What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 March 2018 11:19

မြွေကိုက်ခံရခြင်း အတွက် ရှေးဦးသူနာပြုနည်း

မြွေကိုက်ခံရခြင်း အတွက် ရှေးဦးသူနာပြုနည်း google.com

လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ်သည့် မြွေများအနက် မြွေပွေး မြွေဟောက် သည်အဆိုးဆုံးဖြစ်နိုင်ပါတယ်။

မြွေပွေး၊ မြွေဟောက်တွေက တောတောင်များတွင်သာ အနေများသော်လည်း တော၊တောင်ထဲတွင် အလုပ်လုပ်ကိုင်နေသူများအဖို့ အန္တရာယ်အရမ်းပြီး ဂရုပြုသင့်တဲ့ အကောင်တွေပါပဲ။ တောတောင်အတွင်း မြွေပွေးမြွေဟောက် အကိုက်ခံရပါက ဆေးရုံဆေးခန်း ရှိရာသို့ပို့ ဆောင်ရန် ချက်ချင်း ပို့နိုင်လောက်တဲ့ အထိ အချိန်မရှိသဖြင့် ရှေးဦးသူနာပြုနည်းပဲ သုံးရမှာပါ။

မြွေကိုက်ခံရသော လူနာကို ရှေးဦးသူနာပြုနည်းဖြင့် ချက်ချင်း ကာကွယ်ရန်လိုပါတယ်။ ခြေထောက်ကို အကိုက်ခံရလျှင် ခြေသလုံးကို ကြိုးဖြင့်တင်းကာ ရစ်ပတ်ပေးခြင်း၊ လက်ကို အကိုက်ခံရလျှင် လက်ဖျံကို ကြိုးဖြင့်တင်းကာ ချည်နှောင် ရစ်ပတ်ပေးခြင်းသည် မြွေဆိပ်များ တစ်ကိုယ်လုံးကို လွယ်ကူစွာ မပျံ့နှံ့ရန်ကာကွယ်ပေးနိုင်ပါတယ်။

အချို့ဒေသများမှာ ဆေးရုံဆေးခန်းသို့ လူနာရောက်ရှိရန် နာရီများစွာ ကြာနိုင်တယ်ထိုကြောင့် တောထဲတောင်ထဲ ရပ်ကွက်ထဲတွင် မြွေပွေးမြွေဟောက်အကိုက်ခံရသည့် လူနာကို ချက်ချင်းအသက် ကယ်တင်နိုင်သော သဘာဝ ပေါက်ပင်များဖြစ်သည့် ဥန္နဲပင်နှင့် နဘဲပင်တို့ဖြင့် မြွေဆိပ်ဖြေနည်းကို ဖော်ပြပေးလိုက်ပါတယ်။

20429654 814630975363681 1329350441665816186 n

ဥန္နဲပင်နှင့်နဘဲပင်တို့သည် မိုးခေါင်ရေရှား အပူပိုင်ဒေသတွင် အနှံ့အပြား ရှင်သန် ပေါက်ရောက်လျက်ရှိပါသည်။ နဘဲပင်သည် အပင်ကြီး မျိုးဖြစ်၍ ပေ (၁၀၀) နီးပါး မြင့်မားသည်။ ဥန္နဲပင်မှာ ပင်ပုမျိုး ချုံပုတ်ဆန်သော်လည်း ပေါက်ရောက်မြေကို နှစ်သက်ပါက အမြင့်ပေ (၂၀) ကျော်အထိ မြင့်မားတတ်ပါသည်။ ဥန္နဲပင်ပေါက်လျှင် မြေအောက်ရေကြော နီးသည်ဟု ဆိုပါသည်။

မြွေပွေးကိုက်လျှင် မြွေးပွေး၏ အဆိပ်သည် အအေးဖြစ်၍ အပူဓာတ်ရှိသော နဘဲရွက်ကို ကြိတ်၍ မြွေစွယ်ပေါက်ရှိရာ နေရာကို အုံထားပေးရသည်။ မြွေဟောက်ကိုက်လျှင် မြွေဟောက်၏ အဆိပ်သည် အပူဖြစ်၍ အအေးဓာတ်ရှိသော ဥန္နဲရွက်ကို ကြိတ်၍ မြွေစွယ်ပေါက်ရှိရာ နေရာကို အုံထားပေးရသည်။

သွေးအတွင်း လည်နေသော မြွေဆိပ်များ အနာဝမှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာစေသော အာနိသင်ရှိသဖြင့် မြွေကိုက်ခံရသည့် လူနာအား အသက်အန္တရာယ်မှ လွတ်ကင်းနိုင်ပါသည်။ ငွေကုန်ကြေးကျ သက်သာပြီး ဆေးရုံဆေးခန်းသို့ သွားစရာမလိုသော သဘာဝပေါက်ပင် ဥန္နဲပင်နှင့်နဘဲပင်တို့၏ ထူးခြားသော အစွမ်းထက်သည့် ဆေးဖက်ဝင်မှုကို ယုံယုံကြည်ကြည် အသုံးပြုရန်တိုက်တွန်း လိုပါသည်။

အဓိက ကတော့ မိမိလုပ်ကိုင်နေတဲ့ အလုပ်မှာ သတိနဲ့လုပ်ကိုင်ကြဖို့ပါ။ ဖော်ပြပါ မြွေဆိပ်ဖြေနည်းဖြင့် မြွေကိုက်ခံရခြင်း ကြုံလာပါက ချက်ချင်းမိမိအသက်ကို ကာကွယ်နိုင်ပါတယ်။

Source: Than Lin

Read: ဦးနှောက်မှာ အကျိတ်ရှိနေလျှင် ပြသောလက္ခဏာများ

https://www.healthproducts.com.mm/articles/item/587-%E1%80%B9feature-for-brain-tumors.html

ဦးနှောက်မှာ အကျိတ်ရှိနေလျှင် ပြသောလက္ခဏာများ

 

Read times Last modified on Tuesday, 20 March 2018 11:41
Rate this item
(0 votes)