What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 June 2018 15:06

နှာစေးလို့ Cetirizine သောက်မယ်ဆိုရင် သိထားရမယ့်အချက်များ

နှာစေးလို့ Cetirizine သောက်မယ်ဆိုရင် သိထားရမယ့်အချက်များ Google.com

ရာသီဥတု အပြောင်းအလဲမှာ အအေးမိ နှာစေးခြင်းကို လူတိုင်းနီးပါဖြစ်တတ်ကြပါတယ်။ ဦးစွာ ချမ်းစိမ့်စိမ့် ဖြစ်ရာမှ နှာချေခြင်း ၊ နှာစေးခြင်း ၊ နှာရည်ယိုခြင်း ၊ ကိုယ်အနည်းငယ်ပူလာခြင်း စတဲ့ အသေးအဖွဲရောဂါ လက္ခဏာ တစ်ရပ်ဖြစ်ပေမဲ့နောက်ဆက်တွဲ ဒုက္ခပေးနိုင်တဲ့ ရောဂါအခြေအနေထိလည်း ဖြစ်တတ်ပါတယ်။

အအေးမိနှာစေးခြင်း ဖြစ်နေတဲ့ အချိန်မှာ တကယ်ကို ခံရခက်တဲ့ ဝေဒနာတစ်ခုပါဘဲ။

ဆရာဝန်ပြပြီး ဆေးကုသမှုခံယူထားတယ်ဆိုပေမဲ့လည်း အအေးမိ နှာစေးခြင်းရဲ့ သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေးခြင်း ၊ ချောင်းဆိုခြင်း ၊ နှာရည်ယိုခြင်း စတဲ့ လက္ခဏာတွေ ဆက်ဖြစ်နေဦးမှာလည်း ဖြစ်ပါတယ်။ ဒါတွေကို သက်သာစေဖို့အတွက် တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ လူတိုင်းလိုလို နှာစေးပြီ ဆိုတာနဲ့ သိထားတဲ့ အရာက အအေးမိလို့ပဲ ဖြစ်ရတယ်လို့ပဲ ထင်ကြပါတယ်။ နောက်ထပ်တစ်ခုရှိတာ လူ့ ခန္ဓာကိုယ်မှာ Histamin ဓာတ်တစ်မျိုးရှိပါတယ်။ ၎င်း Histamin ဓာတ်များလာရင် နှာစေးခြင်း၊ ချောင်းဆိုးခြင်း ၊ ဗိုက်အောင့်ခြင်း ၊ အရေပြာ ယားယံခြင်း တွေကို ဖြစ်စေနိုင်ပါတယ်။

နှာစေး ၊ နှာရည်ယိုခြင်းနဲ့ ပတ်သက်လို့ လူတိုင်းအလွယ်သိတဲ့ ဆေးတစ်မျိုးက Cetirizine ပဲ ဖြစ်ပါတယ်။ ၎င်း Cetirizien သောက်ဆေးဟာ လူသုံးများတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ Cetirizine ဆေးဟာ ရာသီအပြောင်းအလဲမှာ ဖြစ်လေ့ရှိတဲ့ နှာစေးခြင်း ၊ နှာရည်ယိုခြင်း ၊ ချောင်းဆိုးခြင်းတို့ အတွက် အသုံးပြုလေ့ရှိတဲ့ ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ Cetirizine ဆေးကို လူတိုင်းသိတဲ့ နှာစေးခြင်း ၊ ချောင်းဆိုးခြင်း တွေမှာလည်း သုံးလို့ရသလို အခြားသော ရောဂါတွေအတွက်လည်း Cetirizine ကို အသုံးပြုလို့ရပါတယ်။

ဒါကြောင့် လူတိုင်း အလွယ်တကူ သောက်သုံးလေ့ရှိတဲ့ Cetirizine သောက်ဆေးနဲ့ ပက်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Cetirizine ဆေးဝါးကို ဓာတ်မတည့်ခြင်းရောဂါတွေအတွက် ကုထုံးပြုလုပ်ထားပြီး ဆေး၏ ဂုဏ်သတ္တိအရ အိပ်ငိုက်စေပါတယ်။

Cetirizine သောက်ဆေးကို ရာသီအကူအပြောင်းကြောင့်ဖြစ်လေ့ရှိသော နှာစေးခြင်း ၊ နှာရည်ယိုခြင်း ၊ နာတာရှည် ချောင်းဆိုခြင်း ၊ နှာချေခြင်း တို့အတွက်အသုံးပြုနိုင်တဲ့အပြင်
မျက်မြှေးရောင်နာ ၊ မျက်စိနာ စတဲ့ လက္ခဏာ ၊ ရောဂါပိုးကြောင့် အရေပြာယားယံခြင်းတို့ အတွက်လည်းအသုံးပြုနိုင်ပါတယ်။ Cetirizine ဆေးကို ဟိုက်ဒရိုဇင်နဲ့ ပေါင်းစပ်ထားတာကြောင့် ဟိုက်ဒိုကလိုရိုက် မတည့်သောသူ နဲ့ ထိခိုက်လွယ်သော (ဆေးဒဏ်မခံနိုင်သော) သူတွေ မသောက်သုံးသင့်ပါဘူး။ Cetirizine ဆေးဟာ အနည်းငယ် ငိုက်စေတဲ့ အတွက် ကျောက်ကပ်နဲ့ ပက်သက်ပြီး ပြဿနာရှိတဲ့သူ နဲ့ ကားမောင်းတဲ့ သူတွေ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ သောက်သုံးတဲ့ အချိန် သတိနဲ့ သောက်သုံးရမှာ ဖြစ်ပါတယ်။

နို့တိုက်မိခင်တွေ အနေနဲ့ Cetirizine ဆေးကို မတည့်သောဆေးဖြစ်နေနိုင်တာမို့ ဆရာဝန်ညွှန်ကြားထားတဲ့ အတိုင်းသောက်သုံးရမှာလည်းဖြစ်ပါတယ်။ Cetirizine ဆေးကို သက်မှတ်ထားတာထက် ပိုသောက်မိရင် ခန္ဓာကိုယ်အလေးချိန်လျော့ကျခြင်း ၊ ကိုယ်ခန္ဓာလေးလံခြင်းတွေ ၊ ခေါင်းကိုက်ခြင်း ၊ မူးဝေးခြင်း ၊ အာခေါင်ခြောက်သွေ့ခြင်း ၊ စိတ်ဂယောက်ဂယက် ဖြစ်ခြင်း
စတာတွေကို ဖြစ်စေနိုင်ပါတယ်။ Cetirizine ဆေးကို သောက်သုံးမယ်ဆိုရင် နို့စို့ ကလေးနေ ၆ နှစ်အရွယ်အထိ ဆေးကို တစ်ရက်ကို တစ်လုံး ၊ တစ်ခါတိုက်တစ်ခြမ်းအထိသာ တိုက်ရမှာဖြစ်ပါတယ်။ ကလေးငယ်တွေကို Cetirizine ဆေးတိုက်ကျွေးတဲ့ အခါ မိဘတိုင်း ဂရုတစိုက် နဲ့ တိုက်ကျွေးရမှာဖြစ်တဲ့အပြင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ တိုက်ရမှာ ဖြစ်ပါတယ်။

writting by : A.win

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:မမှည့်သေးတဲ့ ငှက်ပျော်သီးကို စားရဲလား

မမှည့်သေးတဲ့ ငှက်ပျော်သီးကို စားရဲလား

Read times Last modified on Thursday, 05 July 2018 08:59
Rate this item
(1 Vote)