What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 26 February 2018 17:35

လက္မွာကပ္ထားရံုနဲ႔ က်န္းမာေရးအေျခအေနမ်ား သိရွိႏိုင္မည့္ ဂ်ပန္တို႕ရဲ႕ တီထြင္မႈတစ္ခု

လက္မွာကပ္ထားရံုနဲ႔ က်န္းမာေရးအေျခအေနမ်ား သိရွိႏိုင္မည့္ ဂ်ပန္တို႕ရဲ႕ တီထြင္မႈတစ္ခု Japantoday

ပါးလႊာတဲ့ မ်က္နာျပင္နဲ႔ ျပသေပးတဲ့ ခႏၶာကိုယ္မွာ တိုက္ရိုက္ထိကပ္ထားရံုနဲ႕ က်န္းမာေရးအေျခအေနမ်ားကို ေဖာ္ျပေပးနိုင္တဲ့ တီထြင္မႈတစ္ရပ္ကို ဂ်ပန္တို႕ တီထြင္ခဲ့ပါတယ္။

အေရးႀကီးတဲ့ က်န္းမာေရးအခ်က္အလက္ေတြကို ခံစားမႈ ပံုသဏၭာန္ ( emojis ) ေလးေတြနဲ႕ ျပသေပးမည့္ ေဆးပလာစတာကဲ့သို႕ အထူ ၁ မီလီမီတာေလာက္ရွိတဲ့အရာေလးပါ။

အိပ္ယာထဲလဲေနသူမ်ား၊ ေဆးရံုေဆးခန္းမ်ားနွင့္ ေဝးလံသည့္အရပ္ကလူမ်ား ၊ ေဆြမ်ိဳးမ်ားနွင့္ေဝးလံသည့္ အရပ္မွ မိသားစုမ်ားအတြက္ တိုက်ိဳတကၠသိုလ္က Takao Someya လို႔ အမည္ရွိတဲ့ ပေရာ္ဖက္ဆာတစ္ဦးကတီထြင္ခဲ့ပါတယ္။

သင္တို႕က်န္းမာေရးအခ်က္အလက္မ်ားကို အလြယ္တကူ သိရွိေစနိုင္ၿပီး မိသားစုဆရာဝန္ကိုအလြယ္တကူ ဆက္သြယ္ေျပာျပနုိင္တယ္လို႕သူကေျပာပါတယ္။

လက္ဝါးမွာပဲျဖစ္ျဖစ္၊ လက္ဖမိုးမွာပဲျဖစ္ျဖစ္ ကပ္ထားလုိက္ရံုျဖင့္ လူနာရဲ႕ က်န္းမာေရးအခ်က္အလက္မ်ားကို သိရွိနိင္ျခင္း၊ အေနေဝးေနတဲ့ အဖိုးအဖြားမ်ားႏွင့္ ေျမးသားသမီးမ်ားၾကား ရင္းႏွီးမႈကို ပိုရေစျခင္း၊စသည့္ အက်ိဳးေက်းဇူးမ်ားကို ရရွိေစနုိင္မွာပါ။

 w850 1

“သင္ရဲ႕ခႏၶာကိုယ္ အစိတ္အပိုင္းတခုခုမွာ တစ္စံုတစ္ရာခံစားရၿပီဆိုရင္ သင္၏အေရျပားေပၚမွာ ကပ္ထားလုိက္ပါ။ သင္ခႏၶာကိုယ္ရဲ႕ ေရာဂါမ်ား၊ စိတ္ခံစားမႈမ်ားကို စက္၏မ်က္နွာျပင္မွာ ျပသေပးလိမ္မယ္လို႕” Someya က ေျပာပါတယ္။

ကၽြန္ေတာ္ထင္တယ္ဗ်။ ေျမးေတြအေပၚ အဖိုးရဲ႕ ခ်စ္တဲ့စိတ္ ခံစားခ်က္ေလးကို အဲ့ဒီ စက္ေလးမွာ ေပၚေနမွာပါ။

သက္ႀကီးရြယ္အိုမ်ား၊ ေနမေကာင္းသူမ်ားအား လ်င္ျမန္စြာ အနားယူသက္သာေစရန္၊ ျပင္ပလကၡဏာ မျပဘဲ ေနမေကာင္းျဖစ္ေနျခင္း (သို႕) စိတ္ခံစားခ်က္တစ္စံုတစ္ရာရွိေနသူမ်ားအား သိရွိေစျခင္း စသည့္ ေကာင္းက်ိဳးမ်ားစြာ ရရွိပါတယ္။

မ်က္နာျပင္ေပၚမွာ ၁၆ (သို႕) ၂၄ မ်က္နာျပင္ပါ micro LEDs တခုပါဝင္ၿပီး ဆြဲဆန္႔ႏုိင္တဲ့ ဝါယာႀကိဳးမ်ားျဖင့္ ေရာ္ဘာအျပားမွာ တပ္ဆင္ထားပါတယ္။

အသက္ရႈျခင္းမွ “Nanomesh” နည္းပညာျဖင့္ လွ်ပ္ကူးေစၿပီး ႀကိဳးမဲ့ ဆက္သြယ္ေရး ေမာ္က်ဴးမ်ားျဖင့္ ေရးစပ္ထားတဲ့ ေပါ့ပါးသည့္ အာရံုခံစနစ္ကိရိယာတခုကို ထည့္သြင္းထားတာပါ။

“ဘာလို႕လဲဆိုေတာ့ ဒီကိရိယာက လုိသလုိ ဆြဲဆန္႔လုိ႔ ရတာေၾကာင့္ ႐ႈပ္ေထြးတဲ့ လူ႔အေရျပား မ်က္ႏွာျပင္ေပၚမွာ ကပ္လုိ႔ ရေနေစတယ္’’လို႕ ၎ကေျပာပါတယ္။

ေနာက္ဆံုး သင္လက္မွာေမ့ၿပီး ကပ္ထားမိရင္ေတာင္မွ သင့္အေရျပားကို မေလာင္ကၽြမ္းေစပါဘူး။

လက္မွာ ဖြဖြေလးကပ္ထားရင္ေတာင္မွ သင္ရဲ႕ႏွလံုးခုန္ႏႈန္းေတြကို စက္မွာေဖာ္ျပေပးနုိင္ရမည္လုိ႔ someya က ေမွ်ာ္လင့္ထားပါတယ္။

ကိရိယာကို လက္မွာ ကပ္ထားၿပီး အလုပ္လုပ္ေနရင္ေတာင္မွ သင္ရဲ႕ အေျခအေနေတြကုိ ခံစားမႈပံုရိပ္ေတြနဲ႔ ျပသေနမွာပါ။

၎ကိရိယာကို တကၠဆက္ျပည္နယ္တြင္ က်င္းပမည့္ အေမရိကန္သိပၸံပညာရွင္မ်ား ႏွစ္ပတ္လည္အစည္းအေဝးမွာ ျပသမွာျဖစ္ပါတယ္။

Someya က သံုးႏွစ္အတြင္း ေစ်းကြက္တင္ျပရန္ေမွ်ာ္လင့္ေနၿပီး ဂ်ပန္ပံုႏွိပ္လုပ္ငန္းႀကီး ဒိုင္နိပြန္ ပံုႏွိပ္လုပ္ငန္းႏွင့္ အတူပူးေပါင္းတီထြင္ခဲ့တာပါ။

Source: Japantoday

 

Unicode

ပါးလွှာတဲ့ မျက်နာပြင်နဲ့ ပြသပေးတဲ့ ခန္ဓာကိုယ်မှာ တိုက်ရိုက်ထိကပ်ထားရုံနဲ့ ကျန်းမာရေးအခြေအနေများကို ဖော်ပြပေးနိုင်တဲ့ တီထွင်မှုတစ်ရပ်ကို ဂျပန်တို့ တီထွင်ခဲ့ပါတယ်။
အရေးကြီးတဲ့ ကျန်းမာရေးအချက်အလက်တွေကို ခံစားမှု ပုံသဏ္ဌာန် ( emojis ) လေးတွေနဲ့ ပြသပေးမည့် ဆေးပလာစတာကဲ့သို့ အထူ ၁ မီလီမီတာလောက်ရှိတဲ့အရာလေးပါ။
အိပ်ယာထဲလဲနေသူများ၊ ဆေးရုံဆေးခန်းများနှင့် ဝေးလံသည့်အရပ်ကလူများ ၊ ဆွေမျိုးများနှင့်ဝေးလံသည့် အရပ်မှ မိသားစုများအတွက် တိုကျိုတက္ကသိုလ်က Takao Someya လို့ အမည်ရှိတဲ့ ပရော်ဖက်ဆာတစ်ဦးကတီထွင်ခဲ့ပါတယ်။
သင်တို့ကျန်းမာရေးအချက်အလက်များကို အလွယ်တကူ သိရှိစေနိုင်ပြီး မိသားစုဆရာဝန်ကိုအလွယ်တကူ ဆက်သွယ်ပြောပြနိုင်တယ်လို့သူကပြောပါတယ်။
လက်ဝါးမှာပဲဖြစ်ဖြစ်၊ လက်ဖမိုးမှာပဲဖြစ်ဖြစ် ကပ်ထားလိုက်ရုံဖြင့် လူနာရဲ့ ကျန်းမာရေးအချက်အလက်များကို သိရှိနိင်ခြင်း၊ အနေဝေးနေတဲ့ အဖိုးအဖွားများနှင့် မြေးသားသမီးများကြား ရင်းနှီးမှုကို ပိုရစေခြင်း၊စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာပါ။

 w850 1
“သင်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုမှာ တစ်စုံတစ်ရာခံစားရပြီဆိုရင် သင်၏အရေပြားပေါ်မှာ ကပ်ထားလိုက်ပါ။ သင်ခန္ဓာကိုယ်ရဲ့ ရောဂါများ၊ စိတ်ခံစားမှုများကို စက်၏မျက်နှာပြင်မှာ ပြသပေးလိမ်မယ်လို့” Someya က ပြောပါတယ်။
ကျွန်တော်ထင်တယ်ဗျ။ မြေးတွေအပေါ် အဖိုးရဲ့ ချစ်တဲ့စိတ် ခံစားချက်လေးကို အဲ့ဒီ စက်လေးမှာ ပေါ်နေမှာပါ။
သက်ကြီးရွယ်အိုများ၊ နေမကောင်းသူများအား လျင်မြန်စွာ အနားယူသက်သာစေရန်၊ ပြင်ပလက္ခဏာ မပြဘဲ နေမကောင်းဖြစ်နေခြင်း (သို့) စိတ်ခံစားချက်တစ်စုံတစ်ရာရှိနေသူများအား သိရှိစေခြင်း စသည့် ကောင်းကျိုးများစွာ ရရှိပါတယ်။
မျက်နာပြင်ပေါ်မှာ ၁၆ (သို့) ၂၄ မျက်နာပြင်ပါ micro LEDs တခုပါဝင်ပြီး ဆွဲဆန့်နိုင်တဲ့ ဝါယာကြိုးများဖြင့် ရော်ဘာအပြားမှာ တပ်ဆင်ထားပါတယ်။
အသက်ရှုခြင်းမှ “Nanomesh” နည်းပညာဖြင့် လျှပ်ကူးစေပြီး ကြိုးမဲ့ ဆက်သွယ်ရေး မော်ကျူးများဖြင့် ရေးစပ်ထားတဲ့ ပေါ့ပါးသည့် အာရုံခံစနစ်ကိရိယာတခုကို ထည့်သွင်းထားတာပါ။
“ဘာလို့လဲဆိုတော့ ဒီကိရိယာက လိုသလို ဆွဲဆန့်လို့ ရတာကြောင့် ရှုပ်ထွေးတဲ့ လူ့အရေပြား မျက်နှာပြင်ပေါ်မှာ ကပ်လို့ ရနေစေတယ်’’လို့ ၎င်းကပြောပါတယ်။
နောက်ဆုံး သင်လက်မှာမေ့ပြီး ကပ်ထားမိရင်တောင်မှ သင့်အရေပြားကို မလောင်ကျွမ်းစေပါဘူး။
လက်မှာ ဖွဖွလေးကပ်ထားရင်တောင်မှ သင်ရဲ့နှလုံးခုန်နှုန်းတွေကို စက်မှာဖော်ပြပေးနိုင်ရမည်လို့ someya က မျှော်လင့်ထားပါတယ်။
ကိရိယာကို လက်မှာ ကပ်ထားပြီး အလုပ်လုပ်နေရင်တောင်မှ သင်ရဲ့ အခြေအနေတွေကို ခံစားမှုပုံရိပ်တွေနဲ့ ပြသနေမှာပါ။
၎င်းကိရိယာကို တက္ကဆက်ပြည်နယ်တွင် ကျင်းပမည့် အမေရိကန်သိပ္ပံပညာရှင်များ နှစ်ပတ်လည်အစည်းအဝေးမှာ ပြသမှာဖြစ်ပါတယ်။
Someya က သုံးနှစ်အတွင်း စျေးကွက်တင်ပြရန်မျှော်လင့်နေပြီး ဂျပန်ပုံနှိပ်လုပ်ငန်းကြီး ဒိုင်နိပွန် ပုံနှိပ်လုပ်ငန်းနှင့် အတူပူးပေါင်းတီထွင်ခဲ့တာပါ။
Source: Japantoday

Read times Last modified on Monday, 26 February 2018 17:43
Rate this item
(0 votes)