What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 July 2018 16:15

ရေတွင် သံပုရာသီးထည့်သောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ

ရေတွင် သံပုရာသီးထည့်သောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ Google.com

မနက်ခင်း၊ နေ့လယ်၊ ညတို့တွင် ကျွနိုပ်တို့က လက်ဖက်ရည်၊ ကော်ဖီ သောက်လေ့ရှိကြပါတယ်။

ဒါပေမဲ့ ရေသောက်ဖို့မေ့နေတတ်ကြပါတယ်။ ရေသောက်ခြင်းက အရမ်းအရေးကြီးပါတယ်။ ရေသောက်တဲ့အခါ ရေတွင် သံပုရာသီးစိပ်ကို ထည့်သောက်မယ်ဆိုရင် ပိုပြီး ကောင်းမွန်ပါတယ်။ ဒါကြောင့် ရေတွင် သံပုရာသီး ထည့်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

အသားအရေထိန်းသိမ်းခြင်း

Image result for beautiful girl
များစွာသော အလှကုန်ပစ္စည်းများက အသားအရေကောင်းမွန်စေပေမဲ့ အကုန်အကျများပါတယ်။ အသားအရေ ကောင်းမွန်စေဖို့အတွက် ရေတွင် သံပုရာသီးထည့်သောက်ကြည့်ပါ။ ဒါအပြင့် အသက်အရွယ်အိုမင်းရင့်ရော်ခြင်း၊ မဲခြောက်များနှင့် မျက်ကွင်းညိုခြင်းများကို လျှော့ချပေးနိုင်ပါတယ်။

အစာအိမ်ပြဿနာများကို ဖြေရှင်းပေးခြင်း

Image result for stromach
ဝမ်းပြဿနာက လူတော်တော်များ ဖြစ်လေ့ရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ရေနှင့် သံပုရာသီးက ဝမ်းပြဿနာများအတွက် အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါတယ်။ သံပုရာရည်ကလဲ သွေးကို သန့်စင်စေပြီး အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်းတို့ကို လျှော့နည်းပါတယ်။ ခန္ဓာကိုယ်အတွင်းမှ အဆိပ်ဖြစ်စေတဲ့အရာများကို ဖယ်ရှားပေးနိုင်ပါတယ်။

သွေးဖိအားကောင်းခြင်း

Related image
သံပုရာသီးက သွေးဖိအားကို ထိန်းချုပ်ထားတဲ့ ပိုတတ်စီယံပါဝင်ပြီး မအီမသာဖြစ်ခြင်း နှင့် မူးဝေခြင်းများကို လျော့နည်းစေပါတယ်။

စိတ်ကြည်လင်လန်းဆန်းခြင်း

Related image
သံပုရာရည်က သင့်စိတ်ကိုလဲ ကြည်လင်စေပြီး စိတ်ဓာတ်ကျခြင်း နှင့် စိတ်ဖိစီးခြင်းတို့မှ ဖြေလျော့စေပါတယ်။

ပန်းနာရင်ကျပ်ပြဿနာ

Image result for heart pain

သံပုရာရည်က ချွဲသလိပ်ဖြစ်ခြင်းကို လျော့နည်းစေနိုင်ပြီး အသက်ရှုဝစေပြီး ပန်းနာရင်ကျပ်ရောဂါခံစားနေရတဲ့သူများကို အကူအညီဖြစ်စေပါတယ်။

source:mingalarbarmorning

Read:ပန်ကာနှင့်အိပ်စက်ခြင်း အန္တရာယ်

ပန်ကာနှင့်အိပ်စက်ခြင်း အန္တရာယ်

Read times Last modified on Wednesday, 25 July 2018 16:44
Rate this item
(3 votes)