မျက်ကွင်းညိုခြင်းဆိုတာကို အိပ်ရေးပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အာဟာရချို့တဲ့ခြင်း၊ မျိုးရိုးလိုက်ခြင်းတို့အပြင် တစ်ချို့ရောဂါတွေကြောင့်လည်း မျက်ကွင်းညိုနိုင်ပါတယ်။
အသက်အရွယ်ကြီးရင့်လာလို့ မျက်ဝန်းတစ်ဝိုက်က အရေပြားတွေ ပါးလာတဲ့အခါမှာလည်း မျက်ကွင်းညိုနိုင်ပါတယ်။
ပြုလုပ်ရမည့်နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ
- တစ်နေ့ကို ရေ ၁၀ ဖန်ခွက်သောက်ပါ ၊ ၈ နာရီခန့် အိပ်စက်သင့်ပါတယ်။
- ဆားလျော့စားပါ။
- အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာများကို စားပါ။
- အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။
- Vitamin K နဲ့ Vitamin B12 ချို့တဲ့ခြင်းကြောင့် မျက်ကွင်းညိုနိုင်ပါတယ်။
- လက်ဖက်စိမ်းနဲ့ Anti-oxident တွေကလည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကြောင့်ဖြစ်တဲ့ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။
- မျက်စိအားစိုက်ရတဲ့အလုပ်တွေကို တတ်နိုင်သလောက်လျှော့ပါ။
- သင့်ခန္ဓာကိုယ်၊ စိတ်နဲ့ မျက်လုံးတို့ကို တတ်နိုင်သလောက် ဖြေလျှော့ပြီး အနားပေးပါ။
- နေပူထဲသွားတော့မယ်ဆိုရင် Sun cream နဲ့ နေကာမျက်မှန်ကို ဘယ်တော့မှ မမေ့ပါနဲ့။
- မျက်ဝန်းတစ်ဝိုက်မှာ ခရမ်တွေ၊ မိတ်ကပ်တွေကို အကြာကြီး လိမ်းမထားပါနဲ့။
- ညအိပ်ရာဝင်ခါနီးမှာ မျက်ဝန်းတစ်ဝှိက်က မိတ်ကပ်တွေကို ကုန်စင်အောင်ဖျက်ပေးရပါ့မယ်။
- အာလူး (သို့မဟုတ်) သခွားသီးကို ပါးပါးလှီးပါ။ မျက်ခွံပေါ်တွင် မိနစ်၂၀ခန့် တင်ထားပြီး ရေနွေးနှင့် မျက်နှာသစ်ပါ။ နေ့စဉ်ပြုလုပ် သွားမယ် ဆိုရင် တစ်ပတ်လောက်မှာ သိသိသာသာ သက်သာသွားနိုင်ပါတယ်။
- သံပုရာရည်နဲ့ ခရမ်းချဉ်သီးကို ဆတူရောမွှေပြီး မျက်ကွင်းညိုနေတဲ့နေရာကို တစ်နေ့ ၂ ကြိမ် လိမ်းပေးနိုင်ပါတယ်။
- အိပ်ရာဝင်ခါနီးမှာ မက်မွန်ဆီကိုသုံးပြီး မျက်ဝန်းတစ်ဝိုက်ကို နှိပ်နယ်ပေးပါ။ ၂ပတ်ခန့် ကြာတဲ့အခါ မျက်ကွင်းညိုတာ သိသာစွာပျောက် ကင်းသွားတာကို တွေ့ရမှာပါ။
- ဗီတာမင်အီးကို အသုံးပြုပြီးတော့လည်း မျက်ဝန်းတစ်ဝိုက်ကို နှိပ်နယ်ပေးနိုင်ပါတယ်။
- ခရမ်းချဉ်သီးဖျော်ရည် တစ်ဇွန်း၊ သံပရာရည် ဇွန်းတစ်ဝက်၊ ဂျူံမူန့်တစ်ဇွန်း၊ နနွင်း အနည်းငယ်တို့ကို ရောမွေပြီး မျက်ဝန်းတစ်ဝိုက်မှာ လိမ်းပါ။ ဆယ်မိနစ် ခန့်ကြာလျှင် မျက်နှာသစ်လိုက်ပါ။
- သုံးပြီးသား လက်ဖက်ခြောက် ထုပ်လေးများကို ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။ နံနက်အိပ်ရာ နိုးချိန်မှာ လက်ဖက် အိပ်အေးအေးလေးကို မျက်ခွံပေါ်တွင် ၁၅ မိနစ်ခန့် တင်ထားပေးခြင်းဖြင့် မျက်လုံးဖောင်းအစ်ခြင်းနှင့် မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ သတိပြုရမှာကတော့ ရိုးရိုးလက်ဖက်ခြောက်ထုပ် ဖြစ်ရပါ့မယ်။ ဓာတုပစ္စည်းနဲ့ တခြားဆေးဖက်ဝင် အရွက်တွေပါတဲ့ လက်ဖက်အိတ်တွေကို မသုံးရပါဘူး။
source: maymaydim