What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 May 2018 15:46

နှလုံးအားနည်းခြင်း၏ လက္ခဏာရပ်များ

နှလုံးအားနည်းခြင်း၏ လက္ခဏာရပ်များ google.com

နှလုံးအားနည်းခြင်းသည် Decosta အမည်ရှိသော ရောဂါစုတစ်ခုဖြစ်ပါတယ်။

နှလုံးအားနည်းခြင်း၏ လက္ခဏာရပ်များသည် နှလုံးဝေဒနာသည်များနှင့် ဆင်တူသော်လည်း စစ်ဆေးကြည့်လျှင် နှလုံးရောဂါနှင့်တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါဘူး။

နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ်များခြင်းကြောင့် ဖြစ်တယ်လို့ယူဆရပြီး အစားအသောက်၊ အနေအထိုင်ပုံများပြောင်းလဲခြင်း ၊လေ့ကျင့်ခန်း များပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

နှလုံးအားနည်းခြင်း၏ လက္ခဏာရပ်များမှာ-

(၁) မောပန်းလွယ်ခြင်း

(၂) အသက်ရှုမဝခြင်း

(၃) ရင်တုန်ခြင်း

(၄) ချွေးပြန်ခြင်း

(၅) ရင်ဘတ်အောင့်ခြင်း

(၆) မူးဝေခြင်း တို့ဖြစ်ပါတယ်။

နှလုံးအားနည်းခြင်းကို ယေဘုယျအားဖြင့် စိုးရိမ်စိတ်များခြင်းကြောင့် ဖြစ်သော မူမမှန်ဖြစ်စဉ်တစ်ခုအဖြစ်လက်ခံထားကြပါတယ်။ နှလုံးအားနည်းခြင်းကို အဓိကဖြစ်စေသော အရာတွေက စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်အလွန်အကျွံသောက်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

လူနာသည် ဝေဒနာခံစားလာရပါက ပွပွချောင်ချောင် အဝတ်အစားများဝတ်ခြင်း၊ ဘယ်ညာစောင်းခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းစသည့် တို့ကို ရှောင်ကြဉ်ရပါမယ်။ လဲလျောင်းနေခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

တစ်နေ့ကို လေ့ကျင့်ခန်း အနည်းဆုံး မိနစ် ၃၀ မှန်မှန်လုပ်ပါ။

အရက်ဖြတ်ပါ။

ဆေးလိပ်ဖြတ်ပါ။

တရားထိုင်ပေးပါ။

စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားပါ။

Source: Hello doctor

Read: အသည်းကင်ဆာကို ကာကွယ်ပေးတဲ့ပန်းဂေါ်ဖီစိမ်း

အသည်းကင်ဆာကို ကာကွယ်ပေးတဲ့ပန်းဂေါ်ဖီစိမ်း

Read times Last modified on Tuesday, 15 May 2018 15:43
Rate this item
(2 votes)