What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 April 2018 15:15

နှလုံးမှာ အကျိတ်ဖြစ်ရခြင်းအကြောင်းရင်း

နှလုံးမှာ အကျိတ်ဖြစ်ရခြင်းအကြောင်းရင်း google.com

နှလုံးအကျိတ်ဆိုတာ နှလုံးနဲ့ နှလုံးအဆို့တွေမှာ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုကို ခေါ်ပါတယ်။နှလုံးအကျိတ်ပုံစံ

မျိုးစုံရှိပါတယ်။ယေဘုယျပြောရရင်တော့ နှလုံးအကျိတ်များက ရှားပါတယ်။

အကျိတ်များက ကင်ဆာဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး ရှိပါတယ်။အကျိတ်များက နှလုံးမှာကြီးထွားမှုဖြစ်နေပြီး နှလုံးမှာပဲနေပါက ပထမဖြစ်သောအကျိတ်လို့ခေါ်ပါတယ်။

အကျိတ်များက ခန္ဓာကိုယ်ရဲ့တစ်ခြားနေရာမှဖြစ်ပြီး နှလုံးကိုရွေလာရင် (ပြန့်လာရင်) ဒုတိယဖြစ်သော အကျိတ်များလို့ခေါ်ပါတယ်။

နှလုံးအကျိတ်တော်တော်များများကတော့ ရိုးရိုးသာမန်အကျိတ်များသာဖြစ်ကြပါတယ်။သို့သော်လည်း သာမန်အကျိတ်ဆိုရင်တောင် သူတို့ရဲ့အရွယ်အစားနဲ့ နေရာပေါ်မူတည်ပြီး ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အကျိတ်ရဲ့အစိတ်အပိုင်းလေးတစ်စလောက်က သွေးစီးကြောင်းထဲပြုတ်ကျပြီး သွေးကြောတွေထဲကိုဝင်ပြီး တစ်ခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေထဲကို ၀င်ရောက်သွားနိုင်ပြီး embolism လို့ခေါ်တဲ့သွေးခဲပိတ်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

Cardiac Tumor (နှလုံးအကျိတ်) က အရမ်းကိုအတွေ့ရများပါတယ်။အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုဖြစ်ပါတယ်။မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။သင့်အတွက် အန္တရာယ်ဖြစ်စေတဲ့အချက်တွေကို လျှော့ချခြင်းနဲ့စီမံဆောင်ရွက်နိုင်ပါတယ်။

လက္ခဏာများ

လူနာတွေဟာ သူတို့မှာ နှလုံးအကျိတ်ရှိတာကိုမသိရှိကြပါဘူး။သူတို့တွေဟာ တစ်ခြားအကြောင်းအရင်းတွေကြောင့်နှလုံး စက်ဆွဲကြည့်တာတွေ လုပ်ကြည့်တော့မှ တွေ့ကြပါတယ်။

တကယ်လို့အကျိတ်ဟာ ကယ်လ်စီယမ်အနည်ကျပြီး မာနေပြီးဆိုရင်တော့ ရင်ဘတ်ဓာတ်မှန်ရိုက်ကြည့်ခြင်းနဲ့ သိနိုင်ပါတယ်။ ပထမဖြစ်သောအကျိတ်အမျိုးအစားမှာတော့ လူနာတွေရဲ့ အသက် ၅၀နဲ့၆၀လောက်မှာ ရှာတွေ့တတ်ကြပါတယ်။သို့သော်လည်း ငယ်ရွယ်တဲ့လူနာတွေမှာလည်းတွေ့ရတတ်ပါတယ်။

နှလုံးရဲ့ ဘယ်ဘက်သွေးလွတ်ကြော အခန်းတစ်ခုမှာဖြစ်တဲ့ နှလုံး myxoma ဆိုတာကလည်း ရောဂါလက္ခဏာမှာတွေရပါတယ်။ နှလုံးအဆို့မှာ သွေးစီးဆင်းမှုပိတ်တာကြောင့် ဖြစ်ပါတယ်။ သွေးစီးဆင်းမှုပိတ်ခြင်းဟာ တစ်ချိန်လုံးပိတ်နေတာဖြစ်နိုင်သလို လူနာရဲ့ နေထိုင်မှုပေါ်လည်းမူတည်ပါတယ် (ဥပမာ လှဲအိပ်ခြင်း)။

လူနာတော်တော်များများမှာ ရောဂါလက္ခဏာ မရှိတတ်ပေမယ့် သွေးစီးဆင်းမှုပိတ်တဲ့အခါမှာ ဘယ်ဘက်သွေးလွှတ်ကြောအခန်းထဲမှာ ဖိအားများလာပါတယ် ၄င်းကနေမှ

မောခြင်း၊မူးမေ့ခြင်းသလိုဖြစ်ခြင်း နဲ့ချောင်းဆိုးခြင်းတို့ ဖြစ်လာပါတယ်။ရောင်ရမ်းခြင်းကနေပြီးမှ ဖျားနာခြင်း နဲ့ လူနာက အဆစ်တွေနာခြင်း နေထိုင်မကောင်းခြင်းတွေဖြစ်လာပါတယ်။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

Cardiac Tumor (နှလုံးအကျိတ်) ဖြစ်စေသောအကြောင်းရင်းများ

နှလုံးအကျိတ်ဖြစ်ကြတဲ့ လူနာ တွေရဲ့ရာခိုင်နှုန်းအနည်းငယ်ကတော့ မျိုးရိုးလိုက်ပြီးဖြစ်ကြပါတယ်။ တစ်ခါတစ်လေမှာတော့ NAME Syndrome, LAMB Syndrome, Carney Syndrome လို့ခေါ်တဲ့ တစ်ခြားကျန်းမာရေးပြဿနာတွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေတွေမျိုးရိုး လိုက်တာတွေမရှိပဲနဲ့လည်း နှလုံးအကျိတ်ဟာ ဖြစ်နေတတ်တာတွေရှိပါတယ်။နှလုံးမှာဆဲလ်ကြီးထွားမှုတွေရဲ့ ရလာဒ်အနေနဲ့ ဒါမှမဟုတ် နှလုံးကို ဆဲလ်ကြီးထွားမှု နေရာရွေ့တာကြောင့် နှလုံးအကျိတ်ဖြစ်ရပါတယ်။

နှလုံးအကျိတ်ဟာ မိသားစုဝင်တွေဖြစ်ရင် ဖြစ်တတ်သလို မျိုးရိုးဗီဇအရလည်း လိုက်ဖြစ်တတ်ပါတယ်။ခန္ဓာကိုယ်ရဲ့တစ်ခြားအစိတ်အပိုင်းမှာ ဆိုးရွားတဲ့အကျိတ်မျိုးတွေရှိနေရင် နှလုံးကို ပြန့်နိုင်ပါတယ် အထူးသဖြင့် melanoma၊ ရင်သားကင်ဆာ နဲ့ အဆုတ်ကင်ဆာတွေဖြစ်ပါတယ်။၎င်းတို့ကနှလုံးအကျိတ်ဖြစ်ဖို့အတွက် အန္တရာယ်ပေးတဲ့အချက်တွေပါပဲ။

Source: hello sayarwon

Read: ဆေးခြောက်ကို အသေးစိတ်လေ့လာခြင်း

ဆေးခြောက်ကို အသေးစိတ်လေ့လာခြင်း

Read times Last modified on Thursday, 19 April 2018 18:08
Rate this item
(0 votes)