What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 March 2018 11:13

နားရွက်အပေါက်နားမှာ ထူးဆန်းစွာရှိနေသည့် အပေါက်သေးသေးလေးတွေအကြောင်း

နားရွက်အပေါက်နားမှာ ထူးဆန်းစွာရှိနေသည့် အပေါက်သေးသေးလေးတွေအကြောင်း google.com

လူတစ်ယောက်ရဲ့ ခန္ဓာ ကိုယ်ဖွဲ့စည်းပုံခြင်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။

လူတိုင်းဟာ တူညီတဲ့ကိုယ်တွင်းအင်္ဂါတွေကိုယ်စီ ရှိကြတာမှန်ပေမဲ့ တစ်ချို့သော အရာလေးတွေမှာ အနည်းငယ် ကွဲပြားမှုတွေရှိနေပါတယ်။ လူတစ်ချို့မှာ လက်ပွား၊ ခြေပွားလေးတွေ ရှိနေမယ်။ တစ်ချို့မှာ ပုံမှန်ရှိသင့်တာထက်ပိုတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရှိနေပါတယ်။ အခုပြောပြပေးချင်တာက လူတစ်ချို့တွေမှာ ထူးဆန်းစွာ ရှိနေတတ်တဲ့ မွေးရာပါ နားပေါက် ကဲ့သို့ အပေါက်သေးသေးလေးတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

အဲလို မွေးရာပါ အပေါက်သေးသေးလေးတွေကို ဆေးပညာအခေါ်အရ  Preauricular Sinus ခေါ်ပြီး အဲ့ဒီအပေါက်လေးတွေဟာ တချို့ နားရွက်အရှေ့ဘက်နားတွေမှာဖြစ်ပေါ်နေတတ်ပါတယ်။ အဲ့ဒီအပေါက်လေးတွေရဲ့ အတိမ်အနက်ကို တော့ စမ်းသပ်ကြည့်ဖို့ စိတ်မကူးပါနဲ့။

preauricular sinus1

နိုင်ငံအချို့မှာတော့ ဒီလိုအပေါက်လေးတွေပါတဲ့ သူတွေဟာ ကံဆိုးမှုတွေ သယ်ယူလာတယ်ဆိုပြီး အယူရှိကြပါတယ်။ ဒါပေမဲ့ အယူသီးတာလား၊ တကယ်ကံဆိုးတာလားတော့ ဘယ်သူမှအဖြေမထုတ်နိုင်သေးပါဘူး။ မွေးရာပါ အပေါက်လေးတွေပါနေတဲ့ သူတွေဟာ ကမ္ဘာဦးအစရဲ့ လူသားမျိုးနွယ်တွေနဲ့ဆက်စပ်နေတယ်လို့ တချို့လူတွေက ယုံကြည်နေပါတယ်။

အဲ့ဒီအပေါက်လေးတွေက ကျန်းမာရေးအတွက်တော့ ဘာအန္တရာယ်မှ မရှိပါဘူး။တစ်ခုသတိထားစေချင် တာက အပေါက်ထဲကို မည်သည့်ပစ္စည်းနဲ့မှ ထိုးသွင်းစမ်းသပ်ခြင်း မပြုကြပါနဲ့။ အနာဖြစ်ပြီး ကင်ဆာဖြစ်နိုင်သည့် အထိ စိုးရိမ်ရလို့ပါ။

Source: shwemon

 Read: စိတ်ရောဂါတစ်ခုကြောင့် သက်ငယ်မုဒိန်းတွေဖြစ်နေတာလား???

https://www.healthproducts.com.mm/articles/item/573-a-psychiatrist-of-rape.html

BV Acharya 29

Read times Last modified on Thursday, 22 March 2018 12:02
Rate this item
(1 Vote)