What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 March 2018 17:03

သောက်နေကျ တားဆေးသောက်ဖို့ မေ့သွားချိန် ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားသလဲ?

သောက်နေကျ တားဆေးသောက်ဖို့ မေ့သွားချိန် ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားသလဲ? google.com

မနက်ခင်းမှာ သုတ်သီးသုတ်ပြာနဲ့ တားဆေးသောက်ဖို့ မေ့သွားဖူးပါသလား။ ခရီးသွားချိန်မှာ ဆေးထည့်ဖို့ မေ့ပြီး 1 ပတ်လောက်

ဆေးမသောက်ဖြစ်တာလား။ ဒါမှမဟုတ် ဆေးရပ်ပြီး ကလေးရဖို့ ကြိုးစားနေတာပါလား။

ဘာကြောင့်ပဲ ပျက်သွားပျက်သွား၊ နှစ်နဲ့ချီပြီး ပုံမှန်သောက်နေတဲ့ဆေးကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မေ့ပြီး မသောက်မိတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီလို ဆေးသောက်ဖို့ မေ့သွားချိန် ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားသလဲ?

(၁) ဆေး 1 လုံး မသောက်မိရင်

စိတ်မပူပါနဲ့။ လူဆိုတာ မေ့တတ်တဲ့အမျိုး ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ဆေး 1 လုံးလောက် မသောက်မိတာမျိုး ဖြစ်လာနိုင်ပါတယ်။ သတိရတဲ့အချိန် ဆေးကို အမြန် ပြန်သောက်လိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။

(၂) ဆေး 2 လုံး မသောက်မိရင်

နောက်ရက်မှာ ဆေး 2 လုံး သောက်ပြီး ဆေးကို ပုံမှန်ပြန်သောက်သွားပါ။ ကလေးရဖို့ အခွင့်အလမ်း နည်းပါသေးတယ်။ ဒါကြောင့် အကာအကွယ်သုံးဖို့ မလိုအပ်သေးပါဘူး။ ပျို့ချင်တာ၊ သွေး အနည်းငယ် ဆင်းတာမျိုးတော့ ဖြစ်တတ်ပါတယ်။

(၃) ဆေး 3 လုံးနဲ့အထက် မသောက်မိတဲ့အခါ

ဒီအချိန်မှာတော့ စဒုက္ခရောက်နိုင်ပါပြီ။ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ကျဆင်းလာပြီ ဖြစ်တဲ့အတွက် ဆေးအာနိသင်ကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေတဲ့အခါ အခြားသန္ဓေတားနည်းလမ်းတွေကို အသုံးပြုရပါမယ်။ ဒါ့အပြင် သောက်လက်စဆေးကတ်ကို ဆက်မသောက်တော့ဘဲ ဆေးကတ်အသစ် ပြန်စသောက်ရပါမယ်။ ဆေး ပြန်စသောက်ပြီး တစ်ပတ်အတွင်းမှာလည်း အခြားတားနည်းတစ်မျိုးမျိုးကို အသုံးပြု ဆက်ဆံသင့်ပါတယ်။

Source: yaungpaysue

(အောက်ပါ လင့်တွင် အပြည့်အစုံဖတ်ရှုနိုင်ပါသည်)

Read: အမျိုးသမီးများ မောပန်းနုံးချည့်လာရင် ဘာလုပ်မလဲ

https://www.healthproducts.com.mm/articles/item/95-women-always-tired-and-fatigued.html

videoblocks business freelance people and technology concept tired woman with laptop computer working at home or office rtewmk8jlw thumbnail full01

Read times Last modified on Friday, 09 March 2018 18:09
Rate this item
(0 votes)