What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 November 2018 17:27

ဂေါက်(အဆစ်အမြစ်ရောင်ရောဂါ)နှင့် ပတ်သက်၍ သိထားရမည့်အချက်များ

သွေးနှင့် တစ်သျှူးများထဲတွင် ယူရစ်အက်စစ် များလွန်းသောကြောင့် အဆစ်အမြစ်ရောင်ရမ်းသည့်ရောဂါ (Gout) ဖြစ်လာသည်။ 

အဆစ်အ မြစ်များတွင် ယူရစ်အက်စစ်များ အနည်ထိုင်ပြီး ဂေါက်ရောဂါဖြစ်လာ သည်။ ယင်းအက်စစ်များသည် ကျောက်ကပ်များထဲတွင်လည်း အနည်ထိုင်နိုင်ပြီး ကျောက်ကပ်တွင် ကျောက်တည်လာနိုင်သည်။

 

ဂေါက်ရောဂါဖြစ်စေသည့် ယူရစ်အက်စစ်မြင့်မားမှု ဖြစ်စေသော အဓိကအကြောင်းရင်းသုံးမျိုးမှာ ဓာတုပစ္စည်းပါဝင်မှုများသည့် အစားအစာများစားခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပြီး မည်သည့် အကြောင်းရင်းကြောင့်ဟု မသိရဘဲ ခန္ဓာကိုယ်က ယူရစ်အက်စစ်ထုတ် လုပ်မှု မြင့်မားခြင်းနှင့် ကျောက်ကပ်များက လုံလောက်သော ယူရစ်အက်စစ်များကို မစွန့်ပစ်ခြင်းတို့ကြောင့် ဖြစ်တတ်သည်။

 

နောက်တစ် ချက်မှာ ကျောက်ကပ်ရောဂါ၊ အဆာငတ်ခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် ဖြစ်နိုင်ပြီး သွေးတိုးရောဂါကုသသည့် ဆေး တစ်မျိုးကြောင့်လည်း ဖြစ်နိုင်သည်။ အဝလွန်ခြင်းနှင့် ရုတ်တရက်ကိုယ်အလေးချိန် တိုးလာခြင်းကြောင့် ယူရစ်အက်စစ်ထုတ်လုပ်မှု မြင့်မားလာနိုင်သည်။ အချို့သော ပုဂ္ဂိုလ်များတွင် ဂေါက်ရောဂါမှာ ယင်းအချက်များ စုပေါင်း၍ ဖြစ်တတ်ပြီး မိသားစုတွင် ဂေါက်ရောဂါရာဇဝင်ရှိသူများမှာ ယင်းရောဂါဖြစ်ပွားနိုင်ဖွယ်ပိုများသည်။

 

ဂေါက်ရောဂါရှင် ၉၀ ရာခိုင်နှုန်းမှာ အသက် (၄၀)ကျော် အမျိုးသားများဖြစ်သည်။ ငယ်ရွယ်သော အမျိုးသမီးများ ဂေါက်ရောဂါဖြစ်ခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး သွေးဆုံးပြီးနှစ်များစွာကြာပြီးမှသာ အမျိုးသမီးများ ဂေါက်ရောဂါ ဖြစ်လေ့ရှိသည်။ ဂေါက်ရောဂါ၏ ပထမဆုံး ရောဂါလက္ခဏာမှာ အဆစ်တစ်ခုတည်းသာ နာကျင်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ဒူး၊ ခြေချင်းဝတ်၊ လက်ကောက်ဝတ်၊ ခြေချောင်း (သို့မဟုတ်) လက်ချောင်းများရှိ အဆစ်များကို ထိခိုက်တတ်သည်။ ဂေါက်ရောဂါ ခံစားနေရပါက အဆစ်များ နီရဲရောင်ရမ်းကာ အထိမခံနိုင်ဖြစ်လာသည်။

 

ဆေးကုသမှု မခံယူပါက ဂေါက်ရောဂါကြောင့် ရက်ပေါင်းများစွာ နာကျင်မှုဝေဒနာခံစားရနိုင်သည်။ သို့သော် ပထမဆုံး ၂၄ နာရီမှ ၃၆ နာရီအတွင်း အပြင်းထန်ဆုံး ခံစားရမည် ဖြစ်သည်။ ဂေါက်ရောဂါကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီသော အစားအသောက်များစားပါ။ အရက်မသောက်ပါနှင့် အထူးသဖြင့် အရက်အလွန်အကျွံ မသောက်ပါနှင့် ရေဓာတ်မခန်းခြောက်စေနှင့်၊ အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချပစ်ပါ။ ဖြစ်နိုင်လျှင် ဆီးရွှင်စေသောဆေးများ (Water Pill) သောက်သုံးခြင်းရှောင်ပါ။

 

ဂေါက်ရောဂါရှင် အများစုမှာ အစားရှောင်လျှင် ရောဂါအတွက် များစွာအထောက်အကူ မဖြစ်သော်လည်း ဂေါက်ရောဂါကို ပြင်းထန်စေမည့် အစားအစာများကို ရှောင်ရှားသင့်သည်။

Source:7daydaily

{Zawgyi}

=======

ေဂါက္(အဆစ္အျမစ္ေရာင္ေရာဂါ)ႏွင့္ ပတ္သက္၍ သိထားရမည့္အခ်က္မ်ား 

 

ေသြးႏွင့္ တစ္သွ်ဴးမ်ားထဲတြင္ ယူရစ္အက္စစ္ မ်ားလြန္းေသာေၾကာင့္ အဆစ္အျမစ္ေရာင္ရမ္းသည့္ေရာဂါ (Gout) ျဖစ္လာသည္။ အဆစ္အ ျမစ္မ်ားတြင္ ယူရစ္အက္စစ္မ်ား အနည္ထိုင္ၿပီး ေဂါက္ေရာဂါျဖစ္လာ သည္။ ယင္းအက္စစ္မ်ားသည္ ေက်ာက္ကပ္မ်ားထဲတြင္လည္း အနည္ထုိင္ႏုိင္ၿပီး ေက်ာက္ကပ္တြင္ ေက်ာက္တည္လာႏုိင္သည္။

 

ေဂါက္ေရာဂါျဖစ္ေစသည့္ ယူရစ္အက္စစ္ျမင့္မားမႈ ျဖစ္ေစေသာ အဓိကအေၾကာင္းရင္းသုံးမ်ဳိးမွာ ဓာတုပစၥည္းပါ၀င္မႈမ်ားသည့္ အစားအစာမ်ားစားျခင္း၊ မ်ဳိး႐ုိးလုိက္ျခင္းတို႔ေၾကာင့္ျဖစ္ႏုိင္ၿပီး မည္သည့္ အေၾကာင္းရင္းေၾကာင့္ဟု မသိရဘဲ ခႏၶာကိုယ္က ယူရစ္အက္စစ္ထုတ္ လုပ္မႈ ျမင့္မားျခင္းႏွင့္ ေက်ာက္ကပ္မ်ားက လုံေလာက္ေသာ ယူရစ္အက္စစ္မ်ားကို မစြန္႔ပစ္ျခင္းတုိ႔ေၾကာင့္ ျဖစ္တတ္သည္။

 

ေနာက္တစ္ ခ်က္မွာ ေက်ာက္ကပ္ေရာဂါ၊ အဆာငတ္ျခင္းႏွင့္ အရက္အလြန္အကြၽံ ေသာက္သုံးျခင္းတို႔ေၾကာင့္ ျဖစ္ႏုိင္ၿပီး ေသြးတိုးေရာဂါကုသသည့္ ေဆး တစ္မ်ဳိးေၾကာင့္လည္း ျဖစ္ႏုိင္သည္။ အ၀လြန္ျခင္းႏွင့္ ႐ုတ္တရက္ကုိယ္အေလးခ်ိန္ တိုးလာျခင္းေၾကာင့္ ယူရစ္အက္စစ္ထုတ္လုပ္မႈ ျမင့္မားလာႏုိင္သည္။ အခ်ဳိ႕ေသာ ပုဂၢိဳလ္မ်ားတြင္ ေဂါက္ေရာဂါမွာ ယင္းအခ်က္မ်ား စုေပါင္း၍ ျဖစ္တတ္ၿပီး မိသားစုတြင္ ေဂါက္ေရာဂါရာဇ၀င္ရွိသူမ်ားမွာ ယင္းေရာဂါျဖစ္ပြားႏုိင္ဖြယ္ပိုမ်ားသည္။

 

ေဂါက္ေရာဂါရွင္ ၉၀ ရာခိုင္ႏႈန္းမွာ အသက္ (၄၀)ေက်ာ္ အမ်ဳိးသားမ်ားျဖစ္သည္။ ငယ္ရြယ္ေသာ အမ်ဳိးသမီးမ်ား ေဂါက္ေရာဂါျဖစ္ျခင္းမွာ ျဖစ္ေတာင့္ျဖစ္ခဲျဖစ္ၿပီး ေသြးဆုံးၿပီးႏွစ္မ်ားစြာၾကာၿပီးမွသာ အမ်ဳိးသမီးမ်ား ေဂါက္ေရာဂါ ျဖစ္ေလ့ရွိသည္။ ေဂါက္ေရာဂါ၏ ပထမဆုံး ေရာဂါလကၡဏာမွာ အဆစ္တစ္ခုတည္းသာ နာက်င္ေလ့ရွိၿပီး တစ္ခါတစ္ရံတြင္ ဒူး၊ ေျခခ်င္း၀တ္၊ လက္ေကာက္၀တ္၊ ေျခေခ်ာင္း (သို႔မဟုတ္) လက္ေခ်ာင္းမ်ားရွိ အဆစ္မ်ားကို ထိခိုက္တတ္သည္။ ေဂါက္ေရာဂါ ခံစားေနရပါက အဆစ္မ်ား နီရဲေရာင္ရမ္းကာ အထိမခံႏုိင္ျဖစ္လာသည္။

 

ေဆးကုသမႈ မခံယူပါက ေဂါက္ေရာဂါေၾကာင့္ ရက္ေပါင္းမ်ားစြာ နာက်င္မႈေ၀ဒနာခံစားရႏုိင္သည္။ သို႔ေသာ္ ပထမဆုံး ၂၄ နာရီမွ ၃၆ နာရီအတြင္း အျပင္းထန္ဆုံး ခံစားရမည္ ျဖစ္သည္။ ေဂါက္ေရာဂါကို ကာကြယ္ရန္ က်န္းမာေရးႏွင့္ညီေသာ အစားအေသာက္မ်ားစားပါ။ အရက္မေသာက္ပါႏွင့္ အထူးသျဖင့္ အရက္အလြန္အကြၽံ မေသာက္ပါႏွင့္ ေရဓာတ္မခန္းေျခာက္ေစႏွင့္၊ အ၀လြန္ေနပါက ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ပစ္ပါ။ ျဖစ္ႏုိင္လွ်င္ ဆီးရႊင္ေစေသာေဆးမ်ား (Water Pill) ေသာက္သုံးျခင္းေရွာင္ပါ။

 

ေဂါက္ေရာဂါရွင္ အမ်ားစုမွာ အစားေရွာင္လွ်င္ ေရာဂါအတြက္ မ်ားစြာအေထာက္အကူ မျဖစ္ေသာ္လည္း ေဂါက္ေရာဂါကို ျပင္းထန္ေစမည့္ အစားအစာမ်ားကို ေရွာင္ရွားသင့္သည္။

Source:7daydaily

Read times Last modified on Thursday, 02 January 2020 17:45
Rate this item
(2 votes)