What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 16 July 2018 15:42

သခွားမွှေးသီး စားခြင်း၏ ကောင်းကျိုးများ

သခွားမွှေးသီး စားခြင်း၏ ကောင်းကျိုးများ Google.com

ချိုမြတဲ့ အရာသာရှိပြီး အနံ့မွှေးမွှေးကြောင့် လူကြိုက်များတဲ့ သခွားမွှေးသီးဟာ အရည်ရွှမ်းတဲ့ အသီးတမျိုးဖြစ်ပြီး သခွားမွှေးဟာ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးနိုင်ပါတယ်။

သခွားမွှေးမှာ သင်မသိသေးတဲ့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေမယ့် အချက်တွေ ပါဝင်တာကြောင့် သခွားမွှေးသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)သခွားမွှေးဟာ သစ်သီးတွေထဲမှာ ဗီတာမင် A အကြွယ်ဝဆုံး အသီးတမျိုးဖြစ်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ဝက်ခြံနဲ့ အရေပြား ပြဿနာ အများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး အရေးအကြောင်း တွေကိုလည်း လျော့ပါသက်သာစေနိုင်ပါတယ်။

(၂)သခွားမွှေးသီးမှာ ဗီတာနင်စီ ၁၀၀ ရာခိုင်းနှုန်းပါဝင်တာကြောင့် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကူးစက်ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးနိုင်တာကြောင့် နာမကျန်းဖြစ်ခြင်းကို မဖြစ်စေနိုင်ပါဘူး။

(၃)သခွားမွှေးသီးဟာ ဖောလစ်အက်စစ် ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ ခံစားနေရသူနေတွနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အထူးသင့်တော်ပါတယ်။

(၄)သခွားမွှေးသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ကြွက်သားတွေကို အားကောင်းစေတာကြောင့် မကြာခဏ ကြွက်တက်တဲ့သူတွေနဲ့ ကစားသမားတွေအတွက် သင့်တော်ပါတယ်။ သခွားမွှေးသီးကို တစ်လုံးမှာ ပိုတက်ဆီယမ် ၁၄ ရာခိုင်နှုန်း ပါဝငါတာကြောင့် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျပေးနိုင်ပြီး သွေးတိုးရောဂါကို သက်သာစေနိုင်ပါတယ်။

(၅)သခွားမွှေးသီးဟာ ရေဓာတ်ကြွယ်ဝတာကြောင့် အသီးတမျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်ငးက ဘက်တီးရီယားတွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးလမ်ကြောင်းတွင်းက ပိုးမွှားတွေကို လျော့ကျစေနိုင်တာကြောင့် မကြာခဏ ဆီးကျင်တတ်သူတွေ စားသုံးပေးသင့်ပါတယ်။ ဆီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဆီးရောဂါဝေဒနာရှင်တွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတမျိုးလည်း ဖြစ်ပါတယ်။

source:irrawaddy

Read: ကျောက်ကပ်ရောဂါ အမျိုးသမီးတွေ ပိုအဖြစ်များလာ

ကျောက်ကပ်ရောဂါ အမျိုးသမီးတွေ ပိုအဖြစ်များလာ

Read times Last modified on Monday, 16 July 2018 15:56
Rate this item
(1 Vote)