What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 February 2019 14:39

Capsule ဆေး အခွံကို ပြုလုပ်တဲ့ ဂျလာတင်း ( Gelatine ) အကြောင်း

မိမိတို့နေ့စဉ်သောက်နေကြသော ဆေးတောင့် အမာအပျော့ Medicine Capsules များကို ဂျလာတင်း Gelatine သုံး၍ ပြုလုပ်ရပါတယ်။ 

 

ဥရောပနိုင်ငံရှိ ဂျလာတင်း gelatine ထုတ်လုပ်သူတို့၏အဆိုအရ ဆိုလျှင် ၈၀ % ကို ဝက်သားရေ ၊ ၁၅ % ကို နွားသားရေ နှင့် ကျန် ၅ % ကို ဝက် နှင့်နွားတို့၏ အရိုးတို့မှ ထုတ်ယူပြီး တရုတ်နိုင်ငံ ၊ ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများမှ အများဆုံး ထုတ်လုပ်ကြပါတယ်။ ဥရောပနိုင်ငံရှိ အချို့သော ဂျလာတင်း ထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာစေရန်အတွက် သားရေ နှင့် အရိုးများ အစာ သားသတ်ရုံမှ ဘေးထွက်ပစ္စည်းများ ဖြစ်တဲ့ အရိုး ၊ အရေပြား ၊ ဦးချို စတာတွေကနေ ထုတ်လုပ်တယ်လို့လည်း သိရပါတယ်။ 

 

ကမ္ဘာ့ဂျလာတင်း gelatine ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် ၃၃ဝ,ဝဝဝ မက်ထရစ်တန် (330,000 Metric tons) ရှိပါတယ်။ Capsules ဆေးတွေကို သားရေ နှင့် အရိုးတွေက ထုတ်လုပ်ဆိုရင် ဂျလာတင်း ဆိုတာက ဘာကို ပြောတာလည်း လွယ်လွယ်နဲ့ သဘောမပေါက်နိုင်ပါဘူး။

 

 

ဂျလာတင်း(GELATINE) ဆိုသည်မှာ အဘယ်အရာနည်း။

GELATINE ဆိုသည်မှာ တိရစ္ဆာန်၏သားရေနှင့် အရိုးတို့မှ ထုတ်ယူရရှိသော စားသောက်ဖွယ် အသားဓာတ်တစ်မျိုး (Good Protein) ဖြစ်ပါတယ်။ GELATINE ၏ ထူးခြားချက်မှာ ယင်းသည် နိမ့်သောအပူချိန်တွင် ရေတွင် ပျော်ဝင်ပြီး၊ အခဲဘဝမှ အရည်ဘဝသို့ အပူရှိန်အနည်းငယ်မျှ ရရုံဖြင့် ပြောင်းလဲ နိုင်ပါတယ်။


လူ၏ကိုယ်ခန္ဓာ၏ အပူချိန်ထက်နိမ့်သော အပူရှိန်တွင်လည်း ပျော်ဝင်နိုင်သဖြင့် GELATINE ကို ပါးစပ်တွင်ထည့်ရုံဖြင့်လည်း ပျော်သွားပြီး အလွန်ထူးကဲသောအရသာကို ရရှိစေပါတယ်။ GELATINE ကို ထုတ်လုပ်သော အဓိကကုန်းကြမ်းပစ္စည်းများမှာ သားရေ နှင့်အရိုးတို့ဖြစ်ပါတယ်။ အရိုးမှထုတ်လုပ်ခြင်း- အရိုးမှ ထုတ်လုပ်ရာတွင် အရိုးကို ကြိတ်ခွဲ၍ ဟိုက်ဒရိုကလိုရစ်အက်ဆစ်အပျော့တွင် စိမ်ထားခြင်းအားဖြင့် အရိုးအတွင်းရှိ ကယ်လ်ဆီယမ်ကာဗွန်နိတ်နှင့်ဖော့စဖိတ်တို့ကို ပျော်ဝင်စေပါတယ်။


အကြွင်းအကျန်အဖြစ်ရရှိသော ပရိုတင်းအသားတတ်မေထရပ် Residual Protein Matrix (Collagen I) ကို ရေထဲသို့ထည့်၍ အပူပေးခြင်း၊ စစ်ထုတ်ခြင်း၊ လက်ကျန်အရည်မှ အညစ်အကြေးများကို ဓာတုနည်းများဖြင့်သန့် စေစင်ပြီး နောက် ရရှိသောပြစ်ချွဲရည်ကို ခဲခြင်း ၊ အခြောက်ခံခြင်းတို့ကို ပြုလုပ်ပါတယ်။ နောက်ဆုံးတွင်ရရှိသော (Gelatine) အခဲများကို အမှုန့်ကြိတ်ခြင်းဖြင့် စားသုံးရန် အသင့်ဖြစ်စေပါတယ်။

 

 

 

သားရေမှထုတ်လုပ်ခြင်း- ငယ်ရွယ်သော သားကောင်များ ၏သားရေကို pH4 ဖြစ်စေရန် အက်စစ်ထည့်၍ အက်စစ်ဒီဇိုင်းဒ်၌ acidified ပြုလုပ်ပြီး ရေနွေးတွင် ကော်လဂျင် collagen များကိုပျော်ဝင်စေရာမှ (Gelatine) ကို ထုတ်ယူပါရပါတယ်။
သက်ကြီးရွယ်အိုသားကောင်များ၏သားရေကို အယ်လ်ကလီ Alkaline ဖြင့် အမွေးအမှင်များကို ဖယ်ရှားပြီး ရရှိသော သားရေကို pH4 ဖြစ်စေရန် အက်စစ်ထည့်၍ အက်စစ်ဒီဇိုင်းဒ် acdified ပြုလုပ်ပြီး ရေနွေးတွင်ကော်လဂျင် Collagen များကို ပျော်ဝင်စေခြင်း ၊ သန့်စင်ခြင်း စသည့်အဆင့်များကို ဖြတ်သန်း ရာမှ Gelatine ကိုထုတ်ယူရရှိပါတယ်။

 

ဒါပြင် အသားဓာတ်ကြွယ်ဝတဲ့ အသား ၊ ငါး ၊ နွားနို့ ၊ ဥ နှင့် ချီစ် တို့ကို စားသောက်ခြင်းဖြစ် Gelatine ဓာတ်ကိုလည်း ရရှိနိုင်ပါတယ်။  

Gelatine ကိုအစားအသောက်ထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာအသုံးပြု ကြကြောင်း တွေ့ရပါတယ်။ ဥပမာ-အချို ပစ္စည်းများ ၊ ရေခဲမုန့် ၊ ကော်ဖီ ၊ စွပ်ပြုတ်အမှုန့် ၊ marshmallow ဆိုသည့်အချိုမုန့် ၊ ကလေးများစားကြသည့် ဂျယ်လီများ ၊ စည်သွပ်ဗူး ၊ ဒိန်ချဉ်ဗူးများ ၊ သောက်ဆေးဝါးတောင့်များ (အမား ၊ အပျော့)၊ အစရှိသည်တို့ကို ထုပ်လုပ်ရာတွင် ကျယ်ပြန့်စွာသုံးလေ့ရှိကြပါတယ်။ 

Ref: Mohamad Rteyr B.Sc(Chem)

Health Products Directory

 

Read: ကျန်းမာရေး ကောင်းကျိုး များစွာရှိတဲ့ အောင်မဲညိုပန်းအကြောင်း

ကျန်းမာရေး ကောင်းကျိုး များစွာရှိတဲ့ အောင်မဲညိုပန်းအကြောင်း

Read times Last modified on Wednesday, 27 February 2019 13:57
Rate this item
(3 votes)