What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 June 2018 13:25

လူသောက်များတဲ့ Betex (အာရုံကြောအားဆေး) အကြောင်း

လူသောက်များတဲ့ Betex (အာရုံကြောအားဆေး) အကြောင်း Google.com

များသောအားဖြင့် ဆေးဆိုင်းတွေမှာ neurobion အပြာကဒ် ၊ အနီကဒ် ၊ neurorubin , neurovitဆိုတဲ့ကဒ် တွေနဲ့ Betex မှာ ပါဝင်တဲ့ အာနိသင်ချင် အတူတူပါပဲ။

ကွာခြားတာက ဈေးနှုန်းနဲ့ ကဒ်ပျော့ကြောင့်ဘဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နာမည်ကြီး ဆေးဝါးကုမ္ပဏီတွေက ထုတ်လုပ်တာကြောင့်လည်း ပါဝင်နိုင်ပါတယ်။

ဆရာဝန်အများစုကတော့ အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့မဟုတ်) Betex ကို အသုံးပြုတာများပါတယ်။Betex က neurobionထက်သုံးဆမက ဈေးပိုကြီးပါတယ်။

 

Betex မှာ အဓိကပါဝင်တာကတော့ ဗီတာမင်ဘီဓာတ်ဘဲဖြစ်ပါတယ်။ ဗီတာမင်ဘီနဲ့ အဓိက ထုတ်လုပ်ထားတဲ့ ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ပါဝင်တဲ့ ဗီတာမင်တွေကတော့ ဗီတာမင်B1 B6 B12တို့ဘဲဖြစ်ပါတယ်။ Betex ဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးလည်းဖြစ်ပါတယ်။

 

အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်ပါတယ်။ နာတာရှည် ထုံကျင် ၊ ညောင်းညာကိုက်ခဲ ၊ အကြောတင်းနေသူထိတွေ့မှုအာရုံနည်းပါးသူ ၊ အသက်အရွယ်ကြီးသူတွေမှာလိုအပ်တဲ့ ဗီတာမင် B1 B6 B12ကို အချိုးကျကျပါင်းစပ်ထားပါတာလဲ ဖြစ်ပါတယ်။

 

Betex မှာ ဗီတာမင်ဘီရဲ့ အာနိသင်တွေက များပါတယ်။ သက်ရှိတိုင်းရဲ့ စွမ်းအားများအတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ Betex ကိုခြေဖျား၊ လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း ၊ အာရုံကြော အားနည်းခြင်း ၊ အာရုံကြောရောင်ရမ်းခြင်း ၊ ဇက်ကျော် ၊ ဂုတ်ကျောတက်သူများအတွက် အသုံးပြုလို့ရပါတယ်။

 

Betex ကို တချို့က ခေါင်းမူး ၊ ခေါင်းကိုက်ခြင်းအတွက်လည်း အသုံးပြုကြပါတယ်။ Betexက ခေါင်းမူးခြင်း ၊ ခေါင်းကိုက်ခြင်းတို့အတွက်

အသုံးပြုလိုရသလို ၊ရေရှည်အတွက် မကောင်းပါဘူး။ Betex ကိုရေရှည်သောက်ရင်တာ့ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။

ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သင့်ပါတယ်။

 

Betex မှာ ကောင်းကျိုးများရှိသလို ဘေးထွက် ဆိုးကျိုးတွေလည်းရှိပါတယ်။ ဘေးထွက် ဆိုးကျိုးတွေကတော့ ချွေထွက်များခြင်း ၊ နှလုံးခုန်မြန်ခြင်း ၊ ရန်တုန်ခြင်း ၊အရေပြားယားယံခြင်း ၊ အင်ပြင်ထွက်ခြင်းတို့ဘဲဖြစ်ပါတယ်။ Betex ကို အသက်အရွယ်မရွေးသောက်သုံးနိုင်ပါတယ်။စွဲသောက်တဲ့သူတွေအတွက်တော့ပြဿနာ မရှိပါဘူး။ဆရာဝန်များ ညွှန်ကြားသလို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။

 

writting by : A.Win

 

Read:ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၁၁)

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၁၁)

Read times Last modified on Tuesday, 10 July 2018 15:55
Rate this item
(6 votes)