What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 February 2017 16:55

နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူးများ Google.com

၁. အသားရည်ကို စိုပြေလှပစေပါတယ်။

နွားနို့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အသားအရည်ကို စိုပြေလှပစေပြီးတော့ နေ့တိုင်း နွားနို့တစ်ခွက်သောက်ပေးခြင်းဟာ သင်အသားအရေကို စိုပြေ သန်ရှင်းစေပါတယ်။

၂. စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

နွားနို့နွေးနွေးလေးတစ်ခွက်ကို သောက်သုံးပေးခြင်းဟာ သင်ရဲ့ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး သင့်ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်။

၃. အရိုးနဲ့ သွားများကို သန်စွမ်းစေတယ်။

နို့ဟာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပြီးတော့ ကယ်ဆီယမ်ဟာ အရိုးကြီးထွားခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး သွားများကိုလည်း ကြံ့ခိုင်သန်စွမ်းစေပါတယ်။
အရိုးပွရောဂါကိုလည်း ကာကွယ်ပေးတဲ့နွားနို့ကို အရပ်ရှည်ချင်တဲ့ လူငယ်လူရွယ်များလည်း သောက်သုံးသင့်ပါတယ်။

၎. ဗီတာမင် ဒီ    

နေရောင်ခြည် လှုံ့ပေးခြင်းဖြင့် ဗီတာမင်ဒီကို ရရှိနိုင်သလို နွားနို့မှာလည်း ဗီတာမင်ဒီ ပါဝင်ပြီး ဗီတာမင်ဒီဟာ ကယ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူခြင်းကို အားပေးပါတယ်။

၅. ကြွက်သားတွေကို သန်မာစေတယ်။

အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ နို့တစ်ခွက်လောက်သောက်သုံးပေးရင် ကြွက်သားကြီးထွားခြင်းကို အားပေးပြီးတော့ ခန္ဓာကိုယ် ကကုန်ဆုံးသွားတဲ့ အာဟာရတွေကိုလည်း ပြန်လည် ဖြည့်တင်းပေးပါတယ်။

Credit: Lumos (Shwemom)

Read times Last modified on Thursday, 16 February 2017 17:19
Rate this item
(0 votes)