What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 August 2018 13:21

Compound Miconazole Nitrate Cream လိမ်းဆေးအကြောင်း သိထားပြီးပြီလာ

Compound Miconazole Nitrate Cream လိမ်းဆေးအကြောင်း သိထားပြီးပြီလာ Oragnial

compound miconazole nitrate cream ကို မြန်မာနိုင်ငံမှာ လူသုံးများတဲ့ လိမ်းဆေး ခရင်မ်တစ်မျိုး ဖြစ်ပါတယ်။

၎င်း compound miconazole nitrate cream ကို လူအများစုက compound ကို အစွဲပြုပြီး ကွန်ပေါင်းခရင်မ် လို့လည်း ခေါ်ကြပါတယ်။ ၎င်းကွန်းပေါင်ဆေးဟာဆိုရင် အဖြူရောင်ဘူးရှည် အမျိုးအစားဖြစ်ပါတယ်။ ဆေး၏အမျိုးအစားကတော့ ခရင်မ်အဖြူ ဖြစ်ပါတယ်။

တကယ်တော့ အရေပြား ယားယံခြင်းဟာ ပတ်ဝန်းကျင်မှာ တွေ့လေ့တွေ့ထ ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါတယ်။ တခါတရံ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်တွေ အထိမခံနိုင်အောင် ဖြစ်စေတဲ့အထိ ယားယံ ခြင်းမျိုးကို ခံစားရတတ်တယ်။ အာရုံကြောငယ် အထိမခံ ဖြစ်လာရင် နာလာတယ်။ ယားယံတာ ကလည်း တစ်နေရာတည်းမှာ ဖြစ်တယ်။

ဒါ့အပြင် ဝဲ၊ ယားနာများ ပေါက်လို့ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တတ်တယ်။ ခြေချောင်းများ အကြား၊ လက်ဖဝါး၊ ခြေဖဝါးများ အကြား၊ တံတောင်ဆစ်၊ ပေါင်ခြံတစ်ဝိုက် တွေမှာ ယားယံ တတ်တယ်။ ယားယံတဲ့ အရေကြည်ဖုစဖြစ်ပြီး အရည်ကြည်ဖုကွဲပြီး ထိလိုက်လျှင် နာကျင်တဲ့ အနာဖြစ်လာတဲ့ အထိ ဖြစ်စေတတ်ပါတယ်။ ယားယံခြင်းတို့အတွက် အသုံးပြုလို့ ရတဲ့ ကွန်ပေါင်း ဆေးအကြောင်းကို တင်ပြပေးပါထားပါတယ်။

Compound Miconazole Nitrate cream

ကွန်ပေါင်း လိမ်ဆေးဟာဆိုရင် အရေပြာနီ၍ ရောင်အန်နာကျင်ခြင်း ၊ နှင်းခူးနာ ၊ ဝဲ၊ ယားနာများ၊ ရောဂါပိုးအမျိုးမျိုးကြောင့် မှိုဆွဲခြင်း ၊ အရေပြားတွင် အနာဖြစ်ခြင်း ၊ မှိုကြောင့် ယားနာ ၊ ရောဂါပိုးကြောင့် အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်း ၊ ခြေထောက်နှင့်ပတ်သက်ပြီး ဖြစ်သော ယားယံခြင်းအမျိုးမျိုး ၊ တခါတရံ ရောဂါပိုးကြောင့် ခန္ဓာကိုယ်အနှံ့ ပျံ့၍ ယားယံခြင်းများ ၊ မကြာခဏ ယားယံခြင်း စတဲ့ ယားယံခြင်း အမျိုးအမျိုးတို့ အတွက် အသုံးပြူနိုင်တဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။

ဒါပြင် ခန္ဓာကိုယ်အနှံ့အပြားတွင် မှိုကဲ့သို့ ကူးစက်ပျံ့နှံ့ပြီး ဖြစ်တက်သော ယားယံခြင်းတို့ အတွက်လဲ အသုံးပြုနိုင်ပါတယ်။ ကွန်ပေါင်းလိမ်းဆေးကို ယားယံတဲ့ နေရာတွေမှာဘဲ လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းကွန်ပေါင် လိမ်းဆေး မှိုရောဂါတွေအတွက်အသုံးပြုတဲ့ ပိုးသတ်ဆေးတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။

ကွန်ပေါင်းခရင်မ်ကို တနေ့ ၂ ကြိမ် မှ ၃ ကြိမ် အထိလိမ်းနိုင်ပါတယ်။ ၎င်းလိမ်ဆေးခရင်မ်ကို လိုတာထက်ပိုသုံးရင် မလိုလားအပ်တဲ့ တန်ပြန် တုံပြန်ချက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဓာတ်များ ပြောင်းလဲစေတာကြောင့် ယားယံခြင်းအတွက် အသုံးပြုတဲ့ သောက်ဆေးတွေရဲ့ ဆေးအာနိသင်တွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကတော့ အထူးဂရုစိုက်သင်တဲ့ အချက် ဖြစ်ပါတယ်။

၎င်းကွန်ပေါင်း ခရင်မ်ကို ခန္ဓာကိုယ်အပြင်ဘက်တွင် လိမ်းရတဲ့ဆေး ဖြစ်ပါတယ်။ ပါးစပ်အတွင်း ၊ မျက်လုံးအတွင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ကွန်ပေါင်း ခရင်မ် လိမ်းဆေးကို ကလေးငယ်တွေနဲ့ ဝေးဝေးထားဖို့ လိုအပ်ပါတယ်။ ကွန်ပေါင်းလိမ်းဆေး ခရင်မ်ကို ဆရာဝန်များနဲ့လည်း တိုင်ပင်ပြီးမှာ အသုံးပြုဖို့လဲ လိုအပ်ပါတယ်။

writting by:A.win(Healthproductsdirectory)

Read:အန္တရာယ်ရှိနိုင်တဲ့ ရေမပါပဲ ဆေးမြိုချခြင်း

အန္တရာယ်ရှိနိုင်တဲ့ ရေမပါပဲ ဆေးမြိုချခြင်း

 

 

 

Read times Last modified on Friday, 17 August 2018 13:30
Rate this item
(1 Vote)