What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 September 2018 16:01

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကျတာ သိပ်တော့ မတွေ့ရပါဘူး။ အမျိုးသမီးအများစုအနေနဲ့ ကိုယ်ဝန်ဟာ သွေးပေါင်ချိန်အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ မသိကြပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှည့်ပတ်မှုဟာ ပိုမိုကျယ်ပြန့်လာပြီး ဟော်မုန်းပြောင်းလဲခြင်းများဟာ သွေးကြောတွေကို ကျယ်သွားစေတဲ့အတွက် သွေးပေါင်ချိန် လျော့နည်းရခြင်း ဖြစ်ပါတယ်။

သွေးပေါင်ချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းမှာ ကျတတ်ပြီး ဒုတိယသုံးလပတ်အတွင်းပိုင်းမှာ အကျဆုံး ဖြစ်တတ်ပါတယ်။ ဆရာဝန်များကတာ့ အောက်မှာဖော်ပြတဲ့ လက္ခဏာတွေရှိပြီး ပုံမှန်အတိုင်းအတာမှာ မရှိဘူးဆို၇င် သွေးပေါင်ကျခြင်းလို့ သတ်မှတ်ပါတယ်။

အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျခြင်းကို ကြုံတွေ့ရပါတယ်။ လက္ခဏာအားလုံးဟာ သွေးပေါင်ချိန်ကျတတ်သူတွေ ကြုံနေကြ လက္ခဏာအတိုင်းပဲ ဖြစ်ပါတယ်။ အများစုကတော့ မူးဝေခြင်း၊ တခါတရံ မူးမေ့တတ်ခြင်း ဖြစ်တတ်ပါတယ်။ မူးမေ့ခြင်းဟာ လှဲလျောင်းနေရာမှာ ရုတ်တရက်ထရပ်ရင် ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် သွေးပေါင်ချိန် ကျတတ်ခြင်းဟာ သွေးလန့်တဲ့ အခြေအနေက ဆိုးရွားတဲ့ သွေးပေါင်ချိန်ကျခြင်း လက္ခဏာတွေကိုတော့ မဖြစ်စေပါဘူး။ သွေးဆိပ်တက်ခြင်း၊ သွေးပမာဏများစွာ ဆုံးရှုံးခြင်း စတဲ့လူနာတွေမှာ သွေးပေါင်ချိန် ဆိုးရွားစွာကျဆင်းရင် ကြီးမားတဲ့ ထိခိုက်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

သွေးပေါင်ချိန် ဘယ်လောက်ကျဆင်းတတ်လဲ ဆိုတာတော့ ပုံသေမရှိပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုမှာတော့ အပေါ်သွေးဟာ ၅-၁၀ ထိ ကျဆင်းတတ်ပါတယ်။ ပုံမှန်ကိုယ်ဝန်မှာ အောက်သွေးဟာ ၁၅ယူနစ် ကျဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကျသွားတဲ့ သွေးပေါင်ချိန်ဟာ နောက်ပိုင်းမှာ ပုံမှန်ပြန်ဖြစ်လာပါတယ်။

သွေးပေါင်ကျခြင်းကြောင့် မူးဝေခြင်းကို ခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လက္ခဏာတွေကို လျော့ပါးစေပြီး ဘေးကင်းအောင် ဆောင်ရွက်နိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မူးဝေသလိုခံစားရရင် ထိုင်ခြင်း၊ လှဲခြင်း ပြုလုပ်ပါ။
ထိုင်နေ လှဲနေရာမှ ရုတ်တရက် မတ်တတ်ရပ်ခြင်း မလုပ်ပါနဲ့။
နှလုံးဘက်ကို သွေးစီးဆင်းမှုကောင်းအောင် ဘယ်ဘက်ကို စောင်းအိပ်ပါ။
မူးဝေခြင်း ပိုဆိုးလာရင်၊ တခြားပြသနာတွေပါ ကြုံလာရင် ဆရာဝန်ပြသပါ။ မူးမေ့ခြင်းအပြင် သွေးထွက်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်း၊ ကိုယ်ခန္ဓာ တဘက်ဘက်မှာ ထုံကျင်အားနည်းခြင်း ဖြစ်ပွားရင် အရေးပေါ် ဆေးဝါးကုသမှုခံယူပါ။

source:hellosayarwon

Read:နှလုံးသွေးကြောကျဉ်းရောဂါသည်များ ရှောင်ရမည့် အစားအသောက်များ

နှလုံးသွေးကြောကျဉ်းရောဂါသည်များ ရှောင်ရမည့် အစားအသောက်များ

Read times Last modified on Thursday, 20 September 2018 16:05
Rate this item
(1 Vote)