What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Friday, 13 July 2018 15:12
အစာချေစနစ်ကောင်းမွန်ဖို့ စားသင့်တဲ့ အစားအစာများ
အစာချေစနစ်ကောင်းမွန်ဖို့ စားသင့်တဲ့ အစားအစာများ Google.com
အစာချေစနစ်ကောင်းမွန်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ 
သက်ရှည်ကျန်းမာနုပျိုဖို့ ကောင်းမွန်တဲ့ အစာချေစနစ် လိုအပ်တာကြောင့် ဘာတွေစားသောက်သင့်သလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။
Green Tea
Green Tea မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ အန်တီအောက်ဆီးဒင့်ဓာတ် ပါဝင်ပါတယ်။ ထိုဓာတ်ဟာ ၂၄နာရီအတွင်း ကိုယ်တွင်းမှာ အားအင်ဖြစ်ပေါ်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။
ပဲအမျိုးမျိုး
ကုန်ကျစားရိတ် သက်သာစွာနဲ့ အစာချေစနစ် တိုးတက်အောင် ပြုလုပ်ချင်ရင်တော့ ပဲတွေကို စားသုံးပေးသင့်ပါတယ်။ ပဲတွေမှာ ကိုလက်စထရောကို လျော့ကျစေတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
ကော်ဖီ
ကော်ဖီနဲ့ အခြားသော ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေဟာ ဇီဝတွင်းဖြစ်စဉ်တွေနဲ့ အစာချေစနစ်ကို လှုံ့ဆော်ပေးနိုင် ပါတယ်။ ကော်ဖီကို နည်းနည်းချင်းစီ သောက်ပေးခြင်းအားဖြင့် ပင်မအာရုံကြောစနစ်ကို လှုံ့ဆော်မှုပေးပြီး အစာချေစနစ်ကို တိုးတက်စေနိုင်ပါတယ်။
သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ
သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ ခွန်အားဖြစ်စေဖို့ အထောက်အကူပေးပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာ တွေကတော့ ခရု၊ ဂုံး၊ ပဲနီလေး၊ ဖရုံစေ့၊ အမဲသားနဲ့ သိုးသားတို့ပဲ ဖြစ်ပါတယ်။
ရေ
ရေများများမသောက်ဘဲနဲ့ နေ့စဉ်စားသောက်သမျှ အစားအစာတွေထဲက အာဟာရဓာတ်တွေကို မစုပ်ယူနိုင်ပါဘူး။ ရေများျများသောက်ခြင်းနဲ့ အရည်ရွှမ်းတဲ့ အစားအစာတွေကို ပြည့်ဝစွာ စားသုံးပေးခြင်းအားဖြင့် အချိန်ကြာကြာ ဗိုက်ပြည့် စေနိုင်ပါတယ်။
ငရုတ်သီး
ငရုတ်သီးဟာ အစာချေစနစ်ကို ကောင်းမွန်စေရုံသာမဟုတ်ဘဲ ဗိုက်မှာစုနေတဲ့အဆီတွေကို လျော့ကျစေဖို့ ကူညီပေးပြီး အစာစားချင်စိတ်ကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အစပ်နည်းနည်းပါခြင်းက ထမင်းမြိန်စေပါတယ်။
နံနက်စာ
နံနက်စာမစားပါက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို ပြည့်မီအောင် ရရှိနိုင်မှာမဟုတ်ဘဲ တစ်နေကုန် ဗိုက်ဆာတဲ့ ခံစားချက်ကိုပဲ ဆက်တိုက်ခံစားရနိုင်ပါတယ်။ နံနက်စာစားသုံးရာမှာ ပရိုတင်းပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဥ၊ ဘဲဥ၊ နို့နဲ့ အခွံမာသီးတွေ ထည့်သွင်းစားသုံးပါ။
ပရိုတိန်းပါဝင်တဲ့ အစားအစာများ
ပရိုတိန်းဓာတ်ဟာ ခန္ဓာကိုယ်အတွက် တစ်သျှူးတည်ဆောက်ပေးတဲ့ အဓိကအာဟာရတစ်မျိုး ဖြစ်ပါတယ်။ ငါး၊ အဆီမပါတဲ့ အသားများ၊ ဥနဲ့ အသီးအရွက်တွေက ရရှိတဲ့ ပရိုတိန်းဓာတ်တွေဟာ စားသုံးပြီး နာရီပေါင်းများစွာ ကြာမြင့်တဲ့ အထိ ခန္ဓာကိုယ်အတွက် လှုံ့ဆော်မှုတွေ ဖြစ်ပေါ်စေပါတယ်။
မဂ္ဂနီဆီယမ်
အစာချေအားကောင်းမွန်ဖို့အတွက်ဆိုရင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။ ဟင်းနုနွယ်လိုမျိုး အစိမ်းရောင်ရှိတဲ့ အရွက်တွေကို စားပေးခြင်းအားဖြင့် လုံလောက်တဲ့ မဂ္ဂနီဆီယမ်ပမာဏကို ရရှိပါလိမ့်မယ်။
source:mingarlarbarmorning
Read:အျဖစ္မ်ားလာတဲ့ ကေလးဆီးခ်ိဳ
အျဖစ္မ်ားလာတဲ့ ကေလးဆီးခ်ိဳ
[Zawgyi}
======
Green Tea
ပဲအမျိုးမျိုး
ကော်ဖီ
ရေ
ငရုတ်သီး
နံနက်စာ
မဂ္ဂနီဆီယမ်
Read times Last modified on Friday, 03 January 2020 14:49
Rate this item
(0 votes)