What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 January 2018 14:10

လူငယ္ေတြ ဂိမ္းစြဲလန္းလြန္းရင္ ျဖစ္လာနိုင္ေသာျပႆနာမ်ား

လူငယ္ေတြ ဂိမ္းစြဲလန္းလြန္းရင္ ျဖစ္လာနိုင္ေသာျပႆနာမ်ား google.com

၂၁ ရာစုမွာ နည္းပညာမ်ား တိုးတက္လာတာနဲ႔ အမၽွ အပန္းေျဖဖို႔ နည္းလမ္းမ်ိဳးစုံ ေပၚေပါက္လာပါတယ္။ ထိုအထဲတြင္ ကြန္ပ်ဴတာဂိမ္း ၊မိုဘိုင္းဖုန္းဂိမ္း၊ ဗြီဒီယိုဂိမ္းတို႔သည္လည္း တစ္ခုအပါအဝင္ပါ ။

ဘယ္အရာမဆို ေတာ္သင့္႐ုံသာ ေကာင္းသည့္နည္းတူ ဂိမ္းမ်ားကို တရားလြန္ စိတ္စြဲကာ ေဆာ့ကစားျခင္းေၾကာင့္ မိမိတို႔ လူမွုဘ၀ထိခိုက္ၾကရသူမ်ား အမ်ားအျပားပါ။အထူးသျဖင့္ ေက်ာင္းေနအရြယ္ လူငယ္မ်ားအဖို႔ အတန္းပညာေရးထိခိုက္တဲ့အထိ ဒုကၡမ်ားႏိုင္ပါတယ္။

ဂိမ္းစြဲလမ္းျခင္းဆိုတာ ဘာပါလဲ။

စြဲလမ္းျခင္းမွာ ႏွစ္မ်ိဳး ႏွစ္စားရွိပါတယ္။ အရာဝတၳဳတစ္ခုခုကိုျဖစ္ေစ (ဥပမာ-အရက္နဲ႔ ေဆးဝါးမ်ား) ၊ အျပဳအမူတစ္ခုခုကို ျဖစ္ေစ မသုံးစြဲရ မေနနိုင္၊ မလုပ္ရမေနနိုင္ေအာင္ျဖစ္ကာ ယခင္ကထက္ ပိုမိုသုံးစြဲ ျပဳမူလာျခင္းပါ။ ဒါ့အျပင္ ထိုသို႔ မသုံးစြဲရ၊ မလုပ္ရရင္ ထိုသူတို႔ဟာ ေယာက္ယက္ခတ္၊ ဂနာမၿငိမ္ ျဖစ္လာတတ္ၾကပါတယ္။

ဂိမ္းစြဲေနၿပီလို႔ ဘယ္လို သိနိုင္မလဲဆိုရင္ ဂိမ္းေဆာ့ေနရင္ ထမင္းေမ့ ဟင္းေမ့ျဖစ္မယ္။ အိပ္ဖို႔ေတာင္ သတိမရ။ ေက်ာင္းေနအရြယ္ လူငယ္ေတြဆိုရင္ေက်ာင္းေျပးၿပီး ဂိမ္းေဆာ့တဲ့အထိ အားလုံးကိုေမ့ၿပီး မေဆာ့ရ မေနနိုင္ေအာင္ျဖစ္မယ္။ တစ္ခါတေလ စိတ္ဓာတ္ေတြ က်လာတတ္တယ္။

လူႀကီးမိဘေတြက သူတို႔ကို ဂိမ္းဆိုင္က ေခၚထုတ္လာရင္ ေခ်ာင္မွာကုတ္ၿပီး ငိုေနတတ္တယ္၊ ငိုင္ေနတတ္တယ္။ စားဖို႔ ၊အိပ္ဖို႔ ၊အလုပ္လုပ္ဖို႔ အားလုံးကို ျငင္းဆန္တတ္တယ္။

လူႀကီးေတြဆိုရင္ ဂိမ္းစြဲလန္းမႈေၾကာင့္လုပ္ငန္းခြင္မွာ တာဝန္ေတြလစ္ဟင္းလာမယ္၊ ဂိမ္းေဆ့ာေန ရင္းစိတ္ေတြက ဂိမ္းတခုတည္းေပၚမွာပဲ အာရံုစိုက္ထားရ၍ ပတ္ဝန္းက်င္နဲ႕အဆက္အသြယ္ျပတ္ၿပီး တစ္ေယာက္တည္း တစ္ကမာၻတည္ေဆာက္ေနတတ္ၾကပါတယ္။

ဂိမ္းစြဲျခင္းဟာ ေဘးျဖစ္ေစတတ္သလား။

ဂိမ္းစြဲလမ္းမွုကို သာမန္အားျဖင့္ ၾကည့္ရင္ အႏၲရာယ္မရွိနိုင္ဘူးလို႔ ထင္စရာရွိပါတယ္။ ေဆးစြဲသူေတြဟာ သူတို႔ရဲ့ လက္ေတြ႕ျပင္ပ ဘဝမွာ ၾကဳံေတြ႕ ခံစားရတာေတြကို ခံနိုင္စြမ္းမရွိတဲ့အခါ ေဆးသုံးၿပီး မိမိတို႔ရဲ့ အေတြးဘုံမွာ ေပ်ာ္ေမြ႕ၾကပါတယ္။

ထိုသို႔ အေတြးလြန္ရင္း ေဆးအခ်ိန္အဆမ်ားကာ အသက္ဆုံးတတ္ၾကပါတယ္။ ဂိမ္းစြဲလမ္းျခင္းကေတာ့ လူကို ခ်က္ခ်င္းမေသေစနိုင္ေပမယ့္ ဘဝကို သုံးစားမရတဲ့အထိ ပ်က္စီးေစနိုင္တယ္။ ဘာလို႔လဲဆိုရင္ ဂိမ္းစြဲလမ္းသူေတြဟာလည္း ပတ္ဝန္းက်င္နဲ႔ ကင္းကြာၿပီး သူတို႔ရဲ့ သီးျခား ကမၻာမွာ ေပ်ာ္ေမြ႕လြန္သြားၾကလို႔ပါ ။

ကေလး တစ္ေယာက္ဟာ တစ္ေန႔ကို ဂိမ္း ၄-၅ နာရီေလာက္ ထိုင္ေဆာ့မယ္ဆိုရင္ သူ႔အတြက္ ေပါင္းသင္းဆက္ဆံေရး၊ အတန္းစာလုပ္ခ်ိန္ ၊ အားကစားလုပ္ခ်ိန္ ေတြရွိေတာ့မွာ မဟုတ္ပါ။ ဒီလိုျဖစ္လာရင္ သူတို႔ရဲ့ လူေနမွု အသိုင္းအဝန္းကေန ေသြဖည္လာပါလိမ့္မယ္။ အရြယ္ေရာက္ၿပီး လူငယ္ေတြဆိုရင္ လူမွုေရး ၊စီးပြားေရး ၊မိသားစုေရးေတြပါ ထိခိုက္လာနိုင္ပါတယ္ ။

ဂိမ္းေဆာ့တိုင္း မေကာင္းဘူးလို႔ ေျပာလို႔ မရပါ။

တခ်ိဳ႕ေသာ ဂိမ္းေတြသည္ ေတြးေခၚ ေျမာ္ျမင္နိုင္စြမ္း ၊တီထြင္ဖန္တီးနိုင္စြမ္း တိုးပြားေစသလို သူငယ္ခ်င္းအသစ္မ်ား ၊ေလ့လာစရာအခ်က္အလက္သစ္မ်ားလည္း ရေစပါတယ္။ တစ္ကမၻာလုံးရွိ ၈၀ ရာခိုင္ႏွုန္းေသာ ဂိမ္းကစားသူမ်ားဟာ အႏၲရာယ္ကင္းစြာ ေဆာ့ကစားနိုင္ၾကပါတယ္။ အဓိကကေတာ့ မိမိစိတ္ကိုနိုင္ၿပီး ဂိမ္းကစားျခင္းကို ထိန္းခ်ဳပ္နိုင္ဖို႔ပဲ လိုတာပါ ။

မိဘမ်ားအေနနဲ႔ သတိျပဳရန္အခ်က္မ်ား

မိမိတို႔ ကေလး ဂိမ္းကစားခ်ိန္ ပိုမ်ားလာရင္၊ တျခားအလုပ္မ်ား (ေက်ာင္းစာ ၊အားကစား) လုပ္ခ်ိန္မ်ားေလ်ာ့နည္းကာ ဂိမ္းကစားဖို႔ပဲ အားသန္ေနရင္ ၊ၾကဳံေတြ႕ေနရေသာအခက္အခဲမ်ား (စိတ္ဓာတ္က်မွု ၊ ပူပင္ေသာကေရာက္မွု၊ အတန္းအတြင္း အဆင္မေျပမွုမ်ား)ေတြကို ဂိမ္းကစားျခင္းနဲ႔ ေျဖေဖ်ာက္ဖို႔ ႀကိဳးစားေနရင္၊ သူငယ္ခ်င္းမ်ားနဲ႔ မိဘေတြကို ဖုံးကြယ္ၿပီး ဂိမ္းကစားေနရင္ ၊ ဂိမ္းမကစားရ တဲ့ေန႔ေတြမွာ ကေယာက္ကယက္နဲ႔ ေနမထိ ထိုင္မသာျဖစ္ရင္ မိဘေတြအေနနဲ႔ သတိထားသင့္တယ္ ။

မိဘေတြအေနနဲ႔ ဘာေတြ လုပ္ေပးဖို႔ လိုသလဲ

မိမိတို႔ကေလး ဂိမ္းစြဲေနၿပီလို႔သိတာနဲ႔ ဂ႐ုစိုက္ပါ။ လ်စ္လ်ဴမရွုပါနဲ႔။ ဘယ္ေလာက္အတိုင္းအတာထိ ဂိမ္းစြဲေနၿပီလဲ ဆိုတာ ေသခ်ာ မွတ္ပါ။ သူတို႔အျပဳအမူေတြကို သတိထားၾကည့္ပါ။

တစ္ေန႔ ဘယ္ေလာက္ၾကာၾကာ ကစားလဲ ၊ ဂိမ္းမကစားရရင္ ဘယ္လို တုန႔္ျပန္သလဲဆိုတာ ေသခ်ာ မွတ္သားပါ။ ဂိမ္းကစားခ်ိန္ကို တျဖည္းျဖည္းခ်င္း ေလ်ာ့ပါ။ ကေလးမွာ ဘာေတြ စိုးရိမ္ေသာက ၊ပူပင္စရာ အခက္အခဲမ်ားရွိလဲ ေလ့လာပါ။

လိုအပ္ရင္ ကေလးရဲ့ သူငယ္ခ်င္းမ်ား၊ အတန္းပိုင္ ဆရာမမ်ားနဲ႔ တိုင္ပင္ပါ။ လက္ေတြ႕ဘဝမွာ ဂိမ္းကစားျခင္းထက္ ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းတာ ၊ ေပ်ာ္ဖို႔ ပိုေကာင္းေသာ အရာမ်ား ရွိေသးေၾကာင္း မိမိတို႔ကေလး သိေအာင္ ႀကိဳးစားပါ။ ေရာဂါမရင့္မီ ကၽြမ္းက်င္ေသာ က်န္းမာေရး ပညာရွင္မ်ားနဲ႔ တိုင္ပင္ပါ။

ေနာက္ဆံုးအေနနဲ႕ကေတာ့ မိမိ၏ပတ္ဝန္းက်င္မွာ ဂိမ္းထက္သာယာမႈေတြ ၊ေပ်ာ္ရႊင္မႈေတြ၊ ရင္ႏွီးမႈေတြအမ်ား ႀကီးရွိတယ္ဆိုတာပါပဲ။ဂိမ္းဆိုတာက ကိုယ့္အသက္ရွိထင္ရွားရွိေနစဥ္ကာလအတြင္း ဘယ္အခ်ိန္မဆို ကစားလို႕ရေပမဲ့ ကိုယ္ေရာက္ ေနတဲ့လူငယ္ဘဝကိုဂိမ္းေၾကာင့္ဆံုးရႈံးသြားရင္ ျပန္မရနုိင္ေတာ့ပါ။ဘာအရာမဆိုအရမ္းအစြဲအ လမ္းမထားတာေကာင္းပါတယ္။

ကိုးကား-ondoctor


Unicode


၂၁ ရာစုမှာ နည်းပညာများ တိုးတက်လာတာနဲ့ အမျှ အပန်းဖြေဖို့ နည်းလမ်းမျိုးစုံ ပေါ်ပေါက်လာပါတယ်။ ထိုအထဲတွင် ကွန်ပျူတာဂိမ်း ၊မိုဘိုင်းဖုန်းဂိမ်း၊ ဗွီဒီယိုဂိမ်းတို့သည်လည်း တစ်ခုအပါအဝင်ပါ ။
ဘယ်အရာမဆို တော်သင့်ရုံသာ ကောင်းသည့်နည်းတူ ဂိမ်းများကို တရားလွန် စိတ်စွဲကာ ဆော့ကစားခြင်းကြောင့် မိမိတို့ လူမှုဘဝထိခိုက်ကြရသူများ အများအပြားပါ။အထူးသဖြင့် ကျောင်းနေအရွယ် လူငယ်များအဖို့ အတန်းပညာရေးထိခိုက်တဲ့အထိ ဒုက္ခများနိုင်ပါတယ်။
ဂိမ်းစွဲလမ်းခြင်းဆိုတာ ဘာပါလဲ။
စွဲလမ်းခြင်းမှာ နှစ်မျိုး နှစ်စားရှိပါတယ်။ အရာဝတ္ထုတစ်ခုခုကိုဖြစ်စေ (ဥပမာ-အရက်နဲ့ ဆေးဝါးများ) ၊ အပြုအမူတစ်ခုခုကို ဖြစ်စေ မသုံးစွဲရ မနေနိုင်၊ မလုပ်ရမနေနိုင်အောင်ဖြစ်ကာ ယခင်ကထက် ပိုမိုသုံးစွဲ ပြုမူလာခြင်းပါ။ ဒါ့အပြင် ထိုသို့ မသုံးစွဲရ၊ မလုပ်ရရင် ထိုသူတို့ဟာ ယောက်ယက်ခတ်၊ ဂနာမငြိမ် ဖြစ်လာတတ်ကြပါတယ်။
ဂိမ်းစွဲနေပြီလို့ ဘယ်လို သိနိုင်မလဲဆိုရင် ဂိမ်းဆော့နေရင် ထမင်းမေ့ ဟင်းမေ့ဖြစ်မယ်။ အိပ်ဖို့တောင် သတိမရ။ ကျောင်းနေအရွယ် လူငယ်တွေဆိုရင်ကျောင်းပြေးပြီး ဂိမ်းဆော့တဲ့အထိ အားလုံးကိုမေ့ပြီး မဆော့ရ မနေနိုင်အောင်ဖြစ်မယ်။ တစ်ခါတလေ စိတ်ဓာတ်တွေ ကျလာတတ်တယ်။
လူကြီးမိဘတွေက သူတို့ကို ဂိမ်းဆိုင်က ခေါ်ထုတ်လာရင် ချောင်မှာကုတ်ပြီး ငိုနေတတ်တယ်၊ ငိုင်နေတတ်တယ်။ စားဖို့ ၊အိပ်ဖို့ ၊အလုပ်လုပ်ဖို့ အားလုံးကို ငြင်းဆန်တတ်တယ်။
လူကြီးတွေဆိုရင် ဂိမ်းစွဲလန်းမှုကြောင့်လုပ်ငန်းခွင်မှာ တာဝန်တွေလစ်ဟင်းလာမယ်၊ ဂိမ်းဆေ့ာနေ ရင်းစိတ်တွေက ဂိမ်းတခုတည်းပေါ်မှာပဲ အာရုံစိုက်ထားရ၍ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်ပြီး တစ်ယောက်တည်း တစ်ကမ္ဘာတည်ဆောက်နေတတ်ကြပါတယ်။
ဂိမ်းစွဲခြင်းဟာ ဘေးဖြစ်စေတတ်သလား။
ဂိမ်းစွဲလမ်းမှုကို သာမန်အားဖြင့် ကြည့်ရင် အန္တရာယ်မရှိနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ ဆေးစွဲသူတွေဟာ သူတို့ရဲ့ လက်တွေ့ပြင်ပ ဘဝမှာ ကြုံတွေ့ ခံစားရတာတွေကို ခံနိုင်စွမ်းမရှိတဲ့အခါ ဆေးသုံးပြီး မိမိတို့ရဲ့ အတွေးဘုံမှာ ပျော်မွေ့ကြပါတယ်။
ထိုသို့ အတွေးလွန်ရင်း ဆေးအချိန်အဆများကာ အသက်ဆုံးတတ်ကြပါတယ်။ ဂိမ်းစွဲလမ်းခြင်းကတော့ လူကို ချက်ချင်းမသေစေနိုင်ပေမယ့် ဘဝကို သုံးစားမရတဲ့အထိ ပျက်စီးစေနိုင်တယ်။ ဘာလို့လဲဆိုရင် ဂိမ်းစွဲလမ်းသူတွေဟာလည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး သူတို့ရဲ့ သီးခြား ကမ္ဘာမှာ ပျော်မွေ့လွန်သွားကြလို့ပါ ။

ကလေး တစ်ယောက်ဟာ တစ်နေ့ကို ဂိမ်း ၄-၅ နာရီလောက် ထိုင်ဆော့မယ်ဆိုရင် သူ့အတွက် ပေါင်းသင်းဆက်ဆံရေး၊ အတန်းစာလုပ်ချိန် ၊ အားကစားလုပ်ချိန် တွေရှိတော့မှာ မဟုတ်ပါ။ ဒီလိုဖြစ်လာရင် သူတို့ရဲ့ လူနေမှု အသိုင်းအဝန်းကနေ သွေဖည်လာပါလိမ့်မယ်။ အရွယ်ရောက်ပြီး လူငယ်တွေဆိုရင် လူမှုရေး ၊စီးပွားရေး ၊မိသားစုရေးတွေပါ ထိခိုက်လာနိုင်ပါတယ် ။
ဂိမ်းဆော့တိုင်း မကောင်းဘူးလို့ ပြောလို့ မရပါ။
တချို့သော ဂိမ်းတွေသည် တွေးခေါ် မြော်မြင်နိုင်စွမ်း ၊တီထွင်ဖန်တီးနိုင်စွမ်း တိုးပွားစေသလို သူငယ်ချင်းအသစ်များ ၊လေ့လာစရာအချက်အလက်သစ်များလည်း ရစေပါတယ်။ တစ်ကမ္ဘာလုံးရှိ ၈၀ ရာခိုင်နှုန်းသော ဂိမ်းကစားသူများဟာ အန္တရာယ်ကင်းစွာ ဆော့ကစားနိုင်ကြပါတယ်။ အဓိကကတော့ မိမိစိတ်ကိုနိုင်ပြီး ဂိမ်းကစားခြင်းကို ထိန်းချုပ်နိုင်ဖို့ပဲ လိုတာပါ ။
မိဘများအနေနဲ့ သတိပြုရန်အချက်များ
မိမိတို့ ကလေး ဂိမ်းကစားချိန် ပိုများလာရင်၊ တခြားအလုပ်များ (ကျောင်းစာ ၊အားကစား) လုပ်ချိန်များလျော့နည်းကာ ဂိမ်းကစားဖို့ပဲ အားသန်နေရင် ၊ကြုံတွေ့နေရသောအခက်အခဲများ (စိတ်ဓာတ်ကျမှု ၊ ပူပင်သောကရောက်မှု၊ အတန်းအတွင်း အဆင်မပြေမှုများ)တွေကို ဂိမ်းကစားခြင်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားနေရင်၊ သူငယ်ချင်းများနဲ့ မိဘတွေကို ဖုံးကွယ်ပြီး ဂိမ်းကစားနေရင် ၊ ဂိမ်းမကစားရ တဲ့နေ့တွေမှာ ကယောက်ကယက်နဲ့ နေမထိ ထိုင်မသာဖြစ်ရင် မိဘတွေအနေနဲ့ သတိထားသင့်တယ် ။
မိဘတွေအနေနဲ့ ဘာတွေ လုပ်ပေးဖို့ လိုသလဲ
မိမိတို့ကလေး ဂိမ်းစွဲနေပြီလို့သိတာနဲ့ ဂရုစိုက်ပါ။ လျစ်လျူမရှုပါနဲ့။ ဘယ်လောက်အတိုင်းအတာထိ ဂိမ်းစွဲနေပြီလဲ ဆိုတာ သေချာ မှတ်ပါ။ သူတို့အပြုအမူတွေကို သတိထားကြည့်ပါ။
တစ်နေ့ ဘယ်လောက်ကြာကြာ ကစားလဲ ၊ ဂိမ်းမကစားရရင် ဘယ်လို တုန့်ပြန်သလဲဆိုတာ သေချာ မှတ်သားပါ။ ဂိမ်းကစားချိန်ကို တဖြည်းဖြည်းချင်း လျော့ပါ။ ကလေးမှာ ဘာတွေ စိုးရိမ်သောက ၊ပူပင်စရာ အခက်အခဲများရှိလဲ လေ့လာပါ။
လိုအပ်ရင် ကလေးရဲ့ သူငယ်ချင်းများ၊ အတန်းပိုင် ဆရာမများနဲ့ တိုင်ပင်ပါ။ လက်တွေ့ဘဝမှာ ဂိမ်းကစားခြင်းထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ ၊ ပျော်ဖို့ ပိုကောင်းသော အရာများ ရှိသေးကြောင်း မိမိတို့ကလေး သိအောင် ကြိုးစားပါ။ ရောဂါမရင့်မီ ကျွမ်းကျင်သော ကျန်းမာရေး ပညာရှင်များနဲ့ တိုင်ပင်ပါ။
နောက်ဆုံးအနေနဲ့ကတော့ မိမိ၏ပတ်ဝန်းကျင်မှာ ဂိမ်းထက်သာယာမှုတွေ ၊ပျော်ရွှင်မှုတွေ၊ ရင်နှီးမှုတွေအများ ကြီးရှိတယ်ဆိုတာပါပဲ။ဂိမ်းဆိုတာက ကိုယ့်အသက်ရှိထင်ရှားရှိနေစဉ်ကာလအတွင်း ဘယ်အချိန်မဆို ကစားလို့ရပေမဲ့ ကိုယ်ရောက် နေတဲ့လူငယ်ဘဝကိုဂိမ်းကြောင့်ဆုံးရှုံးသွားရင် ပြန်မရနိုင်တော့ပါ။ဘာအရာမဆိုအရမ်းအစွဲအ လမ်းမထားတာကောင်းပါတယ်။
ကိုးကား-ondoctor

Read times
Rate this item
(1 Vote)