDS ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အခုတော့  လူငယ်များနှင့်  လိင်တူဆက်ဆံသည့် အမျိုးသားများ အုပ်စုက စိုးရိမ်စရာ ဖြစ်‌နေပါတယ်။ ကူးစက်မှုနှုန်းက အရမ်းများ‌နေတယ်" ဟု ၎င်းက ပြောကြားသည်။

“အခု လူငယ်တွေကို HIV/AIDS ကူးစက်မှုများနဲ့ ကာကွယ်တားဆီးရေးတို့ကို ပညာပေးနေပါတယ်" ဟု ၎င်းက ဆိုသည်။

 

 photo_2023-06-13_14-50-58.jpg

ချစ်သူများနေ့တွင် ကွန်ဒုံးများ ပေးဝေနေသည့် စေတနာ့ဝန်ထမ်းများသည် HIV ပိုးကူးစက်မှုမှ မိမိကိုယ်ကို ကာကွယ်ခြင်းအကြောင်း လူငယ်များ သိရှိစေရန် ပညာပေးကြသည်

 

NAA တွင် ရောဂါတိုက်ဖျက်ရန် အဆင့်သုံးဆင့် အစီအစဉ်ရှိသည်။

  • ပထမတစ်ခုမှာ HIV/AIDS ကာကွယ်ရေး။

  • ဒုတိယမှာ HIV/AIDS ရှိသူ၏ လက်တွဲဖော်ကို ရှာဖွေခြင်း။

  • တတိယမှာ ရောဂါပိုးရှိသူတွေကို ကုသခြင်း။

 

HIV ပိုးရှိသူများကို ကုသရန်အတွက် လူနာများသည် ဆေးကို ပုံမှန်သောက်ရန် မဖြစ်မနေ လိုအပ်ပါသည်။

အခြားသူများကို ဗိုင်းရပ်စ် မကူးစက်စေရန်အတွက် ပေးထားသည့် အကြံဉာဏ်များကိုလည်း လိုက်နာရမည် ဖြစ်ပါသည်။

ဗိုင်းရပ်စ်သည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ကျန်ရှိနေသော်လည်း အနည်းဆုံး အခြေအနေတွင် ရှိနေမည် ဖြစ်ပါသည်။

.

ကမ္ဘောဒီးယားမှ HIV/AIDS ရောဂါသည်များ အသင်းဖြစ်သည့် ARV သုံးစွဲသူများအသင်း ARV Users Association (AUA) ၏ ဒါရိုက်တာ Han Sienghorn က လူငယ်များနှင့် အမျိုးသားများနှင့် လိင်ဆက်ဆံသော အမျိုးသားများတွင် ကူးစက်မှုအသစ်များကို လျှော့ချရန် သို့မဟုတ် တားဆီးရန် နည်းလမ်းများကို ပြောကြားပါသည်။

 .

ဦးစွာပထမ သက်ဆိုင်ရာ အာဏာပိုင်များသည် ပစ်မှတ်ထားသော အုပ်စုကုိ ရောဂါအကြောင်း အသိပညာ မြှင့်တင်ပေးရမည်။

ဒုတိယအနေဖြင့် ၎င်းအုပ်စုကို လိင်ဆက်ဆံတော့မည်ဆိုလျှင် "ရောဂါပိုးမရအောင် ဘယ်လိုကာကွယ်ရမလဲ" ဆိုသည်ကို ပညာပေးရမည်။

 တတိယအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ၊ အသင်းအဖွဲ့များ၊ NGO လုပ်ဖော်ကိုင်ဖက်များ အားလုံးနှင့် ချိတ်ဆက်၍ ကူးစက်မှုနှုန်းကို လျှော့ချရန် အတူတကွ လုပ်ဆောင်ခြင်း ဖြစ်သည်။ HIV/AIDS ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေ အားကောင်းလာစေရန်နှင့် ပြည်သူလူထု၏ အသိပညာ တိုးပွားလာစေရန် အတူလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။

အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ ပတ်သက်သူများနှင့် ပြည်သူအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်ဟု Sienghorn က ပြောကြားသည်။

.

“ရောဂါကူးစက်မှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် အကောင်းဆုံးနည်းလမ်းမှာ လိင်နှင့်ပတ်သက်တဲ့ စိတ်‌နေစိတ်ထားကို ပြောင်းလဲရန် ဖြစ်ပါတယ်။ ပေါ့ဆဆ စိတ်ထားကို ပြင်ရပါမယ်။ လိင်ဆက်ဆံဖို့ စီစဉ်နေတယ်ဆိုရင် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက် ကွန်ဒုံးသုံးတာ ဒါမှမဟုတ် ဆေးကြိုတင်သောက် (PrEP) ရမှာပါ”ဟု Sienghorn က ပြောသည်။

.

“HIV-AIDS ဝေဒနာရှင်တွေ ဒါမှမဟုတ် အပေါင်းလက္ခဏာဆောင်တဲ့ လူနာတွေအတွက်တော့ တစ်သက်တာလုံး နေ့တိုင်း ဆေးသောက်ရလိမ့်မယ်”ဟု သူမက ပြောကြားသည်။

 .

ကမ္ဘောဒီးယားတွင် HIV ပိုးရှိနေသူ စုစုပေါင်းမှာ ယခုနှစ်တွင် ၇၆,၀၀၀ ခန့်ရှိသည်။

ကူးစက်မှုအသစ်များသည် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား အုပ်စုတွင် အများစု ဖြစ်ပွားနေသည်။

.

၎င်းတို့တွင် လိင်တူချစ်သူ အမျိုးသားများ၊ လိင်လုပ်သားများ၊ လိင်ပြောင်းထားသူများနှင့်  မူးယစ်ဆေး သွေးကြောသွင်း သုံးစွဲသူများ ပါဝင်သည်။

Source Khmertimeskh 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 13 June 2023 15:01
Rate this item
(0 votes)