ပထမဆုံး နျုရာလင့် လူနာ အတွေးဖြင့် ကွန်ပျူတာမောက်စ်ကို ထိန်းချုပ်နိုင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Neuralink ၏ ဦးနှောက်နည်းပညာဖြင့် ဦးနှောက်တွင် ချစ်ပ် မြှုပ်ထည့်သွင်းထားသော ပထမဆုံး လူနာသည် အတွေးဖြင့် ကွန်ပျူတာမောက်စ်ကို ထိန်းကျောင်းနိုင်နေပြီဟု ကုမ္ပဏီတည်ထောင်သူ အီလွန် မတ်စ်က ပြောကြားသည်။
.
ဘီလျံနာ အီလွန်မတ်စ်၏ စွန့်ဦးတီထွင်လုပ်ငန်းက လူသားများသည် ပြင်ပနည်းပညာများကို ထိန်းကျောင်းရန်အတွက် ၎င်းတို့၏ အာရုံကြောအချက်ပြမှုများကို အသုံးပြုနိုင်စေရန် ကြားခံဆက်သွယ် ချိတိဆက်ပေးမည့် ချစ်ပ်ကို ဦးနှောက်တွင် မြှုပ်ထည့်နိုင်သည့် နည်းပညာကို ဖွံ့ဖြိုးစေခဲ့သည်။
.
“လူနာက ကျွန်တော်တို့ သိရတာ ချစ်ပ်ထည့်ထားတာကြောင့် ကျန်းမာရေး ထိခိုက်တာ မရှိပါဘူး။ အပြည့်အဝပြန်လည်ကောင်းမွန်လာပုံရပြီး မောက်စ်ကို စိတ်ဖြင့် ထိန်းကျောင်းနိုင်နေပါပြီ။ ကွန်ပျူတာ စခရင်ပေါ်မှာ မောက်စ်ကို အတွေးဖြင့် နေရာ ရွေ့လို့ ရနေပြီ" ဟု မတ်စ်က ပြောကြားသည်။
.
ကုမ္ပဏီသည် အမြင်အာရုံ ဆုံးရှုံးသူ၊ ကြွက်သား လုပ်ဆောင်ချက် အကြောသေနေသူ၊ ဆွံ့အသွားသူတို့ကို ဆုံးရှုံးသွားသောစွမ်းရည်များ ပြန်လည်ရရှိစေရန် ရည်ရွယ်သည်။
လူဦးနှောက်မှာ ချစ်ပ် ထည့်မြှုပ်ပြီး နျူရာလင့် စမ်းသပ်မှု စတင်
• နျူရာလင့် Neuralink ဆိုတာဘာလဲ
• နျူရာလင့်က တရားဝင် လုပ်ကိုင်ခြင်းလား
• နျူရာလင့် ကိရိယာသည် မည်သို့သော ထူးခြားချက်များ ပါရှိသနည်း
• ဦးနှောက်ချစ်ပ်များဖြင့် ဘာတွေ လုပ်ဖို့ မျှော်မှန်းထားကြသနည်း။
• စမ်းသပ်လေ့လာမှု ဘယ်လောက်ကြာမလဲ
https://www.healthproducts.com.mm/articles/health-benefits/item/4675-neuralink.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL