What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 31 October 2018 16:04

လေးဖက်နာသမားတွေ ဘာဆေးသောက်မလဲ

လေးဖက်နာသမား တစ်ယောက်အနေနဲ့ အလုပ်လုပ်တဲ့ အခါတွေမှာများစာသော အခက်ခဲတွေကို ကြုံတွေ့ရတက်ပါတယ်။

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန်ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် စိတ်တော့ မပျက်ပါနဲ့လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် လုံးဝ ပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်း အောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစောသိဘို့လိုတယ်။ သိလို့ အပြင်းအထန်ဆေးကုခံပေမဲ့ ပျောက် စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။

လူကသိပ်ဝနေရင် အရိုးအဆစ်ကို ဒဏ်မပိစေဘို့ ကိုယ်အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်း ထောက် သုံးရမယ်။ ဖီဇီယိုပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ စတီရွိုက်ဆေးထိုးပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။ ထိုလက္ခဏာတွေဖြစ်လာရင် ပနယ်စလင်၊ Sulfadiazine, Macrolide နဲ့ Azithromycin, Clarithromycin ဆေးတွေ ပေးနိုင်တယ်။

လေးဘက်နာကုသနည်းတွေကို (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျလေ့လာမှု

(၁) ထိရောက်တဲ့ ဆေးတွေ = Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။

ငှက်ဖျာဆေးတွေ (Chloroquine and Hydroxychloroquine) ပေးတာ သက်သာတယ်။ Methotrexate ကင်ဆာဆေး ပေးတာ သက်သာစေတယ်။ Minocycline ပေးတာ သက်သာစေတယ်။ Sulfasalazine ပေးတာ သက်သာစေတယ်။ Corticosteroid ရက်တိုနဲ့ နည်းနည်းပေးတာ သက်သာစေတယ်။

(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ဆေးတွေ = Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။ Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။ (DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။

(၃) မသုံးသင့်တော့တဲ့ဆေးတွေ = Azathioprine, Ciclosporin, Cyclophosphamide, Corticosteroid lone term use, Parenteral gold, Penicillamine တွေဖြစ်ပါတယ်။

**** အကြုံပြုချက် ****

လေးဖက်နာသမားများအနေနဲ့ အထက်ဖော်ပြဆေးများနှင့် ပတ်သက်၍ မိမိစိတ်သဘောထားအတိုင်း မသောက်ဖို့ အကြံပြုလိုပါတယ်။ ဆေးဝါးများနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ပြုလုပ်မည် ဆိုပါက ဆရာဝန်များနှင့် တိုင်ပင်ပြီးမှာ ပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါတယ်။

Ref; ဒေါက်တာတင့်ဆွေ
(Health Products Directory)

 

Read:ဘာတွေကြောင့်များ သည်းခြေကျောက် ဖြစ်စေတာလဲ?

ဘာတွေကြောင့်များ သည်းခြေကျောက် ဖြစ်စေတာလဲ?

 

Read times Last modified on Wednesday, 31 October 2018 16:27
Rate this item
(1 Vote)