What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 May 2018 16:19

ပျားရည်ကို နေ့စဉ်သောက်သုံးရင် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

ပျားရည်ကို နေ့စဉ်သောက်သုံးရင် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးများ Google.com

စာရေးသူငယ်စဉ်က ရာသီဥတု အမြဲအေးနေတဲ့ တောင်ပေါ်ဒေသမှာကြီးလာသူပါ။ ငယ်ငယ်တုန်းက ကိုယ်ခံအားလည်းမကောင်းတော့ အမြဲလိုလို နှာစေး၊ချောင်းဆိုး၊ အအေးမိဖြစ်တတ်ပါတယ်။

အမေက နောက်ပိုင်းတစ်နေ့ကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီ အားဆေးလို တိုက်ပြီး ကြာလာတော့ သိပ်မဖျားတော့သလို ဖျားရင်တောင် ကြာရှည်မဖျားတော့ပါဘူး။

ပျားရည်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကိုမြှင့်ပေးနိုင်တဲ့ စွမ်းအင်ရှိသလို တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်း နေ့စဉ်သောက်သုံးရင် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်။

အစာအိမ် ဂတ်စ်များတာလျော့ချပေးနိုင်

Image result for ဗိုက်အောင့်
အစာအိမ်မှာ ဂက်စ်များတာကြောင့်မအီမသာဖြစ်နေရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီး သောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ဝမ်းပျော့နေတာ၊ ဝမ်းပျက်ဝမ်းလျောဖြစ်ချင်ချင်ဖြစ်နေရင်လည်း အဲ့လိုဘဲ သောက်ပါ။ တစ်နေ့ကို ၃ ခါလောက်သောက်ပေးပါ။ သက်သာသွားပါလိမ့်မယ်။

မှတ်ဥာဏ်ကို တိုးမြှင့်ပေး

Image result for မှတ်ဥာဏ်
ပျားရည်မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

Image result for ကိုယ်ခံအား
ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ပျားရည်မှာတွေ့ရလေ့ရှိတဲ့ Lactabaillus Kuneei ဓာတ်က ကိုယ်ခံအားကိုအဓိက မြှင့်တင်ပေးနိုင်ပါတယ်။
အသားအရေကို ကြည်လင်စေ

Image result for အသားအရေ

ပျားရည်က အလှကုန်ပစ္စည်းတွေ အသားအရေထိန်းသိမ်းတဲ့ Skin Care Products တွေမှာ အဓိကပါဝင်နေပါတယ်။

ဒါ့ကြောင့် ပျားရည်ကို မျက်နှာမှာဘဲ ရိုးရိုးရှင်းရှင်းလေး လိမ်းပြီး ရေဆေးချရုံနဲ့ အသားအရေကို ကြည်လင်စေကာ ဝက်ခြံတို့ကို ပျောက်ကင်းစေပါတယ်။
source:'Myfoodmyanmar'

Read: လေဖြတ်၊ ကင်ဆာနဲ့သွေးတိုးရောဂါတွကို ကာကွယ်ပေးနိုင်တဲ့ ဖရဲသီး

လေဖြတ်၊ ကင်ဆာနဲ့သွေးတိုးရောဂါတွကို ကာကွယ်ပေးနိုင်တဲ့  ဖရဲသီး

Read times Last modified on Friday, 25 May 2018 16:36
Rate this item
(1 Vote)