What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 March 2018 13:33

ခန္ဓာကိုယ်မှ သံဓာတ်အသုံးပြုပုံအဆင့်ဆင့်နှင့် သံဓာတ်ပိုလျှံမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

ခန္ဓာကိုယ်မှ သံဓာတ်အသုံးပြုပုံအဆင့်ဆင့်နှင့် သံဓာတ်ပိုလျှံမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ google.com

ခန္ဓာကိုယ်၌ ရှိသင့်သော သံဓာတ် ( Iron ) ပမာဏများပြားနေခြင်းနှင့် ယင်းပိုနေသော သံဓာတ်ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများ၌ စုပုံနေတတ်သော ရောဂါတစ်မျိုးမှာ

Haemochromatosis ဖြစ်ပါတယ်။ လူတစ်ယောက်၏ ခန္ဓာကိုယ်၌ သာမန်အားဖြင့် သံဓာတ် ၄ ဂရမ်မျှရှိပါတယ်။ Haemochromatosis ရောဂါတွင် သံဓာတ်ပမာဏမှာ ၂၀ မှ ၆၀ ဂရမ်အထိ များပြားစွာရှိနေကြောင်း တွေ့ရတတ်ပါတယ်။

သံဓာတ်များသည် အသည်း ( Liver ) ၊ ပန်ကရိယ (Pancrease)၊ ပြွန်မဲ့ဂလင်းများ ( Endocrine Glands ) နှင့် နှလုံး တို့တွင် စုပုံလေ့ရှိပါတယ်။ ဤရောဂါသည် အသက်အရွယ်အားဖြင့် ၄၀ နှင့် ၄၀ အထက်လူကြီးပိုင်းတွင် တွေ့ရတတ်ပါတယ်။

Haemochromatosis ရောဂါတွင် ဖော်ပြပါ လက္ခဏာများတွေ့ရ နိုင်ပါတယ်။

(၁) အသည်းကြီးခြင်း

အသည်း၌ သံဓာတ်များစုပုံလာခြင်းကြောင့် အသည်းကြီးခြင်း၊ Hepatomegaly ဖြစ်နိင်ပါတယ်။ ထိုမှတစ်ဆင့် အသည်းမာခြင်း (Cirhosis ) ဖြစ်သွားနိုင်ပါတယ်။

(၂) ဆီးချိုရောဂါ

သံဓာတ်များ ပန်ကရိယ၌ စုပုံသဖြင့် ပန်ကရိယပျက်စီးသွားကာ ဟော်မုန်းထုတ်လုပ်မှု ညံ့ဖျင်းသွားခြင်းကြောင့် ဆီးချိုရောဂါဖြစ်ရခြင်းဖြစ်ပါတယ်။

(၃) နှလုံးပျက်ယွင်းခြင်း

နှလုံးကြွက်သားများနှင့် နှလုံးကို ဖုံးအုပ်ပေးသော အမြှေးပါး၌ သံဓာတ်များစုပုံလာသော အခါ နှလုံးပျက်ယွင်းခြင်း ဖြစ်နိုင်ပါတယ်။

(၄) အရေပြား၏ အရောင်အသွေး

အရေပြား၏ အရောင်အသွေးမှာ မွဲညစ်ညစ်ဖြင့် ကြေးနီရောင် ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် အဝတ်အစားဖုံးအုပ်မှုမရှိသော မျက်နှာနှင့် ခြေလက်တို့တွင် သိသာထင်ရှားပါတယ်။ ချိုင်း၊ ပေါင်ခြံ နှင့် လိင်အင်္ဂါများတွင်လည်း အရေပြားအရောင် ပြောင်းလဲမှုထင်ရှားထိသာပါတယ်။

(၅) အခြားလက္ခဏာများ

၁။ ဝှေးစေ့ သေးသိမ်လာခြင်း၊

၂။ အဆစ်အမြစ်ရောင်ခြင်း၊

၃။ ပန်းသေ ပန်းညှိုးခြင်း၊

၎။ လိင်စိတ်ကုန်ခန်းခြင်း၊

၅။ အားအင်ယုတ်လျော့ခြင်း၊

၆။ မောပန်းနွမ်းနယ်ခြင်း၊

သံဓာတ်၏ အရေးကြီးပုံ-

          သံဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူတို့၏ ခန္ဓာကိုယ်သည် နေ့စဉ်စားသုံးသော အစာအာဟာရမှ သံဓာတ် ၁၀ မှ ၁၂ မီလီဂရမ်မျှ ရရှိရန် လိုအပ်ပါတယ်။ အာဟာရတွင်ပါသော သံဓာတ်၏ ရာခိုင်နှုန်း ၁၀ မှ ၁၅ ရာခိုင်နှုန်းခန့်ကို အစာလမ်းကြောင်းမှ စုပ် ယူပေးပါတယ်။ ခန္ဓာကိုယ်အတွက် အမှန်တကယ် လိုအပ်သော သံဓာတ်ပမာဏမှာ တစ်မီလီဂရမ်မျှ သာဖြစ်ပါတယ်။

သံဓာတ်သည် ခန္ဓာကိုယ်အတွက်

၁။ သွေးနီဥ ( Red Blood Cell ) တည်ဆောက်ခြင်း၊

၂။ ကြွက်သား ( Muscle )များ တည်ဆောက်ခြင်း၊

၃။ ကလာပ်စည်းများ စွမ်းအင်တည်ဆောက်ရာတွင် လိုအပ်သော ပစ္စည်းတစ်မျိုး (Cytochrome ) တည်ဆောက်ခြင်း၊

၎။ ဇီဝဓာတ်ကူပစ္စည်းခေါ် အင်ဇိုင်း များ တည်ဆောက်ခြင်း၊

၅။ ပရိုတင်း တချို့ တည်ဆောက်ခြင်း စသည့် တာဝန်များကို ဆောင်ရွက်ပေးရပါတယ်။

သံဓာတ်ချို့တဲ့ခြင်းကြောင့် အဓိကအားဖြင့် သွေးနီဥတည်ဆောက်မှု ပျက်ယွင်းနိုင်ပြီး သွေးအားနည်းခြင်း ဖြစ်စေနိုင်ပါတယ်။ထို့ကြောင့် ယနေ့ဆေးဝါးအဖြစ် သုံးစွဲလျက်ရှိသော အားဆေးအမျိုးမျိုးတွင် သံဓာတ်ပါဝင်တာကို တွေ့ကြရတာပါ။

အထူးသဖြင့် သွေးအားကောင်းစေသည်ဟု ကြော်ငြာထားသော ဆေးများတွင် သံဓာတ်ပါဝင်ကြောင်းသိရှိနိုင်ပါ တယ်။ သံဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် အမှန်ပင်လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။

သံဓာတ်၏ အခြားထူးခြားချက်တစ်မျိုးမှာ “အဝင်လွယ်၍ အထွက်ခက်တယ်” လို့ဆိုရလောက်အောင် သံဓာတ်ကို စွန့်ထုတ်ပစ်ရန် အရမ်းခက်ခဲပါတယ်။ ခန္ဓာကိုယ်သည် ပိုသောပစ္စည်းများ ၊ အန္တရာယ်ရှိသော ပစ္စည်းများကို တစ်နည်းနည်းဖြင့် စွန့်ပစ်နိင်စွမ်းရှိပါတယ်။ ရေ ၊ ဆား၊ သကြား၊ ဗီတာမင် စသည့်ြ့ဖင့် ပစ္စည်းပိုလျှံနေလျှင် စွန့်ပစ်ရန် လွယ်ကူသော်လည်း၊ သံဓာတ်ကိုတော့ ပို၍ မစွန့်ထုတ်နိုင်ပါဘူး။

ခန္ဓာကိုယ်မှ သံဓာတ်ဆုံးရှုံးနိုင်သည့် နည်းလမ်းများမှာ ခြေသည်းလက်သည်းညှပ်ခြင်း၊ အရေပြားနှင့် အစာလမ်းကြောင်းမှ ကလာပ်စည်းများကွာကျခြင်းနှင့် အမျိုးသမီးများ ဓမ္မတာသွေးဆင်းခြင်း တိြု့ဖစ်ပါတယ်။ နေ့စဉ် ပျမ်းမျှ သံဓာတ်ဆုံးရှုံးမှုမှာ ၁ မီလီဂရမ် မျှပင်ဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့်ခန္ဓာကိုယ်ထဲတွင် သံဓာတ်ပိုကဲလာလျှင် အသည်း၊ ပန်ကရိယ၊ ပြွန်မဲ့ဂလင်းနှင့် နှလုံးတို့တွင် သံဓာတ်များ စုပုံလာမည်ဖြစ်ပြီး ပိုနေသော သံဓာတ်များကို ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်စွမ်းမရှိပါဘူး။ ထိုကြောင့်သံဓာတ်များ စုပုံလာကာ ရောဂါလက္ခဏာအမျိုးမျိုးဖြစ်ပေါ်လာမည်ဖြစ်ပါတယ်။

“တန်ဆေး၊ လွန်ဘေး” ဟုဆိုသလို သံဓာတ်သည် ဆေးမှန်သော်လည်း လွန်လျှင်ဘေးဖြစ်တတ်ပါသဖြင့် သံဓာတ်ပါသော အားဆေးများကို အညွှန်းထက်ပိုမသောက်ရန် ဂရုပြုသင့်ပါတယ်။

Source: Dr:Aye Kyaw

 Read: အသည်းရောဂါအဓိကဖြစ်ရတဲ့ အကြောင်းရင်းများ

https://www.healthproducts.com.mm/articles/item/575-knowledge-for-liver-disease.html

အသည်းရောဂါအဓိကဖြစ်ရတဲ့ အကြောင်းရင်းများ

Read times
Rate this item
(0 votes)